မိုင်းလင်းဆရာတော် ယနေ့ပျံလွန်တော်မူ

ရှမ်းပြည်နယ်အရှေ့ပိုင်း၌ ထင်ရှားကျော်ကြားသည့် မိုင်းလင်းဆရာတော် ယနေ့ပျံလွန်တော်မူ
……………………………………………………………….
နေပြည်တော်၊ သြဂုတ် ၂၆

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ထင်ရှားကျော်ကြားသည့် မိုင်းလင်းဆရာတော် ဘဒ္ဒန္တဝိမလသည် ယနေ့ မနက် ၁၁ နာရီကျော်တွင်ပျံလွန်တော်မူသွားကြောင်းသူ၏တပ

ည့်ဖြစ်သူတစ်ဦးထံ သိရသည်။

မိုင်းလင်းဆရာတော်သည် မိုင်းယောင်းမြို့နယ် ဓမ္မဂမ္ဘီရသာသနာ့ စွမ်ဟိန်းလှိုင်ဂူတော်ကြီးအတွင်း၌ တရားအားထုတ်နေရာမှ နေထိုင်မကောင်းသည့်အတွက်သြဂတ်လ (၂၄) ရက်နေ့တွင် ကျိုင်းတုံမြို့ရှိ စစ်ဆေးရုံတွင် ဆေးဝါးကုသခံနေရာမှယနေ့တွင် ပျံလွန်တော်မူသွားခြင်း ဖြစ်သည်။

မိုင်းလင်းဆရာတော်သည် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဂ္ဂမဟာဘရာဇာခူး၊ မဟာမင်္ဂလသဒ္ဓမ္မ ဘွဲ့ တံဆိပ်တော်ရဆရာတော်တစ်ပါးလည်း ဖြစ်သည်။ ဆရာတော်ကြီးရဲ့ တကာ တကာမ သိစေရန် တင်ပြလိုက်ရပါသည်

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဘရာဇာခူး၊ မဟာမင်္ဂလ သဒ္ဓမ္မ ဘွဲ့တံဆိပ်တော်ရကျေးဇူးတော်ရှင် မိုင်းလင်းဆရာတော် ဘဒ္ဒန္တဝိမလသည် ယနေ့နေ့ခင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားပါပြီ ဆရာတော်အားရှိခိုးကန်တောါလိုက်ပါ၏သာသနာ့တော်၏ကြယ်ပွင့်ပမာဖြစ်သောရှမ်းပြည်နယ် အရှေ့ပိုင်းကျေးဇူးတော်ရှင် မိုင်းလင်းဆရာတော်ဘုရားယနေ့ မနက်11 နာရီကျော်တွင် ခန္ဓာဝန်ချတော်မူလေပြီသာသနာတော်အတွက် ကြီးမားသောဆုံးရူံးမှူရွှေတောင်ငွေတောင်ပြိုသကဲ့သို့ တပည့်တော်တို့ရှူံဆုံးရပြန်ပြ်ီဘုရားတပည့်တော်တို့မှ ဆရာတော်ဘုရားအပေါ်၌ကာယကံ ဝဇီကံ မနောကံဖြင့်ပြစ်မားခဲ့သည်ရှိသော် လက်စုံမိုး၍ ကန်တော့ပါသည်ဘုရား🙏🙏🙏

crd–

Add a Comment

Your email address will not be published. Required fields are marked *