မိုးထဲလေထဲ မင်းတပ် CDFတိုက်ပွဲ
=========
မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့ ၃ ရက်မြောက်နေ့တွင် တိုက်ပွဲ ပိုပြင်းထန်
=========
ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်များနှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်တို့
တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ သုံးရက်မြောက်နေ့တွင် တိုက်ပွဲများ
ပို၍ ပြင်းထန်နေကြောင်း နီးစပ်သူထံက သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းနေပြီး ၊ မြူအုံဆိုင်းကာ ရာသီဥတုဆိုးဝါးနေသည့်
အခြေအနေမျိုးတွင်ပင် နှစ်ဖက်ပစ်ခတ်သံများ အဆက်မပြတ်ကြားနေရခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ဝဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိခဲ့ကာ
မင်းတပ်CDFဖက်တွင် ကျဆုံးမှုမရှိခဲ့ကြောင်း ၎င်းတို့ထံကသိရသည်။
ယနေ့တွင် စစ်ကောင်စီတပ်များက လက်နက်ကြီး ပစ်ကူများဖြင့် အဆက်မပြတ်ပစ်ခတ်ပြီး
နေရာနှစ်ခုတွင် စစ်မျက်နှာဖွင့်ကာ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်များကို
ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
source-mizzima