မုံရြာၿမိဳ႕ ဗိုလ္ခ်ဳပ္ျမင္းစီးေၾကး႐ုပ္အနီး ဆိုင္ကယ္စီးလာတဲ့ လူ ၂ ဦးကို စစ္ေကာင္စီတပ္သားေတြက

စစ္ကိုင္းတိုင္း မုံရြာၿမိဳ႕ ဗိုလ္ခ်ဳပ္ျမင္းစီးေၾကး႐ုပ္အနီး ဆိုင္ကယ္စီးလာတဲ့ လူ ၂ ဦးကို စစ္ေကာင္စီတပ္သားေတြက ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆုံးခဲ့ပါတယ္။

စက္တင္ဘာလ ၃ ရက္ ညပိုင္း ၇ နာရီေလာက္မွာ စစ္ေဆးဖို႔ ေခၚတာ မရပ္ေပးတာေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္သားေတြက ပစ္ခတ္ခဲ့တာျဖစ္ၿပီး ကိုသန္းနိုင္စိုး နဲ႔ ကိုလမင္းတို႔ ေသဆုံးသြားတယ္လို႔ မုံရြာၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“ဗိုလ္ခ်ဳပ္ ျမင္းစီး႐ုပ္နားက ေသနတ္သံ ႏွစ္ခ်က္ၾကားလိုက္တယ္။ ဘယ္လိုအေၾကာင္းနဲ႔ ပစ္တယ္ဆိုတာေတာ့ မသိရဘူး။ အဲဒီနားမွာ လုံျခဳံေရးခ်ထားတာေတြ အျမဲရွိတယ္။ ပစ္ခံရတဲ့ ႏွစ္ေယာက္က ေသသြားတယ္ၾကားတယ္။”

မုံရြာၿမိဳ႕ လူမႈကယ္ဆယ္ေရးအသင္းတခုက ပစ္ခံရတဲ့ ျပည္သူ ၂ ဦးကို သြားေရာက္သယ္ေဆာင္ၿပီး ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။crd-

——–

စစ်ကိုင်းတိုင်း မုံရွာမြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အနီး ဆိုင်ကယ်စီးလာတဲ့ လူ ၂ ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

စက်တင်ဘာလ ၃ ရက် ညပိုင်း ၇ နာရီလောက်မှာ စစ်ဆေးဖို့ ခေါ်တာ မရပ်ပေးတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး ကိုသန်းနိုင်စိုး နဲ့ ကိုလမင်းတို့ သေဆုံးသွားတယ်လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

“ဗိုလ်ချုပ် မြင်းစီးရုပ်နားက သေနတ်သံ နှစ်ချက်ကြားလိုက်တယ်။ ဘယ်လိုအကြောင်းနဲ့ ပစ်တယ်ဆိုတာတော့ မသိရဘူး။ အဲဒီနားမှာ လုံခြုံရေးချထားတာတွေ အမြဲရှိတယ်။ ပစ်ခံရတဲ့ နှစ်ယောက်က သေသွားတယ်ကြားတယ်။”

မုံရွာမြို့ လူမှုကယ်ဆယ်ရေးအသင်းတခုက ပစ်ခံရတဲ့ ပြည်သူ ၂ ဦးကို သွားရောက်သယ်ဆောင်ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။crd-

 

Add a Comment

Your email address will not be published. Required fields are marked *