မသိရသေးပါဘူး။
မုံရွာ-ယာကြီးလမ်းပေါ်က တိုးဂိတ် မီးရှို့ဖျက်ဆီးခံရပြီး မန်နေဂျာဆိုသူလည်း အသတ်ခံရ
မျက်မှောက်ခေတ်၊ သြဂုတ် ၂၃
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်း၊ ယင်းမာပင်မြို့နယ်က မုံရွာ-ယာကြီး-ကလေးဝ
လမ်းပေါ်ရှိတိုးဂိတ်တခု ဩဂုတ်လ ၂၂ ရက်နေ့ ညပိုင်းက မီးရှို့ခံခဲ့ပါတယ်။
မီးလောင်မှုကြောင့် တိုးဂိတ်တဲ့အပါအဝင် ဝန်ထမ်းတွေနေတဲ့အဆောက်အဦးလည်း
မီးလောင်ဆုံးရှုံးခဲ့သလို
မန်နေဂျာဆိုသူလည်း အသတ်ခံခဲ့ရပြီး ဘယ်အဖွဲ့က လုပ်တယ်၊ ဘာကြောင့် လုပ်တယ်ဆိုတာတော့
မသိရသေးပါဘူး။
အဆိုပါတိုးဂိတ်က စစ်ကောင်စီတပ်တွေ၊ သတင်းပေးဒလန်တွေ စတည်းချရာနေရာဖြစ်တယ်လို့လည်း
ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ အသေးစိပ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏မဟာမိတ် ဖြစ်သည်)