မေကြးတိုင္း သုံးေနရာတြင္ ဗိႆနိုး PDF က ဗုံးျဖင့္ တိုက္ခိုက္

မေကြးတိုင္းေဒသႀကီး ေတာင္တြင္းႀကီးၿမိဳ႕နယ္ နဲ႔ နတ္ေမာက္ၿမိဳ႕နယ္တို႔မွာ စက္တင္ဘာ ၇ ရက္ မနက္ပိုင္းက ေနရာသုံးေနရာ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံဆီက သိရပါတယ္။

ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ အမွတ္ ၁၀၃ ေျချမန္တပ္ရင္းမွာ စက္တင္ဘာ ၇ ရက္ မနက္ ၄ နာရီ ၃၀ မိနစ္က ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ပါတယ္။

ဒါအျပင္ နတ္ေမာက္ၿမိဳ႕နယ္ ျမန္မာ့စီပြားေရးဘဏ္အနီး အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ လုံျခဳံေရးယူထားတဲ့ေနရာမွာ မနက္ ၄ နာရီ ၃ မိနစ္က ဗုံးႏွစ္လုံး ေပါက္ကြဲခဲ့ၿပီး ကုလားရွင္ေက်းရြာမွာလည္း စစ္ေကာင္စီရဲ့ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးအိမ္မွာ မနက္ ၅ နာရီခြဲေလာက္က ဗုံးေပါက္ကြဲခဲ့ပါတယ္။

ဗုံးေဖာက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရမႈ အေျခအေနကို အတိအက်မသိရေသးဘဲ ဒီဗြီဘီက စုံစမ္းေမးျမန္းေနဆဲ ျဖစ္ပါတယ္။

ေတာင္တြင္းႀကီးၿမိဳ႕နယ္ နဲ႔ နတ္ေမာက္ၿမိဳ႕နယ္တို႔မွာ ဗုံးတိုက္ခိုက္တာေတြကို ဗိႆနိုးနယ္ေၿမ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္က လုပ္ေဆာင္ခဲ့တာလို႔ ထုတ္ျပန္ထားပါတယ္။

နတ္ေမာက္ၿမိဳ႕နယ္အတြင္း ေနထိုင္လ်က္ရွိတဲ့ အၾကမ္းဖက္စစ္ေကာင္စီ၏ လက္ပါးေစမ်ား၊ သတင္းေပး ဒလန္မ်ားႏွင့္ ျပည္သူလူထုႏွင့္ ရပ္တည္မႈမရွိဘဲ အၾကမ္းဖက္စစ္ေကာင္စီအလိုက် ျပည္သူ လူထုအား ၿခိမ္းေျခာက္ျခင္း၊ ဖမ္းဆီးႏွိပ္စက္ျခင္းမ်ား ေဆာင္ရြက္ေနသည့္ စစ္တပ္ႏွင့္ ရဲဝန္ထမ္းတို႔အပါအဝင္ CDM ေဆာင္ရြက္ျခင္းမရွိေသာ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား၊ အသက္၊ အိုးအိမ္၊ စည္းစိမ္တို႔အား လုံးဝ (လုံးဝ) တာဝန္ယူမည္မဟုတ္ေၾကာင္း သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

ဗိႆနိုးနယ္ေၿမ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ဟာ ၿပီးခဲ့တဲ့လပိုင္းက မေကြးေလတပ္ တိုက္ခိုက္မႈ၊ ေတာင္တြင္းႀကီးရဲစခန္းတိုက္ခိုက္မႈ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးအိမ္ တိုက္ခိုက္မႈနဲ႔ ၿမိဳ႕သစ္ၿမိဳ႕လၽွပ္စစ္႐ုံးတိုက္ခိုက္မႈ စတဲ့ ဗုံးျဖင့္ တိုက္ခိုက္မႈေတြလည္း ျပဳလုပ္ခဲ့ပါတယ္။crd-

—————-

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် နဲ့ နတ်မောက်မြို့နယ်တို့မှာ စက်တင်ဘာ ၇ ရက် မနက်ပိုင်းက နေရာသုံးနေရာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။

တောင်တွင်းကြီးမြို့နယ်၊ အမှတ် ၁၀၃ ခြေမြန်တပ်ရင်းမှာ စက်တင်ဘာ ၇ ရက် မနက် ၄ နာရီ ၃၀ မိနစ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဒါအပြင် နတ်မောက်မြို့နယ် မြန်မာ့စီပွားရေးဘဏ်အနီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးယူထားတဲ့နေရာမှာ မနက် ၄ နာရီ ၃ မိနစ်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး ကုလားရှင်ကျေးရွာမှာလည်း စစ်ကောင်စီရဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ မနက် ၅ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဗုံးဖောက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကို အတိအကျမသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

တောင်တွင်းကြီးမြို့နယ် နဲ့ နတ်မောက်မြို့နယ်တို့မှာ ဗုံးတိုက်ခိုက်တာတွေကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

နတ်မောက်မြို့နယ်အတွင်း နေထိုင်လျက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် ပြည်သူလူထုနှင့် ရပ်တည်မှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီအလိုကျ ပြည်သူ လူထုအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ဆောင်ရွက်နေသည့် စစ်တပ်နှင့် ရဲဝန်ထမ်းတို့အပါအဝင် CDM ဆောင်ရွက်ခြင်းမရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြီးခဲ့တဲ့လပိုင်းက မကွေးလေတပ် တိုက်ခိုက်မှု၊ တောင်တွင်းကြီးရဲစခန်းတိုက်ခိုက်မှု၊ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ် တိုက်ခိုက်မှုနဲ့ မြို့သစ်မြို့လျှပ်စစ်ရုံးတိုက်ခိုက်မှု စတဲ့ ဗုံးဖြင့် တိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။crd

Add a Comment

Your email address will not be published. Required fields are marked *