မြင်းမူတွင် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက် မဲစာရင်းများ လျှို့ဝှက် လုပ်နေစဉ် PDF တပ်ပေါင်းစုက လဝကရုံး မီ-းရှို့ရှင်းလင်း၊

မြင်းမူတွင် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက် မဲစာရင်းများ လျှို့ဝှက် လုပ်နေစဉ် PDF တပ်ပေါင်းစုက မီးရှို့ရှင်းလင်း၊ အာဏာရှင် စနစ်ကို တိုက်ဖျက်နေခြင်းဖြစ်၍ လဝက ဝန်ထမ်းများကို ငဲ့ညှာစွာ ဆောင်ရွက်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ အတွက် မဲစာ ရင်းများ လျှို့ဝှက်လုပ်နေစဉ် မီးရှို့ရှင်းလင်းလိုက်ကြောင်း အာ ဏာ ရှင် စနစ် တိုက်ဖျက်ရေး ပြည်သူ့ တပ်ဖွဲ့ (PAFD) မှ ပြန်ကြားရေး တာဝန် ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်လဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီ ၅ မိနစ်အချိန်ခန့် စစ်ကောင်စီက အတု အယောင် ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်၍ မြင်းမူမြို့လ ဝ က ရုံးအတွင်း ဝန်ထမ်းများက ညအချိန်ထိ လျှို့ဝှက်စွာ မဲစာရင်းလုပ်နေကြစဉ် PAFD နှင့် PAFD တပ်ခွဲ DK PDF-MMU တပ်ဖွဲ့ဝင်များက မဲစာရင်းစာရွက်စာတမ်းများ၊ကွန်ပျူတာများကိုမီးရှို့ရှင်းလိုက်ကြောင်း သိရှိရသည်။

မြင်းမူမြို့နယ် လဝကရုံးသည် မြို့နယ်မီးသတ်ရုံးနှင့်ကပ်လျက်တည်ရှိ၍ တော် လှန် ရေး ရဲဘော်များက မီးရှို့ ရှင်းလင်းမှုကို စနစ်တကျ အသေးစိတ် စီမံ ဆောင် ရွက်ခဲ့ရကြောင်း၊

လူပုဂ္ဂိုလ်များကို တိုတ်ခိုက်နေခြင်းမဟုတ်ဘဲ အာဏာ ရှင်စနစ်ကို တိုက်ဖျက်ရေး အဆုံးသတ် တိုက်ပွဲဖြစ်၍ တတ်နိုင် သမျှ လူပုဂ္ဂိုလ် များကို ငဲ့ညှာစွာ ဆောင်ရွက်ခဲ့ကြောင်း People’s Army to Fight Dictatorship က သတင်းထုတ်ပြန်ထားသည်။

“လ၀ကဝန်ထမ်းတွေကို တစ်ယောက်မှ သတ်ဖြတ်တာမျိုး မရှိပါဘူး။ ငဲ့ညှာစွာ ဆောင်ရွက်ပါတယ်” ဟု အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့ တပ်ဖွဲ့ (PAFD) မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

မြင်းမူမြို့နယ် လဝကရုံးကို မီးရှို့ရှင်းလင်းသည့် စစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD) တပ်ခွဲDK PDF(MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU)၊ TAUNGTHA People Defense Force (TTAPDF)၊ D.B.B.F.MMUမဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက် ခဲ့ ခြင်း ဖြစ်ကြောင်း သိရှိရ


ရန်ကုန်၊ ဇန်နဝါရီ ၂၀







Add a Comment

Your email address will not be published. Required fields are marked *