“မၿပီးဆုံးေသးတဲ့ ၈ ေလးလုံး လူထုလြတ္ေျမာက္ေရး ဒို႔အတူ႐ုန္း” ဗကသ ေက်ာင္းသားမ်ား ျပည္သူကို ႏွိုးေဆာ္
|“မၿပီးဆုံးေသးတဲ့ ၈ ေလးလုံး လူထုလြတ္ေျမာက္ေရး ဒို႔အတူ႐ုန္း” ဗကသ ေက်ာင္းသားမ်ား ျပည္သူကို ႏွိုးေဆာ္
ရန္ကုန္၊ ၾသဂုတ္ ၅
“မၿပီးဆုံးေသးတဲ့ ၈ ေလးလုံး လူထုလြတ္ေျမာက္ေရး ဒို႔အတူ႐ုန္း” ဗကသ ေက်ာင္းသားမ်ား ျပည္သူကို ယေန႔ ေအာက္ပါအတိုင္း ႏွိုးေဆာ္ခ်က္ထုတ္ျပန္ပါတယ္။
၁၉၆၂ ဆဲဗင္းဂ်ဴလိုင္၊ ၇၄-၇၅-၇၆ ေက်ာင္းသားလႈပ္ရွားမႈတို႔ကစတင္ခဲ့တဲ့ စစ္အာဏာရွင္ေတာ္လွန္ေရး ခရီးရွည္ႀကီးဟာ ယခု ၂၀၂၁ ေႏြဦးေတာ္လွန္ေရးကာလတို
င္ေအာင္ မၿပီးဆုံးေသးပါဘူး။ လူထုဟာ ၁၀ ႏွစ္တာ ေရႊရည္စိမ္ဒီမိုကေရစီကိုသာခံစားခဲ့ရဖူးၿပီး စစ္အာဏာရွင္လက္ေအာက္က်ေရာက္ခဲ့တာ ႏွစ္ေပါင္း ၇၀ ေက်ာ္ရွိခဲ့ပါၿပီ။
စစ္အာဏာရွင္စနစ္ကို လူထုလူတန္းစားတရပ္လုံးက တခဲနက္ဆန႔္က်င္တိုက္ပြဲဝင္ခဲ့ၾကတဲ့ ၈ ေလးလုံး အေရးေတာ္ပုံႀကီးဟာလည္း လာမယ့္ ဩဂုတ္လ ၈ ရက္ေ
န႔မွာ ၃၃ ႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္။ စစ္အာဏာရွင္တို႔ရဲ့ လူထုအေပၚ အဖက္ဖက္က မတရားဖိႏွိပ္မႈခ်ဳပ္ခ်ယ္မႈ၊ ေခါင္းပုံျဖတ္မႈေတြေၾကာင့္ ေပးဆပ္ခဲ့ရတဲ့ အသ
က္ေသြးေခၽြးေတြဟာလည္း မေရမတြက္နိုင္ေအာင္ရွိေနပါၿပီ။
ဒါေၾကာင့္ အဖိႏွိပ္ခံလူထုတရပ္လုံးေသြးစည္းညီညြတ္ၿပီး မိမိတို႔ကိုဖိႏွပ္ျခယ္လွယ္ေနတဲ့ စစ္အုပ္စုကို က်ဴပင္ခုတ္ က်ဴငုတ္မက်န္ တခါတည္းရွင္းလင္းပစ္ဖို႔ အခ်ိန္တ
န္ပါၿပီ။ ဖက္ဆစ္စစ္တပ္ကို အျမစ္ျဖတ္ဖို႔၊ ဖိႏွိပ္သူအေပါင္းကို တြန္းလွန္ၾကဖို႔၊ ကမၻာသစ္တခုကို အတူတူတည္ေဆာက္ၾကဖို႔အတြက္ ဖိႏွိပ္ခံလူထုတရပ္လုံး အတူတူ႐ု
န္းကန္ၾကဖို႔ တိုက္တြန္းႏွိုးေဆာ္လိုက္ရပါတယ္။
“မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” ဗကသ ကျောင်းသားများ ပြည်သူကို နှိုးဆော်
ရန်ကုန်၊ သြဂုတ် ၅
“မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” ဗကသ ကျောင်းသားများ ပြည်သူကို ယနေ့ အောက်ပါအတိုင်း နှိုးဆော်ချက်ထုတ်ပြန်ပါတယ်။
၁၉၆၂ ဆဲဗင်းဂျူလိုင်၊ ၇၄-၇၅-၇၆ ကျောင်းသားလှုပ်ရှားမှုတို့ကစတင်ခဲ့တဲ့ စစ်အာဏာရှင်တော်လှန်ရေး ခရီးရှည်ကြီးဟာ ယခု ၂၀၂၁
နွေဦးတော်လှန်ရေးကာလတိုင်အောင် မပြီးဆုံးသေးပါဘူး။ လူထုဟာ ၁၀ နှစ်တာ ရွှေရည်စိမ်ဒီမိုကရေစီကိုသာခံစားခဲ့ရဖူးပြီး စစ်အာဏာရှင်
လက်အောက်ကျရောက်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပါပြီ။
စစ်အာဏာရှင်စနစ်ကို လူထုလူတန်းစားတရပ်လုံးက တခဲနက်ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ၈ လေးလုံး အရေးတော်ပုံကြီးဟာလည်း လာမယ့် ဩဂုတ်လ ၈
ရက်နေ့မှာ ၃၃ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တို့ရဲ့ လူထုအပေါ် အဖက်ဖက်က မတရားဖိနှိပ်မှုချုပ်ချယ်မှု၊
ခေါင်းပုံဖြတ်မှုတွေကြောင့် ပေးဆပ်ခဲ့ရတဲ့ အသက်သွေးချွေးတွေဟာလည်း မရေမတွက်နိုင်အောင်ရှိနေပါပြီ။
ဒါကြောင့် အဖိနှိပ်ခံလူထုတရပ်လုံးသွေးစည်းညီညွတ်ပြီး မိမိတို့ကိုဖိနှပ်ခြယ်လှယ်နေတဲ့ စစ်အုပ်စုကို ကျူပင်ခုတ် ကျူငုတ်မကျန် တခါတည်း
ရှင်းလင်းပစ်ဖို့ အချိန်တန်ပါပြီ။ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ဖို့၊ ဖိနှိပ်သူအပေါင်းကို တွန်းလှန်ကြဖို့၊ ကမ္ဘာသစ်တခုကို အတူတူတည်ဆောက်
ကြဖို့အတွက် ဖိနှိပ်ခံလူထုတရပ်လုံး အတူတူရုန်းကန်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။