မန္တလေးမြို့တွင် အပြင်ထွက်ရင်ပစ်မိန့်ဆိုပြီး ဒီနေ့လိုက်ကြေငြာနေတာကြောင့် လမ်းပေါ်တွေမှာ တိတ်ဆိတ်ခြောက်ကပ်ကာ လူသူကင်းမဲ့နေတဲ့မြင်ကွင်းများ

မန္တလေးမြို့မှာနေထိုင်ကြတဲ့ ပြည်သူလူထုကတော့ ကိုဗစ်ကိုလည်းကာကွယ်နေရသလို

တခြားအကြောင်းအမျိုးမျိုးကိုလည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အကြပ်အတည်းမျိုးစုံကို ကြုံတွေ့နေရပေမယ့် မြို့နေပြည်သူတွေကတော့ နေ့တိုင်းနီးပါး လမ်းပေါ်ထွက်ပြီး

ဆန္ဒထုတ်ဖော်နေကြတဲ့အပြင် ပြည်သူအချင်းချင်းလည်း ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်လည်း မန္တလေးမြို့မှာ မနက်(၉)နာရီကနေ ညနေ (၃)နာရီအထိ

အပြင်မထွက်ရ၊ထွက်ရင် ပစ်မိန့်ဆိုပြီး လိုက်ကြေငြာနေတယ်လို့ သိရပါတယ်။


မန္တလေးမြို့ကပြည်သူတွေက အပြင်မထွက်ရအမိန့်ကို အကုန်လုံးသိအောင်လို့

လူမှုကွန်ယက်စာမျက်နှာပေါ်မှာမျှဝေနေကြတာဖြစ်ပါတယ်။

ဒီအမိန့်ကို လိုက်ကြေငြာပြီးချိန်မှာတော့ မန္တလေးမြို့ပေါ်မှာ လူသူကင်းမဲ့နေတာဖြစ်ပါတယ်။

ဆိုင်တွေကလည်း ပိတ်ထားကြပြီး တစ်လမ်းလုံးတိတ်ဆိတ်ခြောက်ကပ်နေတာပဲဖြစ်ပါတယ်။

မန္တလေးကပြည်သူတွေက သွေးရဲကြပေမယ့် အခုအခြေအနေမှာ ကိုဗစ်ကိုလည်းကာကွယ်တဲ့အနေနဲ့

အိမ်ပြင်ကို လိုအပ်မှသာလျှင်ထွက်ကြတာဖြစ်ပါတယ်။

အရင်တုန်းကဆိုရင် ဆိုင်ကယ်တွေ၊ကားတွေ၊ဈေးဆိုင်တွေနဲ့ အရမ်းစည်ကားခဲ့တဲ့

မန္တလေးမြို့ကြီးကတော့ဩဂုတ်လ (၁၆)ရက်နေ့မှာ တိတ်ဆိတ်ငြိမ်ကျသွားတာဖြစ်ပါတယ်။

 

မန္တလေးမြို့ရဲ့ လမ်းမကြီးက အရမ်းရှင်းလင်းနေပြီး ပြည်သူတွေလည်း အိမ်ပြင်မထွက်ဘဲ

မိမိတို့ရဲ့အသက်ကို ကာကွယ်စောင့်ရှောက်နေကြတာဖြစ်ပါတယ်။

 

မန္တလေးမြို့နေပြည်သူတွေလည်း အစစ၊အရာရာဂရုတစိုက်နဲ့နေထိုင်ကြပါလို့

မေတ္တာနဲ့မှာကြားရင်း မန္တလေးမြို့ရဲ့အခြေအနေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd-

Add a Comment

Your email address will not be published. Required fields are marked *