မႏၲေလး အိုးအိုေထာင္တြင္း စစ္အာဏာရွင္ဆန္႔က်င္ေရး ေႂကြးေၾကာ္ဆႏၵျပသံမ်ား ထြက္ေပၚ
|မႏၲေလး အိုးအိုေထာင္တြင္း စစ္အာဏာရွင္ဆန္႔က်င္ေရး ေႂကြးေၾကာ္ဆႏၵျပသံမ်ား ထြက္ေပၚ
မႏၲေလး အိုးဘိုအက်ဥ္းေထာင္အတြင္းကေန ဩဂုတ္ ၈ ရက္ ည ၉ နာရီေလာက္က စစ္အာဏာရွင္ဆန္႔က်င္ေရး ေႂကြးေၾကာ္သံေတြ ထြက္ေပၚလာတယ္လို႔ ေထာင္
အနီးပတ္ဝန္းက်င္ေနထိုင္သူေတြဆီက သိရပါတယ္။
ေႂကြးေၾကာ္သံမ်ား ထြက္လာၿပီး မၾကာခင္မွာ ေထာင္အတြင္းက တရားသံအက်ယ္ႀကီးဖြင့္တဲ့အသံနဲ႔ ေသနတ္သံ (၂) ခ်က္ ထြက္ေပၚလာတယ္လို႔ ဆိုၾကပါတယ္။
“ေထာင္ရဲ့ဖြဲ႕စည္းပုံကိုေတာ့ မသိေတာ့ ဘယ္အေဆာင္ဘက္က ထြက္တယ္ဆိုတာ တိတိက်က်မေျပာနိုင္ေပမယ့္ အသံကေတာ့ ဟိန္းထြက္လာတယ္။ စစ္အာဏာရွ
င္ဆန္႔က်င္ေရး ဒို႔အေရး၊ အေရးေတာ္ပုံေအာင္ရမည္ ဆိုတဲ့ အသံေတြထြက္လာတယ္။ အဲ့ဒီေနာက္ တရားအက်ယ္ႀကီးဖြင့္တယ္။ ဖြင့္တဲ့ၾကားက တခ်က္ တခ်က္ အ
သံေတြထြက္လာတယ္။ အခုေတာ့ ၿငိမ္သြားၿပီ။” လို႔ အိုးဘိုေထာင္အနီးပတ္ဝန္းက်င္ေနထိုင္သူ တစ္ဦးက ေျပာပါတယ္။
ဇူလိုင္၂၃ ရက္ေန႔ကလည္း ရန္ကုန္၊ အင္းစိန္ေထာင္နဲ႔ မႏၲေလး အိုးဘိုေထာင္တို႔မွာ အလားတူေႂကြးေၾကာ္သံေတြနဲ႔ ေထာင္တြင္း ကေန စစ္အာဏာရွင္ဆန္႔က်င္ေရး
လႈပ္ရွားတာေတြရွိခဲ့ပါတယ္။
dvbtvnews
မန္တလေး အိုးအိုထောင်တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြသံများ ထွက်ပေါ်
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းကနေ ဩဂုတ် ၈ ရက် ည ၉ နာရီလောက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ထွက်ပေါ်လာတယ်
လို့ ထောင်အနီးပတ်ဝန်းကျင်နေထိုင်သူတွေဆီက သိရပါတယ်။
ကြွေးကြော်သံများ ထွက်လာပြီး မကြာခင်မှာ ထောင်အတွင်းက တရားသံအကျယ်ကြီးဖွင့်တဲ့အသံနဲ့ သေနတ်သံ (၂) ချက် ထွက်ပေါ်လာတယ်လို့ ဆိုကြပါ
တယ်။
“ထောင်ရဲ့ဖွဲ့စည်းပုံကိုတော့ မသိတော့ ဘယ်အဆောင်ဘက်က ထွက်တယ်ဆိုတာ တိတိကျကျမပြောနိုင်ပေမယ့် အသံကတော့ ဟိန်းထွက်လာတယ်။ စစ်
အာဏာရှင်ဆန့်ကျင်ရေး ဒို့အရေး၊ အရေးတော်ပုံအောင်ရမည် ဆိုတဲ့ အသံတွေထွက်လာတယ်။ အဲ့ဒီနောက် တရားအကျယ်ကြီးဖွင့်တယ်။ ဖွင့်တဲ့ကြားက တ
ချက် တချက် အသံတွေထွက်လာတယ်။ အခုတော့ ငြိမ်သွားပြီ။” လို့ အိုးဘိုထောင်အနီးပတ်ဝန်းကျင်နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ဇူလိုင်၂၃ ရက်နေ့ကလည်း ရန်ကုန်၊ အင်းစိန်ထောင်နဲ့ မန္တလေး အိုးဘိုထောင်တို့မှာ အလားတူကြွေးကြော်သံတွေနဲ့ ထောင်တွင်း ကနေ စစ်
အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတာတွေရှိခဲ့ပါတယ်။
dvbtvnews