ယင်းမာပင် ကွေ့ချောင်းရွာအနီး မွင်းငါး၁၂ပွဲ
|ယင်းမာပင် ကွေ့ချောင်းရွာအနီး စစ်ကောင်စီ စစ်ကြောင်း မိုင်းခွဲ တိုက်ခိုက်ခံရကာ ၁၂ဦး ထက်မနည်းသေဆုံး- စက်တင်ဘာ ၁ယင်းမာပင်မြို့နယ် ကွေ့ချောင်းရွာအနီး ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ဘန့်ဘွေးရွာက ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ယင်းမာပင် PDF အဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၂ ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာ သို့ပြောဆိုသည်။
———–
ယင်းမာပင်မြို့နယ် ကွေ့ချောင်းရွာအနီး ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ဘန့်ဘွေးရွာက ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ယင်းမာပင် PDF အဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၂ ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာ သို့ပြောဆိုသည်။
” အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရတယ်လို့ကြားတယ်။ ၁၂ ယောက်မကဘူး သေတယ်လို့ သိရတယ်။ ပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်တဲ့ နေရာနဲ့ ကျန်တော်တို့က နီးတယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် လမ်းမပေါ်ရှိ ပြည်သူပိုင် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခြင်း စိုးဆီဆိုင်က ဝန်းထမ်းတဦးကို အကြောင်းမဲ့ ရိုက်နှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များကသိရသည်။ crd-