ယှဉ်ပြိုင်ရင် စင်ပြိုင်တိုက်ဖို့ AK မွာ ကျည်ဖြည့်လိုက်ပြီလို့ပြောလာတဲ့ မင်းကိုနိုင်
မင်းကိုနိုင်
ယှဉ်ပြိုင်ရင် စင်ပြိုင်တိုက်ဖို့ AK မှာ ကျည်ဖြည့်လိုက်ပြီလို့ပြောလာတဲ့ မင်းကိုနိုင်
ခရီးကြုံလို့ လှေကြုံလိုက်တာ မဟုတ်လို့ ပေါ်တဲ့လှေကို တက်စီးတာလဲမဟုတ်ဘူး။
အောက်ခြေမခိုင်သေးလို့ ခဏတာမှေးအိပ်နေခဲ့တာ ငယ်နိုင်လို့တော့ မသတ်မှတ်လိုက်နဲ့လေ။
အရေးကြုံရင်သက်လုံကောင်းစေဖို့ အင်ဂျင်တွေကို ပါ၀ါဖြည့်လိုက်ပြီ။
ရိုင်ဖယ်ဟာ မိုင်နှစ်ဆယ်ပြေးသလား? လာခဲ့ ယှဉ်ပြိုင်ရင် စင်ပြိုင်တိုက်ဖို့ AK မှာ ကြည်ဖြည့်ထားတယ်။
စစ်တလင်းမှာ မင်းတို့အလောင်းထပ်သွားစေရမယ်။
ကောက်ကျစ်တဲ့ လည့်ကွက်အောက်မှာ လက်ဝါးဖြန့် ဒူးထောက်ရအောင် ငါတို့က နိုင်ငံရေးသူတောင်းစား မဟုတ်ကြဘူး။
တောင်ဘယ်လောက်ကြီးကြီး ခြေဖဝါးအောက်မှာပဲ လှိုင်းဘယ်လောက်ကြီးကြီး လှေအောက်မှာ နေရမြဲပဲ။
အင်အားကြီးလို့ အနိုင်ရစတမ်းဆိုရင် ဆင်စွယ်ကို ဘယ်သူက ဝယ်ယူခွင့်ရှိဦးမှာလဲ။
အနာဂတ်ကို ရုပ်လုံးဖော် ထုဆစ်ဖို့ ပေဖြစ်တုန်းက ခံခဲ့ရတဲ့တူတလက်ဟာ အရင်းနှီးများစွာနဲ့ စောင့်နေလေရဲ့။
မင်းကိုနိုင်