ရန္ကုန္ဗိုလ္တေထာင္၊ ၄၄ လမ္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား အၾကမ္းဖက္လိုက္ဖမ္း၍ လူငယ္ ၅ ဦး တိုက္ေပၚမွ ျပဳတ္က်ေသဆုံးၿပီး ၂ ဦး ျပင္းထန္စြာ ရိုက္ႏွက္ ဖမ္းဆီးခံရ

ရန္ကုန္ဗိုလ္တေထာင္၊ ၄၄ လမ္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား အၾကမ္းဖက္လိုက္ဖမ္း၍ လူငယ္ ၅ ဦး တိုက္ေပၚမွ ျပဳတ္က်ေသဆုံးၿပီး ၂ ဦး ျပင္းထန္စြာ
ရိုက္ႏွက္ ဖမ္းဆီးခံရ
ရန္ကုန္၊ ဩဂုတ္ ၁၀

ရန္ကုန္ဗိုလ္တေထာင္ ၄၄ လမ္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို တိုက္ခန္းတစ္ခုကို ဝင္ေရာက္စီးနင္းစဥ္ လူငယ္ ၅ ဦး

တိုက္ေပၚမွ ျပဳတ္က်ေသဆုံးၿပီး ၂ ဦးအဖမ္းခံရေၾကာင္း ၄၄ လမ္းေနထိုင္သူမ်ားႏွင့္ အေလာင္းသယ္ယူခဲ့သည့္ ပရဟိတ လူနာတင္အဖြဲ႕မွ
တာဝန္ရွိသူတခ်ိဳ႕က ေျပာဆိုသည္။

ယေန႔ မြန္းလြဲပိုင္းတြင္ စစ္ေကာင္စီတပ္မ်ားက ၄၄ လမ္း ေအာက္ဘေလာက္ရွိ တိုက္ခန္းကို ဝင္ေရာက္ စီးနင္းခဲ့ျခင္းျဖစ္ၿပီး ၅ ဦးေသဆုံးကာ
၂ ဦး အဖမ္းခံရျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“သူတို႔က ၀ိုင္းၿပီး စီးနင္းေတာ့ လူငယ္ေတြက တိုက္ခန္းေပၚတက္ေျပးၿပီး ျပဳတ္က်ကုန္တာ။ ၅ ဦးကေတာ့ ပြဲခ်င္းၿပီးေသေလာက္တယ္။

ပရဟိတအဖြဲ႕ေတြက အေလာင္းသယ္သြားတာေတြ႕တယ္။ ၂ ဦးကေတာ့ ရိုက္ႏွက္ၿပီး ဖမ္းသြားတယ္။ ေခါင္းကိုလည္း စြပ္ၿပီးေခၚသြားတယ္။

ဆဲဆိုၿပီး ရိုက္ႏွက္ဖမ္းသြားတာ ျမင္ရတယ္” ဟု ျဖစ္စဥ္ကို မ်က္ျမင္ၾကဳံေတြ႕ရသူက ဆိုသည္။

 


ပရဟိတအဖြဲ႕တစ္ခုကလည္း ယင္းျဖစ္စဥ္ မွန္ကန္ေၾကာင္း ေျပာဆိုေသာ္လည္း အေသးစိတ္ ကိုမူ ေျဖဆိုျခင္းမရွိေပ။

 

ရန်ကုန်ဗိုလ်တထောင်၊ ၄၄ လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်လိုက်ဖမ်း၍ လူငယ် ၅ ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးပြီး ၂ ဦး ပြင်းထန်စွာ
ရိုက်နှက် ဖမ်းဆီးခံရ
ရန်ကုန်၊ ဩဂုတ် ၁၀


ရန်ကုန်ဗိုလ်တထောင် ၄၄ လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းစဉ် လူငယ် ၅ ဦး

တိုက်ပေါ်မှ ပြုတ်ကျသေဆုံးပြီး ၂ ဦးအဖမ်းခံရကြောင်း ၄၄ လမ်းနေထိုင်သူများနှင့် အလောင်းသယ်ယူခဲ့သည့် ပရဟိတ လူနာတင်အဖွဲ့မှ
တာဝန်ရှိသူတချို့က ပြောဆိုသည်။


ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်များက ၄၄ လမ်း အောက်ဘလောက်ရှိ တိုက်ခန်းကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ၅ ဦးသေဆုံးကာ
၂ ဦး အဖမ်းခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့က ၀ိုင်းပြီး စီးနင်းတော့ လူငယ်တွေက တိုက်ခန်းပေါ်တက်ပြေးပြီး ပြုတ်ကျကုန်တာ။ ၅ ဦးကတော့ ပွဲချင်းပြီးသေလောက်တယ်။

ပရဟိတအဖွဲ့တွေက အလောင်းသယ်သွားတာတွေ့တယ်။ ၂ ဦးကတော့ ရိုက်နှက်ပြီး ဖမ်းသွားတယ်။ ခေါင်းကိုလည်း စွပ်ပြီးခေါ်သွားတယ်။
ဆဲဆိုပြီး ရိုက်နှက်ဖမ်းသွားတာ မြင်ရတယ်” ဟု ဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ရသူက ဆိုသည်။

ပရဟိတအဖွဲ့တစ်ခုကလည်း ယင်းဖြစ်စဉ် မှန်ကန်ကြောင်း ပြောဆိုသော်လည်း အသေးစိတ် ကိုမူ ဖြေဆိုခြင်းမရှိပေ။

Add a Comment

Your email address will not be published. Required fields are marked *