ရန္ကုန္မွာ ႐ုပ္အေလာင္းေတြကို ေျမႀကီးသယ္ကားေတြနဲ႔တင္ၿပီး လူေျခတိတ္ခ်ိန္မွာ ေျမျမႇုပ္တာေတြရွိေန

ရန္ကုန္မွာ ႐ုပ္အေလာင္းေတြကို ေျမႀကီးသယ္ကားေတြနဲ႔တင္ၿပီး လူေျခတိတ္ခ်ိန္မွာ ေျမျမႇုပ္တာေတြရွိေန
ရန္ကုန္ၿမိဳ႕က ေရေဝးနဲ႔ ထိန္ပင္သုႆာန္ေတြမွာ ဘယ္ကမွန္းမသိတဲ့ ႐ုပ္အေလာင္းအမ်ားအျပားကို ေျမႀကီးသယ္ကားေတြနဲ႔တင္ၿပီး လူေျခတိတ္ခ်ိန္မွာ မီးသၿ

ဂိဳဟ္တာေတြရွိေနတယ္လို႔ သုႆာန္ေတြအနီးမွာ ေနထိုင္သူတစ္ဉီးကေျပာပါတယ္။

႐ုပ္အေလာင္းေတြကို ပုံမွန္အတိုင္းမီးမရွို႔နိုင္ရင္ ေရေဝးက အေလာင္းေတြကို ထိန္ပင္ကို ပို႔တာျဖစ္နိုင္သလို ထိန္ပင္က အေလာင္းေတြကို ေရေဝးကိုပို႔တာလ

ည္းျဖစ္နိုင္တယ္လို႔ ဆိုပါတယ္။ ေျမႀကီးသယ္ကားနဲ႔တင္တဲ့အေလာင္းေတြ ဟာ စာရင္းရွိအေလာင္းေတြ ဟုတ္မဟုတ္လည္း မသိနိုင္ဘူးလို႔ဆိုပါတယ္။

“မိုးခ်ဳပ္ရင္ အဲ့ ေဘာက္ကားႏွစ္စီးကေရာက္လာၿပီ။ မိုးခ်ဳပ္လူေျခတိတ္တဲ့အခ်ိန္ဆို အေလာင္းေတြ အဲ့ကားနဲ႔တင္တယ္။ အကုန္မီးမရွို႔ဘူးေလ။ ကၽြန္ေတာ္တို႔ၾ

ကားတာေတာ့ ထိန္ပင္မွာ ေျမျမႇုပ္တယ္လို႔ေျပာတယ္။ အကုန္မရွို႔နိုင္ဘူးေလ။ ညေနဆိုရင္ေရေဝးေရွ႕မွာရပ္ထားၿပီ အျမဲတမ္းပဲ” လို႔ သုႆာန္ေတြအနီးမွာ ေန

ထိုင္သူက ေျပာပါတယ္။

အေနနဲ႔ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သီးျခားအတည္မျပဳနိုင္ေသးေပမယ့္ ေနာက္ဆက္တြဲအေျခအေနေတြကို ဆက္လက္စုံစမ္းေနပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ဇူလိုင္ ၁၀ ရက္ေန႔ကစၿပီး ကိုဗစ္ေၾကာင့္ ေအာက္စီဂ်င္မရတဲ့သူေတြေသဆုံးႏႈန္းျမင့္တက္ခဲ့ပါတယ္။ ဇူလိုင္ ၁၃ရက္ေန႔နဲ႔ ၁၄ရက္ေန႔ေတြတုန္းက

မီးသၿဂိဳဟ္စက္ေရွ႕ၾကမ္းျပင္ေပၚ အေလာင္းေတြခ်ၿပီးတန္းစီရတဲ့အထိ အေျခအေနဆိုးခဲ့ပါတယ္။ ဇူလိုင္ ၂၀ရက္ေန႔တုန္းက ရန္ကုန္ၿမိဳ႕က သုႆာန္ေလးခုမွာ

တစ္ရက္တည္း႐ုပ္အေလာင္း ၁၂၀၀ ေက်ာ္ ၁၃၀၀ နီးပါး သၿဂိဳဟ္ခဲ့ရပါတယ္။ စစ္ေကာင္စီက ေန႔စဥ္ပိုးကူးစက္ႏႈန္းနဲ႔ ေသဆုံးႏႈန္းေတြထုတ္ျပန္ခဲ့ေပမယ့္ ေျ

မျပင္အေျခအေနနဲ႔ သိသိသာသာကြာျခားခဲ့ၿပီး ဆိုးရြားတဲ့အေျခအေနေတြျဖစ္ေပၚခဲ့ပါတယ္။

ရန်ကုန်မှာ ရုပ်အလောင်းတွေကို မြေကြီးသယ်ကားတွေနဲ့တင်ပြီး လူခြေတိတ်ချိန်မှာ မြေမြှုပ်တာတွေရှိနေ
DVB

ရန်ကုန်မြို့က ရေဝေးနဲ့ ထိန်ပင်သုဿာန်တွေမှာ ဘယ်ကမှန်းမသိတဲ့ ရုပ်အလောင်းအများအပြားကို မြေကြီးသယ်ကားတွေနဲ့တင်ပြီး လူခြေတိတ်ချိန်မှာ မီးသြ

ဂိုဟ်တာတွေရှိနေတယ်လို့ သုဿာန်တွေအနီးမှာ နေထိုင်သူတစ်ဉီးကပြောပါတယ်။

ရုပ်အလောင်းတွေကို ပုံမှန်အတိုင်းမီးမရှို့နိုင်ရင် ရေဝေးက အလောင်းတွေကို ထိန်ပင်ကို ပို့တာဖြစ်နိုင်သလို ထိန်ပင်က အလောင်းတွေကို ရေဝေးကိုပို့တာလ

ည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မြေကြီးသယ်ကားနဲ့တင်တဲ့အလောင်းတွေ ဟာ စာရင်းရှိအလောင်းတွေ ဟုတ်မဟုတ်လည်း မသိနိုင်ဘူးလို့ဆိုပါတယ်။

“မိုးချုပ်ရင် အဲ့ ဘောက်ကားနှစ်စီးကရောက်လာပြီ။ မိုးချုပ်လူခြေတိတ်တဲ့အချိန်ဆို အလောင်းတွေ အဲ့ကားနဲ့တင်တယ်။ အကုန်မီးမရှို့ဘူးလေ။ ကျွန်တော်တို့ြ

ကားတာတော့ ထိန်ပင်မှာ မြေမြှုပ်တယ်လို့ပြောတယ်။ အကုန်မရှို့နိုင်ဘူးလေ။ ညနေဆိုရင်ရေဝေးရှေ့မှာရပ်ထားပြီ အမြဲတမ်းပဲ” လို့ သုဿာန်တွေအနီးမှာ နေ

ထိုင်သူက ပြောပါတယ်။

DVB အနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေမယ့် နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်စုံစမ်းနေပါတယ်။

ရန်ကုန်မြို့မှာ ဇူလိုင် ၁၀ ရက်နေ့ကစပြီး ကိုဗစ်ကြောင့် အောက်စီဂျင်မရတဲ့သူတွေသေဆုံးနှုန်းမြင့်တက်ခဲ့ပါတယ်။ ဇူလိုင် ၁၃ရက်နေ့နဲ့ ၁၄ရက်နေ့တွေတုန်းက

မီးသဂြိုဟ်စက်ရှေ့ကြမ်းပြင်ပေါ် အလောင်းတွေချပြီးတန်းစီရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။ ဇူလိုင် ၂ဝရက်နေ့တုန်းက ရန်ကုန်မြို့က သုဿာန်လေးခုမှာ

တစ်ရက်တည်းရုပ်အလောင်း ၁၂၀၀ ကျော် ၁၃၀၀ နီးပါး သဂြိုဟ်ခဲ့ရပါတယ်။ စစ်ကောင်စီက နေ့စဉ်ပိုးကူးစက်နှုန်းနဲ့ သေဆုံးနှုန်းတွေထုတ်ပြန်ခဲ့ပေမယ့် ေြ

မပြင်အခြေအနေနဲ့ သိသိသာသာကွာခြားခဲ့ပြီး ဆိုးရွားတဲ့အခြေအနေတွေဖြစ်ပေါ်ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *