ရန်ကုန်သမိုင်းတွင် စကစနှင့်အပြန်အလှန် ပစ်ခတ်မှုဖြစ်
|ရန်ကုန်သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင် စစ်ကောင်စီတပ်များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်၊
၎ ဦး အဖမ်းခံရပြီး ရပ်ကွက်တစ်ခုလုံးကို ပိတ်ဆို့ထား ရန်ကုန်၊ဩဂုတ် ၂၃
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ ရွှေဝါထွန်းလမ်းရှိ နေအိမ်တစ်အိမ်ကို
ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းစဉ် အပြန်အလှန်
ပစ်ခတ်မှုဖြစ်ပြီး။
ပြည်သူ ၄ ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။”ပစ်ခတ်တာက အချက် ၃၀ လောက်ရှိတယ်။
အပြန်အလှန်ပစ်ကြတာ။
အခုတော့ ရွှေဝါထွန်းလမ်းရော မြို့သစ် ၁ ရပ်ကွက်တစ်ခုလုံးကို စစ်တပ်ကပိတ်ဆို့ထားတယ်။
စစ်ကားတွေလည်း အဲဒီဘက်ကို သွားနေတယ်” ဟု သမိုင်းမြို့သစ် ဒေသခံတစ်ဦးက
ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လက်ရှိတွင် သမိုင်းမြို့သစ် ၁ ရပ်ကွက် ပတ်ဝန်းကျင်နှင့် ဘုရင့်နောင်ဘက်တွင်
အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် လုံခြုံရေး ကင်းလှည့်လျက်ရှိ
သည်ဟု သိရှိရသည်။
————-crd-