သမိုင္းတြင္ အျပန္အလွန္ ပစ္ခတ္မႈျဖစ္

ရန္ကုန္သမိုင္းၿမိဳ႕သစ္ ၁ ရပ္ကြက္တြင္   စစ္ေကာင္စီတပ္မ်ားႏွင့္   အျပန္အလွန္   ပစ္ခတ္မႈျဖစ္၊

၄ ဦး အဖမ္းခံရၿပီး    ရပ္ကြက္တစ္ခုလုံးကို    ပိတ္ဆို႔ထား    ရန္ကုန္၊ဩဂုတ္ ၂၃

 

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ ၿမိဳ႕သစ္ ၁ ရပ္ကြက္၊ ေရႊဝါထြန္းလမ္းရွိ​ ေနအိမ္တစ္အိမ္ကို

ယေန႔ နံနက္ ၉ နာရီခြဲတြင္ စစ္ေကာင္စီတပ္မ်ား ဝင္ေရာက္စီးနင္းစဥ္ အျပန္အလွန္

ပစ္ခတ္မႈျဖစ္ၿပီး။

 

ျပည္သူ ၄ ဦး ဖမ္းဆီးခံရေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

“ပစ္ခတ္တာက အခ်က္ ၃၀ ေလာက္ရွိတယ္။ အျပန္အလွန္ပစ္ၾကတာ။

အခုေတာ့ ေရႊဝါထြန္းလမ္းေရာ ၿမိဳ႕သစ္ ၁ ရပ္ကြက္တစ္ခုလုံးကို      စစ္တပ္က

ပိတ္ဆို႔ထားတယ္။

 

စစ္ကားေတြလည္း အဲဒီဘက္ကို သြားေနတယ္” ဟု သမိုင္းၿမိဳ႕သစ္     ေဒသခံတစ္ဦးက

ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

 

လက္ရွိတြင္  သမိုင္းၿမိဳ႕သစ္ ၁ ရပ္ကြက္    ပတ္ဝန္းက်င္ႏွင့္     ဘုရင့္ေနာင္ဘက္တြင္

အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား    အင္အားအမ်ားအျပားျဖင့္ လုံျခဳံေရး ကင္းလွည့္လ်က္ရွိ
သည္ဟု သိရွိရသည္။

————-crd-

ရန်ကုန်သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင်   စစ်ကောင်စီတပ်များနှင့်အပြန်အလှန်

ပစ်ခတ်မှုဖြစ်၊

၄ ဦး အဖမ်းခံရပြီး   ရပ်ကွက်တစ်ခုလုံးကို   ပိတ်ဆို့ထား     ရန်ကုန်၊ဩဂုတ် ၂၃

 

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ ရွှေဝါထွန်းလမ်းရှိ​ နေအိမ်တစ်အိမ်ကို

ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်ကောင်စီတပ်များ      ဝင်ရောက်စီးနင်းစဉ်   အပြန်အလှန်

ပစ်ခတ်မှုဖြစ်ပြီးပြည်သူ ၄ ဦး    ဖမ်းဆီးခံရကြောင်း      ဒေသခံများထံမှ   သိရှိရသည်။

 

“ပစ်ခတ်တာက အချက် ၃၀ လောက်ရှိတယ်။ အပြန်အလှန်ပစ်ကြတာ။

အခုတော့ ရွှေဝါထွန်းလမ်းရောမြို့သစ် ၁ ရပ်ကွက်တစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ထားတယ်။

 

စစ်ကားတွေလည်း အဲဒီဘက်ကို သွားနေတယ်” ဟု သမိုင်းမြို့သစ် ဒေသခံတစ်ဦးက

ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

 

လက်ရှိတွင် သမိုင်းမြို့သစ် ၁ ရပ်ကွက် ပတ်ဝန်းကျင်နှင့် ဘုရင့်နောင်ဘက်တွင်

အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် လုံခြုံရေး

ကင်းလှည့်လျက်ရှိ သည်ဟုသိရှိရသည်။

————–crd-

Add a Comment

Your email address will not be published. Required fields are marked *