ရန္ကုန္ျမစ္ဝ၌ ၃ ရက္ၾကာ စစ္ေရးေလ့က်င့္ရန္ စစ္ေကာင္စီ စီစဥ္

အာဏာသိမ္းစစ္ေကာင္စီ ေရတပ္ဟာ ရန္ကုန္ျမစ္ဝနဲ႔ မိုင္ ၃၀ အကြာမွာ ၃ ရက္ၾကာစစ္ေရးေလ့က်င့္ဖို႔ ျပင္ဆင္ေနၿပီး စက္တင္ဘာ ၁ ရက္ေန႔မွာ စစ္ေရးေလ့က်င့္ခန္း ဗ်ဴဟာ ၁ အေနနဲ႔ ဖရီးဂိတ္စစ္သေဘၤာ ၂ စီးအပါအဝင္ စစ္ေရယာဥ္ ၆ စီးထြက္ခြာမယ္လို႔ ဒီဗြီဘီက DVB စုံစမ္းသိရပါတယ္။

အဲဒီစစ္ေရးေလ့က်င့္မႈမွာ ပင္လယ္ျပင္အတြင္း အေျမာက္ေတြ ပစ္ခတ္ေလ့က်င့္မယ့္ အစီအစဥ္ေတြ ပါဝင္ၿပီး စစ္ေရးေလ့က်င္္မႈလုပ္မယ့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြကို ဩဂုတ္ ၃၁ ရက္မွာ အမွတ္ ၁ ဗ်ဴးဟာမႉးကိုယ္တိုင္လာေရာက္ေတြ႕ဆုံေျပာဆိုခဲ့တယ္လို႔ ခိုင္လုံတဲ့ တပ္တြင္းသတင္းရင္းျမစ္ေတြထံက သိရပါတယ္။

အဲဒီလို ေတြ႕ဆုံရာမွာ လူမႈကြန္ရက္ကသတင္းေတြကို မယုံဖို႔နဲ႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳေနၿပီျဖစ္တယ္လို႔ ဗ်ဴဟာမႉးက ေျပာဆိုခဲ့သလို တပ္ကထြက္ေျပးတဲ့သူေတြက တစ္ေယာက္ႏွစ္ေယာက္ပဲ ရွိတာျဖစ္ၿပီး တပ္ကထြက္ၿပီး ဒုကၡေရာက္ေနလို႔ ျပန္လာခ်င္ေနၾကတယ္လို႔ ေျပာဆိုခဲ့တယ္လို႔လည္းဆိုပါတယ္။

လက္ရွိမွာ လုံျခဳံေရး ဂ႐ုစိုက္ဖို႔နဲ႔ အေရးအေၾကာင္းၾကဳံပါက ကိုယ္နဲ႔နီးစပ္ရာ ကုန္းကို ထိထိေရာက္ေရာက္စိုးမိုးတုံ႔ျပန္နိုင္ဖို႔လည္း ဗ်ဴဟာမႉးက ေျပာဆိုသြားတယ္လို႔ သိရပါတယ္။

လက္ရွိ စစ္တပ္ကေနအာဏာဖီဆန္မႈလုပ္ေဆာင္ထားတဲ့ တပ္မေတာ္အရာရွိစစ္သည္နဲ႔ ရဲတပ္ဖြဲ႕ဝင္ ၂၅၀၀ နီးပါးရွိၿပီး ေရတပ္ကေန CDM လုပ္ထားတဲ့ တပ္မေတာ္အရာရွိစစ္သည္ ရာဂဏန္းနီးပါးရွိတယ္လို႔ သူတို႔ ကို CDM ကုတ္နံပါတ္ ထုတ္ေပးေနတဲ့ ျပည္သူ႔ရင္ခြင္အဖြဲ႕က ကိုလင္းထက္ေအာင္က ေျပာပါတယ္။

——–

အာဏာသိမ်းစစ်ကောင်စီ ရေတပ်ဟာ ရန်ကုန်မြစ်ဝနဲ့ မိုင် ၃၀ အကွာမှာ ၃ ရက်ကြာစစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေပြီး စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ရေးလေ့ကျင့်ခန်း ဗျူဟာ ၁ အနေနဲ့ ဖရီးဂိတ်စစ်သင်္ဘော ၂ စီးအပါအဝင် စစ်ရေယာဉ် ၆ စီးထွက်ခွာမယ်လို့ ဒီဗွီဘီက DVB စုံစမ်းသိရပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ပင်လယ်ပြင်အတွင်း အမြောက်တွေ ပစ်ခတ်လေ့ကျင့်မယ့် အစီအစဉ်တွေ ပါဝင်ပြီး စစ်ရေးလေ့ကျင််မှုလုပ်မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဩဂုတ် ၃၁ ရက်မှာ အမှတ် ၁ ဗျူးဟာမှူးကိုယ်တိုင်လာရောက်တွေ့ဆုံပြောဆိုခဲ့တယ်လို့ ခိုင်လုံတဲ့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ လူမှုကွန်ရက်ကသတင်းတွေကို မယုံဖို့နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုနေပြီဖြစ်တယ်လို့ ဗျူဟာမှူးက ပြောဆိုခဲ့သလို တပ်ကထွက်ပြေးတဲ့သူတွေက တစ်ယောက်နှစ်ယောက်ပဲ ရှိတာဖြစ်ပြီး တပ်ကထွက်ပြီး ဒုက္ခရောက်နေလို့ ပြန်လာချင်နေကြတယ်လို့ ပြောဆိုခဲ့တယ်လို့လည်းဆိုပါတယ်။

လက်ရှိမှာ လုံခြုံရေး ဂရုစိုက်ဖို့နဲ့ အရေးအကြောင်းကြုံပါက ကိုယ်နဲ့နီးစပ်ရာ ကုန်းကို ထိထိရောက်ရောက်စိုးမိုးတုံ့ပြန်နိုင်ဖို့လည်း ဗျူဟာမှူးက ပြောဆိုသွားတယ်လို့ သိရပါတယ်။

လက်ရှိ စစ်တပ်ကနေအာဏာဖီဆန်မှုလုပ်ဆောင်ထားတဲ့ တပ်မတော်အရာရှိစစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၅၀၀ နီးပါးရှိပြီး ရေတပ်ကနေ CDM လုပ်ထားတဲ့ တပ်မတော်အရာရှိစစ်သည် ရာဂဏန်းနီးပါးရှိတယ်လို့ သူတို့ ကို CDM ကုတ်နံပါတ် ထုတ်ပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က ကိုလင်းထက်အောင်က ပြောပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *