ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႕ရွိ KBZ ဘဏ္ ဓားျပတိုက္ခံရ
|ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႕ရွိ KBZ ဘဏ္ ဓားျပတိုက္ခံရ-ရန္ကုန္၊ စက္တင္ဘာ ၃
ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕ရွိ ကေမၻာဇဘဏ္ KBZ ဘဏ္ ယေန႔ မြန္းလြဲ ၁ နာရီ ၅၀ ခန႔္တြင္ ဓားျပတိုက္ခံရၿပီး ေငြသားမ်ား ပါသြားေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။
“ဘဏ္ထဲကို ဝင္ၿပီး ဓားျပတိုက္တာက တစ္ဦးတည္းပဲလို႔ ေျပာတယ္။ ေသ နတ္ပါတယ္။ ျဖစ္စဥ္ အစအဆုံး ဓားျပတိုက္သြားတာ ၁၅ မိနစ္ေလာက္ပဲၾကာမယ္ထင္တယ္။ ေငြေတြလည္းပါသြားတယ္ေျပာတယ္။ အခုေတာ့ အဲဒီနားမွာ လမ္းေတြပိတ္ထားၿပီး စစ္ေဆးေနတယ္။ စစ္တပ္နဲ႔ ရဲေကာ CCTV ျပန္ၾကည့္ၿပီး ဖမ္းမယ္ေျပာတယ္” ဟု အဆိုပါ ဘဏ္အနီး ေနထိုင္သူတစ္ဦးက ေျပာဆိုသည္။
မၾကာေသးမီကလည္း ရန္ကုန္ မရမ္းကုန္းၿမိဳ႕နယ္ရွိ ကမၻာ့ရတနာဘဏ္တြင္ ဓားျပတိုက္မႈ ျဖစ္ပြားၿပီး ေငြက်ပ္ သိန္း ၁၀၀၀ ခန႔္ ပါသြားသည့္ မႈခင္းျဖစ္စဥ္တစ္ရပ္ျဖစ္ပြားခဲ့ကာတရားခံကို ယခုအခ်ိန္အထိ ဖမ္းဆီးနိုင္ျခင္းမရွိေပ။
————-
ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ KBZ ဘဏ် ဓားပြတိုက်ခံရ-ရန်ကုန်၊ စက်တင်ဘာ ၃
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ် KBZ ဘဏ် ယနေ့ မွန်းလွဲ ၁ နာရီ ၅၀ ခန့်တွင် ဓားပြတိုက်ခံရပြီး ငွေသားများ ပါသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
“ဘဏ်ထဲကို ဝင်ပြီး ဓားပြတိုက်တာက တစ်ဦးတည်းပဲလို့ ပြောတယ်။ သေ နတ်ပါတယ်။ ဖြစ်စဉ် အစအဆုံး ဓားပြတိုက်သွားတာ ၁၅ မိနစ်လောက်ပဲကြာမယ်ထင်တယ်။ ငွေတွေလည်းပါသွားတယ်ပြောတယ်။ အခုတော့ အဲဒီနားမှာ လမ်းတွေပိတ်ထားပြီး စစ်ဆေးနေတယ်။ စစ်တပ်နဲ့ ရဲကော CCTV ပြန်ကြည့်ပြီး ဖမ်းမယ်ပြောတယ်” ဟု အဆိုပါ ဘဏ်အနီး နေထိုင်သူတစ်ဦးက ပြောဆိုသည်။
မကြာသေးမီကလည်း ရန်ကုန် မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်တွင် ဓားပြတိုက်မှု ဖြစ်ပွားပြီး ငွေကျပ် သိန်း ၁၀၀၀ ခန့် ပါသွားသည့် မှုခင်းဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ကာတရားခံကို ယခုအချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိပေ။