ရွမ္းေျမာက္ မိုင္းခြဲခံရသည့္ စစ္ေကာင္စီစစ္ေၾကာင္း ၁၀ ေယာက္ခန္႔
|ရွမ္းေျမာက္ မိုင္းခြဲခံရသည့္ စစ္ေကာင္စီစစ္ေၾကာင္း ၁၀ ေယာက္ခန္႔ ေသ28 August 2021 – Kachinwaves
မူဆယ္ၿမိဳ႕နယ္၊ နမ့္ေတာင္းအထက္ မေခါနမ္ေက်းရြာဘက္သို႔တက္လာသည့္ စစ္ေကာင္စီတပ္စစ္ေၾကာင္းကို ေကအိုင္ေအမွ ဩဂုတ္လ၂၇ရက္ေန႔တြင္ ဆြဲမွိုင္း ၄လုံးျဖင့္ တိုက္ခိုက္ခဲ့သည့္အတြက္ စစ္ေကာင္စီတပ္မွ ၁၀ဦးထက္မနည္း ထိခိုက္ေသဆုံးခဲ့ေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။
ထိခိုက္ဒဏ္ရာရသူမ်ားႏွင့္ ေသဆုံးသူမ်ားကို စစ္ေကာင္စီတပ္မွ vigo ကားျဖင့္ သယ္ေဆာင္သြားေၾကာင္း သိရသည္။ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ မုံးကိုးၿမိဳ႕နယ္၊ မန္ခြမ္ေက်းရြာတြင္ ယေန႔လည္း ေကအိုင္ေအ ႏွင့္ စစ္ေကာင္စီတပ္ တိုက္ပြဲျဖစ္ပြားေနၿပီး မန္ပိန္းေက်းရြာ ျပည္သူမ်ား စိုးရိမ္ေၾကာက္လန္႔ၿပီး စစ္ေရွာင္ရန္ျပင္ဆင္ေနၿပီျဖစ္ေၾကာင္းသိရသည္။
———————–
ရှမ်းမြောက် မိုင်းခွဲခံရသည့် စစ်ကောင်စီစစ်ကြောင်း ၁၀ ယောက်ခန့် သေ28 August 2021 – Kachinwaves
မူဆယ်မြို့နယ်၊ နမ့်တောင်းအထက် မခေါနမ်ကျေးရွာဘက်သို့တက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကေအိုင်အေမှ ဩဂုတ်လ၂ရရက်နေ့တွင် ဆွဲမှိုင်း ၄လုံးဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ ၁ဝဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကို စစ်ကောင်စီတပ်မှ vigo ကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးမြို့နယ်၊ မန်ခွမ်ကျေးရွာတွင် ယနေ့လည်း ကေအိုင်အေ နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေပြီး မန်ပိန်းကျေးရွာ ပြည်သူများ စိုးရိမ်ကြောက်လန့်ပြီး စစ်ရှောင်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။