ရွမ္းေျမာက္ ယေန႔တိုက္ပြဲ စစ္ေကာင္စီဘက္က တပ္ရင္းမႉးႏွစ္ဦးအပါ တပ္ရင္း တစ္ရင္းလုံးနီးပါးျပဳတ္
|ရွမ္းေျမာက္ ယေန႔တိုက္ပြဲ စစ္ေကာင္စီဘက္က တပ္ရင္းမႉးႏွစ္ဦးအပါ တပ္ရင္း တစ္ရင္းလုံးနီးပါးျပဳတ္ 28 August 2021-Kachinwaves
ရွမ္းေျမာက္ မုံးကိုးၿမိဳ႕နယ္၊ မန္ခြမ္ ႏွင့္ မန္ပိန္းတို႔ ၾကားလႈပ္ရွားေနသည့္ စစ္ေကာင္စီ စစ္ေၾကာင္း တစ္ခုအား ယေန႔ညေနပိုင္းက ေကအိုင္ေအ ႏွင့္ ကိုးကန္႔တပ္MNDAA တို႔ ပူးေပါင္းတိုက္ခိုက္ရာ စစ္ေကာင္စီ ဘက္မွ တပ္ရင္းမႉး ႏွစ္ဦးအပါ တပ္ရင္းတစ္ခုလုံးနီးပါး က်သြားေၾကာင္း သတင္းရရွိသည္။
“တက္လာတဲ့ စစ္ေကာင္စီ စစ္ေၾကာင္းကို ဝိုင္းၿပီးတိုက္တာတဲ့။ တပ္ရင္းမႉးက ၃ ေယာက္ပါတယ္ေျပာတယ္ ႏွစ္ေယာက္က ေသသြားတယ္၊တစ္ေယာက္က ဒဏ္ရာျပင္းထန္လို႔ မုံးကိုးဗ်ဴဟာက ေလယာဥ္နဲ႔လာသယ္သြားတယ္တဲ့။တပ္ရင္းတစ္ခုလုံးနီးပါး က်သြားတယ္တဲ့။ ရာဂဏန္းရွိတယ္တဲ့ ” ဟုေဒသခံတစ္ဦးကဆိုသည္။
အဆိုပါ ေနရာတြင္ ယေန႔မနက္ ၈ နာရီမွ ၁၀ နာရီ ထိ တစ္ႀကိမ္ ယေန႔ညေန ၄ နာရီမွ ၇ နာရီ ထိ တစ္ႀကိမ္ တိုက္ပြဲျပင္းထန္ခဲ့ၿပီး ယေန႔ညေနတိုက္ပြဲမွာ စစ္ေကာင္စီဘက္မွ အက်အဆုံးမ်ားျခင္းျဖစ္ေၾကာင္း သိရသည္။အဆိုပါေဒသဘက္ စစ္ေကာင္စီဘက္မွ တပ္ရင္း ၃ ခု တက္လာတာျဖစ္ၿပီး ယေန႔ညက်သြားသည့္ တပ္ရင္းမွာ ခမရ ၅၂၅ ျဖစ္ေၾကာင္းလည္းသိရသည္။
ရှမ်းမြောက် ယနေ့တိုက်ပွဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနှစ်ဦးအပါ တပ်ရင်း တစ်ရင်းလုံးနီးပါးပြုတ် 28 August 2021-Kachinwaves
ရှမ်းမြောက် မုံးကိုးမြို့နယ်၊ မန်ခွမ် နှင့် မန်ပိန်းတို့ ကြားလှုပ်ရှားနေသည့် စစ်ကောင်စီ စစ်ကြောင်း တစ်ခုအား ယနေ့ညနေပိုင်းက ကေအိုင်အေ နှင့် ကိုးကန့်တပ်MNDAA တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှ တပ်ရင်းမှူး နှစ်ဦးအပါ တပ်ရင်းတစ်ခုလုံးနီးပါး ကျသွားကြောင်း သတင်းရရှိသည်။
“တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဝိုင်းပြီးတိုက်တာတဲ့။ တပ်ရင်းမှူးက ၃ ယောက်ပါတယ်ပြောတယ် နှစ်ယောက်က သေသွားတယ်၊တစ်ယောက်က ဒဏ်ရာပြင်းထန်လို့ မုံးကိုးဗျူဟာက လေယာဉ်နဲ့လာသယ်သွားတယ်တဲ့။တပ်ရင်းတစ်ခုလုံးနီးပါး ကျသွားတယ်တဲ့။ ရာဂဏန်းရှိတယ်တဲ့ ” ဟုဒေသခံတစ်ဦးကဆိုသည်။
အဆိုပါ နေရာတွင် ယနေ့မနက် ၈ နာရီမှ ၁၀ နာရီ ထိ တစ်ကြိမ် ယနေ့ညနေ ၄ နာရီမှ ၇ နာရီ ထိ တစ်ကြိမ် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့ညနေတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ အကျအဆုံးများခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါဒေသဘက် စစ်ကောင်စီဘက်မှ တပ်ရင်း ၃ ခု တက်လာတာဖြစ်ပြီး ယနေ့ညကျသွားသည့် တပ်ရင်းမှာ ခမရ ၅၂၅ ဖြစ်ကြောင်းလည်းသိရသည်။
crd–