လက္နက္ကိုင္ထားသည့္ မန္းေဂ်ာ္နီပုံ အြန္လိုင္းေပၚပ်ံႏွံ့ၿပီးေနာက္ ၎၏ေနအိမ္ကို စစ္ေကာင္စီက ဝင္ေရာက္စီးနင္းရွာေဖြ

လက္နက္ကိုင္ထားသည့္ မန္းေဂ်ာ္နီပုံ အြန္လိုင္းေပၚပ်ံႏွံ့ၿပီးေနာက္ ၎၏ေနအိမ္ကို စစ္ေကာင္စီက ဝင္ေရာက္စီးနင္းရွာေဖြ
==========================
ဧရာဝတီတိုင္း၊ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ ေအာင္ဆန္းရပ္ကြက္ရွိ ဝန္ႀကီးခ်ဳပ္ေဟာင္း မန္းေဂ်ာ္နီ၏ေနအိမ္ကို စစ္ေကာင္စီက ဩဂုတ္ ၂၉ရက္တြင္ ဝင္ေရာက္ရွာေဖြမႈ လုပ္ေဆာင္ခဲ့ေၾကာင္းေဒသခံမ်ားက ေျပာသည္။

“အဖိုးအိမ္ကို ဝင္ရွာတာ ပထမေတာ့ ကၽြန္ေတာ္အကို ကိုေခၚသြားတယ္။ သိပ္မၾကာပါဘူး ျပန္လႊတ္လိုက္တယ္။ မိသားစုဝင္ေတြကိုေတာ့ ခရီးမသြားဖို႔ ခရီးသြားရင္ သူတို႔ကိုအေၾကာင္းၾကားရမယ္လို႔ မွာထားတယ္ ေျပာတယ္။ နာဇရတ္ကက္သလစ္ဘုရားေက်ာင္းကိုလည္း ဝင္ရွာေသးတယ္။ ဘာမွေတာ့ လုပ္မသြားဘူး”ဟု မန္းေဂ်ာ္နီး၏မိသားစုဝင္မ်ားႏွင့္ နီးစပ္သူတစ္ဦးကေျပာသည္။

ေျပာက္က်ားဝတ္စုံဝတ္ဆင္ထားၿပီး ေသနတ္ကိုင္ေဆာင္ထားသည့္ မန္းေဂ်ာ္နီ၏ ဓာတ္ပုံ အြန္လိုင္းေပၚ တြင္ ပ်ံ႕ႏွံ့ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ စစ္ေကာင္စီမွအင္အား ၁၀၀ ခန႔္ျဖင့္ ၎၏ မိသားစုဝင္မ်ားေနထိုင္သည့္ ေနအိမ္ကို ဝင္ေရာက္ရွာေဖြမႈ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

ဝင္ေရာက္ရွာေဖြအၿပီးတြင္ မန္းေဂ်ာ္နီ ဝန္ႀကီးခ်ဳပ္အျဖစ္က အနားယူၿပီးေနာက္တြင္ ဝယ္ယူထားသည့္ ေမာ္ေတာ္ယာဥ္တစ္စင္းႏွင့္ ေနအိမ္ရွိ လက္ကိုင္ဖုန္းအခ်ိဳ႕ကို သိမ္းဆည္းသြားခဲ့ေၾကာင္း သိရသည္။

ယင္းရွာေဖြလုပ္ေဆာင္မႈသည္ စစ္ေကာင္စီ၏ တိုက္ရိုက္ညႊန္ၾကားခ်က္အတိုင္း လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည့္အတြက္ တစ္စုံတရာ သိရွိရန္ ခက္ခဲေၾကာင္း ဧရာဝတီတိုင္းအတြင္းရွိ အမည္မေဖာ္လိုသူ သတင္းရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။ဓာတ္ပုံ – ပုံအေဟာင္းcrd-

——–

လက်နက်ကိုင်ထားသည့် မန်းဂျော်နီပုံ အွန်လိုင်းပေါ်ပျံနှံ့ပြီးနောက် ၎င်း၏နေအိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေ
==========================
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏နေအိမ်ကို စစ်ကောင်စီက ဩဂုတ် ၂၉ရက်တွင် ဝင်ရောက်ရှာဖွေမှု လုပ်ဆောင်ခဲ့ကြောင်းဒေသခံများက ပြောသည်။

“အဖိုးအိမ်ကို ဝင်ရှာတာ ပထမတော့ ကျွန်တော်အကို ကိုခေါ်သွားတယ်။ သိပ်မကြာပါဘူး ပြန်လွှတ်လိုက်တယ်။ မိသားစုဝင်တွေကိုတော့ ခရီးမသွားဖို့ ခရီးသွားရင် သူတို့ကိုအကြောင်းကြားရမယ်လို့ မှာထားတယ် ပြောတယ်။ နာဇရတ်ကက်သလစ်ဘုရားကျောင်းကိုလည်း ဝင်ရှာသေးတယ်။ ဘာမှတော့ လုပ်မသွားဘူး”ဟု မန်းဂျော်နီး၏မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ပြောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် မန်းဂျော်နီ၏ ဓာတ်ပုံ အွန်လိုင်းပေါ် တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီမှအင်အား ၁၀၀ ခန့်ဖြင့် ၎င်း၏ မိသားစုဝင်များနေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဝင်ရောက်ရှာဖွေအပြီးတွင် မန်းဂျော်နီ ဝန်ကြီးချုပ်အဖြစ်က အနားယူပြီးနောက်တွင် ဝယ်ယူထားသည့် မော်တော်ယာဉ်တစ်စင်းနှင့် နေအိမ်ရှိ လက်ကိုင်ဖုန်းအချို့ကို သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

ယင်းရှာဖွေလုပ်ဆောင်မှုသည် စစ်ကောင်စီ၏ တိုက်ရိုက်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည့်အတွက် တစ်စုံတရာ သိရှိရန် ခက်ခဲကြောင်း ဧရာဝတီတိုင်းအတွင်းရှိ အမည်မဖော်လိုသူ သတင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဓာတ်ပုံ – ပုံအဟောင်း

crd-

Add a Comment

Your email address will not be published. Required fields are marked *