လက္နက္ကိုင္ စိတ္ေဝဒနာသည္မ်ားဝါရွင္တန္ပို႔စ္သတင္းစာႀကီးက

လက္နက္ကိုင္ စိတ္ေဝဒနာသည္မ်ားဝါရွင္တန္ပို႔စ္သတင္းစာႀကီးက ျမန္မာစစ္တပ္ဟာ စစ္သုံးလက္နက္မ်ားႏွင့္ သူ႔ျပည္သူကိုသူ ဘယ္လိုအၾကမ္းဖက္ခဲ့သလဲဆိုတာကို ေလ့လာဆန္းစစ္ၿပီး “ႏွိမ္နင္းၿဖိဳခြဲမႈ တစ္ခု၏ အတြင္းသ႑ာန္ (Anatomy of a crackdown)” ဆိုၿပီး ဩဂုတ္လ ၂၅ ရက္ေန႔က ေဆာင္းပါးေရးသား တင္ျပခဲ့ပါတယ္။

သူတို႔ဟာ ဗီဒီယိုနဲ႔ ဓာတ္ပုံေပါင္း ၁၅,၀၀၀ ကို ၾကည့္ရႈခဲ့တဲ့အျပင္ ျမန္မာျပည္တစ္နံတစ္လ်ားက စစ္တပ္တပ္ရင္းတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္တို႔ တင္ထားတဲ့ TikTok ဗီဒီယိုေပါင္း ၂၀,၀၀၀ ခန႔္ကိုလည္း ေလ့လာခဲ့ၾကပါတယ္။

စစ္သားနဲ႔ ရဲေတြရဲ့ အဲဒီ Tik Tok ေတြထဲမွာ အရပ္သားေတြအေပၚ အၾကမ္းဖက္မႈေတြကို ေထာက္ခံတာ၊ ဆႏၵျပသူေတြ ေသဆုံးၾကတာေတြအ‌ေပၚ ေအာင္ပြဲခံၾကတာေတြ ေတြ႕ရတယ္လို႔ ဆိုပါတယ္။

(တိုင္းတစ္ပါးသားနဲ႔ စစ္ျဖစ္တာလည္းမဟုတ္၊ ကိုယ့္လူမ်ိဳး အခ်င္းခ်င္း၊ စစ္တိုက္ၾကတာလည္းမဟုတ္၊ ဆႏၵျပတာ‌ေတြကို စစ္တိုက္တဲ့ လက္နက္ႀကီးေတြနဲ႔ အေသသတ္ၾကတာ၊ အဲဒါကို ေထာက္ခံၾက၊ ေအာင္ပြဲခံ ဂုဏ္ယူေနၾကတာကေတာ့ ေတာ္႐ုံမဟုတ္ပါ၊ Psychopath လို႔ေခၚတဲ့ စိတ္ေဝဒနာရွင္ေတြဆီမွာသာ ရွိနိုင္တဲ့ စိတ္အေျခအေန ျဖစ္ပါတယ္။

လူေတြကို စိတ္ေဝဒနာသည္ေတြ ျဖစ္မွန္းမသိျဖစ္ေအာင္ ႏွစ္ေပါင္းမ်ားစြာ စနစ္တက် သင္ၾကားေလ့က်င့္ ေပးခဲ့တာကလားဗ်ာ။ )
ကြင္းထဲက စာသားက ကိုယ့္ေကာက္ခ်က္ပါ၊ ဝါရွင္တန္ပို႔စ္မွာ ေရးထားတာမဟုတ္ပါ။credit: AKK

————-

လက်နက်ကိုင် စိတ်ဝေဒနာသည်များဝါရှင်တန်ပို့စ်သတင်းစာကြီးက မြန်မာစစ်တပ်ဟာ စစ်သုံးလက်နက်များနှင့် သူ့ပြည်သူကိုသူ ဘယ်လိုအကြမ်းဖက်ခဲ့သလဲဆိုတာကို လေ့လာဆန်းစစ်ပြီး “နှိမ်နင်းဖြိုခွဲမှု တစ်ခု၏ အတွင်းသဏ္ဍာန် (Anatomy of a crackdown)” ဆိုပြီး ဩဂုတ်လ ၂၅ ရက်နေ့က ဆောင်းပါးရေးသား တင်ပြခဲ့ပါတယ်။

သူတို့ဟာ ဗီဒီယိုနဲ့ ဓာတ်ပုံပေါင်း ၁၅,၀၀၀ ကို ကြည့်ရှုခဲ့တဲ့အပြင် မြန်မာပြည်တစ်နံတစ်လျားက စစ်တပ်တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်တို့ တင်ထားတဲ့ TikTok ဗီဒီယိုပေါင်း ၂၀,၀၀၀ ခန့်ကိုလည်း လေ့လာခဲ့ကြပါတယ်။

စစ်သားနဲ့ ရဲတွေရဲ့ အဲဒီ Tik Tok တွေထဲမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ထောက်ခံတာ၊ ဆန္ဒပြသူတွေ သေဆုံးကြတာတွေအ‌ပေါ် အောင်ပွဲခံကြတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

(တိုင်းတစ်ပါးသားနဲ့ စစ်ဖြစ်တာလည်းမဟုတ်၊ ကိုယ့်လူမျိုး အချင်းချင်း၊ စစ်တိုက်ကြတာလည်းမဟုတ်၊ ဆန္ဒပြတာ‌တွေကို စစ်တိုက်တဲ့ လက်နက်ကြီးတွေနဲ့ အသေသတ်ကြတာ၊ အဲဒါကို ထောက်ခံကြ၊ အောင်ပွဲခံ ဂုဏ်ယူနေကြတာကတော့ တော်ရုံမဟုတ်ပါ၊ Psychopath လို့ခေါ်တဲ့ စိတ်ဝေဒနာရှင်တွေဆီမှာသာ ရှိနိုင်တဲ့ စိတ်အခြေအနေ ဖြစ်ပါတယ်။

လူတွေကို စိတ်ဝေဒနာသည်တွေ ဖြစ်မှန်းမသိဖြစ်အောင် နှစ်ပေါင်းများစွာ စနစ်တကျ သင်ကြားလေ့ကျင့် ပေးခဲ့တာကလားဗျာ။ )
ကွင်းထဲက စာသားက ကိုယ့်ကောက်ချက်ပါ၊ ဝါရှင်တန်ပို့စ်မှာ ရေးထားတာမဟုတ်ပါ။
credit: AKK   မူရင်းလင့်  https://www.washingtonpost.com/…/myanmar-crackdown…/

Add a Comment

Your email address will not be published. Required fields are marked *