လက္နက္ က်ည္ ဆန္ ေငြ ေရႊ အမႈတြဲစာရြက္စာတမ္းေတြေရာ ယူၿပီး CDM ျပဳလုပ္သြားတယ္
|“ယင္းမာပင္ၿမိဳ႕နယ္ ရဲစခန္းမွာ CDM လုပ္သြားတဲ့ ရဲတစ္ဦး၏ မိဘအပါအဝင္ မိန္းမႏွင့္သားသမီးတို႔ကို
စစ္ေကာင္စီက ဓားစာခံအျဖစ္ ဖမ္းဆီးထား”
စစ္ကိုင္းတိုင္းေဒသႀကီး ယင္းမာပင္ၿမိဳ႕နယ္ရဲစခန္းမွာ CDM ျပဳလုပ္သြားတဲ့ ရဲတစ္ဦး၏ မိဘအပါအဝင္
မိန္းမႏွင့္သားသမီးတို႔ကို အၾကမ္းဖက္စစ္ေကာင္စီက ဓားစာခံအျဖစ္ မေန႔က
ဖမ္းဆီးထိန္းသိမ္းလိုက္တာပါ။
အဲဒီCDM ျပဳလုပ္သြားတဲ့ ရဲဝန္ထမ္းဟာ စခန္းကေန က်ည္ဆန္တစ္ရာေက်ာ္၊
အၾကမ္းဖက္စစ္ေကာင္စီေတြ ဖမ္းဆီးထားတဲ့၊ လက္နက္ေရာ က်ည္ ဆန္ေတြေရာ ေငြသားေတြေရာ
ေရႊေတြေရာ အမႈတြဲစာရြက္စာတမ္းေတြေရာ ယူၿပီး CDM ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။
“က်ေနာ္တို႔ၾကားတာကေတာ့ မေန႔ကပဲ သူက CDM ျပဳလုပ္သြားတယ္တဲ့။
သူနဲ႔အတူ လက္နက္ေရာ က်ည္ ဆန္ေတြေရာ ေငြသားေတြေရာ ေရႊေတြေရာ အမႈတြဲစာရြက္စာတမ္းေတြေရာ
တစ္ပါးတည္းယူေဆာင္သြားတယ္။
အခု စခန္းက တာဝန္ရွိတဲ့သူေတြ ျပာယာခတ္ေနၾကၿပီ။CDMလုပ္တဲ့ရဲကို မမိေတာ့ သူ႔မိဘရယ္
မိန္းမနဲ႔ကေလးရယ္ကိုေတာ့ စစ္ေကာင္စီက ဓားစာခံအျဖစ္ ဖမ္းဆီးထားတယ္တဲ့။
ညေနကပဲ သူ႔မိဘႏွစ္ပါးေနတဲ့ ရြာကို လာၿပီး ဖမ္းသြားတယ္”လို႔ ယင္းမာပင္ၿမိဳ႕နယ္
ေဒသခံတစ္ဉီးက ေျပာပါတယ္။
CDMျပဳလုပ္သြားတဲ့ ရဲဟာ ယင္းမာပင္ၿမိဳ႕ ရဲစခန္းက လ/၁၉၇၂၁၈ ရဲတပ္ၾကပ္ႀကီး
ေဇာ္မင္းဝင္းဆိုသူျဖစ္တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။
အၾကမ္းဖက္စစ္ေကာင္စီက သူ႔ကိုအျမန္ဆုံးဖမ္းဆီးရမိေရးအတြက္ နယ္ေျမအခ်ိဳ႕ကို
ေျမလွန္ၿပီးစုံစမ္းေထာက္ လွမ္းေနတာျဖစ္ပါတယ္။
Photo–ျပည္သူနဲ႔အတူ ပူးေပါင္းၿပီး CDM ျပဳလုပ္သြားတဲဲ့ ရဲဝန္ထမ္းကို ေတြ႕ရစဥ္
Source – မ်က္ေမွာက္ေခတ္
“ယင်းမာပင်မြို့နယ် ရဲစခန်းမှာ CDM လုပ်သွားတဲ့ ရဲတစ်ဦး၏ မိဘအပါအဝင် မိန်းမနှင့်သားသမီးတို့ကို
စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထား”
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်ရဲစခန်းမှာ CDM ပြုလုပ်သွားတဲ့ ရဲတစ်ဦး၏ မိဘအပါအဝင်
မိန်းမနှင့်သားသမီးတို့ကို အကြမ်းဖက်စစ်ကောင်စီက ဓားစာခံအဖြစ် မနေ့က
ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ။
အဲဒီCDM ပြုလုပ်သွားတဲ့ ရဲဝန်ထမ်းဟာ စခန်းကနေ ကျည်ဆန်တစ်ရာကျော်၊
အကြမ်းဖက်စစ်ကောင်စီတွေ ဖမ်းဆီးထားတဲ့၊ လက်နက်ရော ကျည် ဆန်တွေရော ငွေသားတွေရော
ရွှေတွေရော အမှုတွဲစာရွက်စာတမ်းတွေရော ယူပြီး CDM ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
“ကျနော်တို့ကြားတာကတော့ မနေ့ကပဲ သူက CDM ပြုလုပ်သွားတယ်တဲ့။
သူနဲ့အတူ လက်နက်ရော ကျည် ဆန်တွေရော ငွေသားတွေရော ရွှေတွေရော အမှုတွဲစာရွက်စာတမ်းတွေရော
တစ်ပါးတည်းယူဆောင်သွားတယ်။
အခု စခန်းက တာဝန်ရှိတဲ့သူတွေ ပြာယာခတ်နေကြပြီ။CDMလုပ်တဲ့ရဲကို မမိတော့ သူ့မိဘရယ်
မိန်းမနဲ့ကလေးရယ်ကိုတော့ စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်တဲ့။
ညနေကပဲ သူ့မိဘနှစ်ပါးနေတဲ့ ရွာကို လာပြီး ဖမ်းသွားတယ်”လို့ ယင်းမာပင်မြို့နယ်
ဒေသခံတစ်ဉီးက ပြောပါတယ်။
CDMပြုလုပ်သွားတဲ့ ရဲဟာ ယင်းမာပင်မြို့ ရဲစခန်းက လ/၁၉၇၂၁၈ ရဲတပ်ကြပ်ကြီး
ဇော်မင်းဝင်းဆိုသူဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက သူ့ကိုအမြန်ဆုံးဖမ်းဆီးရမိရေးအတွက် နယ်မြေအချို့ကို
မြေလှန်ပြီးစုံစမ်းထောက် လှမ်းနေတာဖြစ်ပါတယ်။
Photo–ပြည်သူနဲ့အတူ ပူးပေါင်းပြီး CDM ပြုလုပ်သွားတဲဲ့ ရဲဝန်ထမ်းကို တွေ့ရစဉ်
Source – မျက်မှောက်ခေတ်