လန်ဒန်မြို့တွင်ပြုလုပ်သည့် ၇၄နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ မြေး ကိုထိန်လင်းလည်း တက်ရောက်ခဲ့
ဓာတ်ပုံ – CJ
လန်ဒန်မြို့၌ ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် တက်ရောက်
တကမ္ဘာလုံးဆိုင်ရာ အာဇာနည်နေ့ အခမ်းအနား သပိတ်ကို ဇူလိုင်လ ၁၇၊ ၁၈၊ ၁၉ ရက်တွေမှာ နိုင်ငံအသီးသီးမှာရှိကြတဲ့ ပြည်ပရောက် မြန်မာများက ဦးဆောင်ကျင်းပလျက်ရှိပါတယ်။
လန်ဒန်မြို့မှာလည်း ဇူလိုင်လ ၁၇ ရက်၊ ၁၈ ရက်၊ ၁၉ ရက်တွေမှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ရာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် ကိုထိန်လင်း (Kim Aris) တက်ရောက်ခဲ့ပြီးတော့
အဖိုးဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ကျဆုံးခဲ့ရသော အာဇာနည်များကို ဂါဝရပြုကြောင်းနဲ့
မြန်မာပြည်သူ လူထုကို အားပေးစကားများလည်း ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ – CJ