လုံျခဳံေရး ယူထားသည့္ ေနရာအနီး ဗုံး ၂ လုံး ဆက္တိုက္ ေပါက္ကြဲတစ္ေယာက္ပြဲခ်င္းပီးနွစ္ေယာက္ဆန့္ငင္ဆန့္ငင္ျဖစ္

ျပည္ၿမိဳ႕တြင္ စစ္ေကာင္စီတပ္မ်ား လုံျခဳံေရး ယူထားသည့္ ေနရာအနီး ဗုံး ၂ လုံး ဆက္တိုက္ ေပါက္ကြဲ၊ စက္တင္ဘာ ၆၊ ၂၀၂၁

ျပည္ၿမိဳ႕၊ ဗိုလ္ခ်ဳပ္လမ္းမေပၚ ရွိ ေခတၱရာပန္းၿခံအေရွ႕ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား လုံျခဳံေရးယူေလ့ရွိသည့္ ေနရာအနီးတြင္ ယေန႔ ေန႔လယ္ပိုင္းက ဗုံး ၂ လုံး ဆက္တိုက္ ေပါက္ကြဲခဲ့ၿပီးေနာက္ စစ္သားတဦး ေသဆုံးသြားခဲ့ေၾကာင္း စုံစမ္း သိရွိရသည္။

“အခုေတာ့ ဗိုလ္ခ်ဳပ္လမ္းကို ပိတ္ခ်လိုက္ၿပီ။ ဘယ္သူမွ သြားလို႔ မရေတာ့ဘူး။ ေပါက္ကြဲၿပီးေတာ့ ထိသြားတဲ့ စစ္သားတေယာက္ကို လာသယ္သြားတာ က်ေနာ္မိတ္ေဆြေတြ ျမင္လိုက္ရတယ္။ ထိတယ္ဆိုတာ တခါတည္း ေသသြားတာ။ ႏွစ္ေယာက္ေလာက္ ဒဏ္ရာျပင္းတယ္ေပါ့”ဟု ျပည္ၿမိဳ႕ခံတဦးက ေျပာသည္။

တျခားသတင္းရင္းျမစ္တဦးကလည္း “ဗုံးက ၂ နာရီခြဲေလာက္မွာ တႀကိမ္၊ ၃ နာရီေလာက္မွာ တႀကိမ္ ကြဲတယ္။ ဒုတိယ တႀကိမ္ကြဲၿပီးေတာ့ စက္ေသနတ္နဲ႔ အတြဲလိုက္ ပစ္တာေတြ ၾကားရတယ္။ ေပါက္ကြဲသံက ေတာ္ေတာ္က်ယ္တယ္။ အခု ရပ္ကြက္ေတြထဲအထိ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြ ေရာက္ေနၿပီ”ဟု ေျပာသည္။

ယခု ေပါက္ကြဲသည့္ ေနရာသည္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီ လက္နက္ကိုင္တပ္မ်ား ပုံမွန္တပ္စြဲထားသည့္ ေနရာတခုျဖစ္ေၾကာင္း ျပည္ၿမိဳ႕ခံမ်ားထံမွ သိရသည္။”က်မက ေန႔လည္ပိုင္းက ၿမိဳ႕ထဲက ထြက္လာလိုက္တာ။ ၿမိဳ႕ထဲမွာ ေပါက္ကြဲမႈ ျဖစ္တယ္လို႔ပဲ ၾကားတာ။ အခု ျပန္လာေတာ့ ၿမိဳ႕အဝင္မွာ လုံျခဳံေရးေတြမွ အမ်ားႀကီးပဲ။ လူတိုင္းကိုလည္း ေသခ်ာစစ္ေနတယ္”ဟု ျပည္ၿမိဳ႕ခံတဦးကလည္း ေျပာသည္။

ျပည္ၿမိဳ႕သည္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဆႏၵျပပြဲမ်ား၊ သပိတ္မ်ားျဖင့္ ဦးေဆာင္ တက္ႂကြလႈပ္ရွားခဲ့သည့္ ေျမလတ္ေဒသမွ ၿမိဳ႕တၿမိဳ႕ ျဖစ္ၿပီး စာေရးဆရာ၊ နိုင္ငံေရးသမား၊ သတင္းသမားမ်ားလည္း အားေကာင္းသည့္ ၿမိဳ႕တခု ျဖစ္သည္။crd-ဧရာဝတီ၊

—————

ပြည်မြို့တွင် စစ်ကောင်စီတပ်များ လုံခြုံရေး ယူထားသည့် နေရာအနီး ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲ၊ စက်တင်ဘာ ၆၊ ၂၀၂၁ပြည်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ် ရှိ ခေတ္တရာပန်းခြံအရှေ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေးယူလေ့ရှိသည့် နေရာအနီးတွင် ယနေ့ နေ့လယ်ပိုင်းက ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီးနောက် စစ်သားတဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။

“အခုတော့ ဗိုလ်ချုပ်လမ်းကို ပိတ်ချလိုက်ပြီ။ ဘယ်သူမှ သွားလို့ မရတော့ဘူး။ ပေါက်ကွဲပြီးတော့ ထိသွားတဲ့ စစ်သားတယောက်ကို လာသယ်သွားတာ ကျနော်မိတ်ဆွေတွေ မြင်လိုက်ရတယ်။ ထိတယ်ဆိုတာ တခါတည်း သေသွားတာ။ နှစ်ယောက်လောက် ဒဏ်ရာပြင်းတယ်ပေါ့”ဟု ပြည်မြို့ခံတဦးက ပြောသည်။

တခြားသတင်းရင်းမြစ်တဦးကလည်း “ဗုံးက ၂ နာရီခွဲလောက်မှာ တကြိမ်၊ ၃ နာရီလောက်မှာ တကြိမ် ကွဲတယ်။ ဒုတိယ တကြိမ်ကွဲပြီးတော့ စက်သေနတ်နဲ့ အတွဲလိုက် ပစ်တာတွေ ကြားရတယ်။ ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ အခု ရပ်ကွက်တွေထဲအထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရောက်နေပြီ”ဟု ပြောသည်။

ယခု ပေါက်ကွဲသည့် နေရာသည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်တပ်များ ပုံမှန်တပ်စွဲထားသည့် နေရာတခုဖြစ်ကြောင်း ပြည်မြို့ခံများထံမှ သိရသည်။

“ကျမက နေ့လည်ပိုင်းက မြို့ထဲက ထွက်လာလိုက်တာ။ မြို့ထဲမှာ ပေါက်ကွဲမှု ဖြစ်တယ်လို့ပဲ ကြားတာ။ အခု ပြန်လာတော့ မြို့အဝင်မှာ လုံခြုံရေးတွေမှ အများကြီးပဲ။ လူတိုင်းကိုလည်း သေချာစစ်နေတယ်”ဟု ပြည်မြို့ခံတဦးကလည်း ပြောသည်။ပြည်မြို့သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများ၊ သပိတ်များဖြင့် ဦးဆောင် တက်ကြွလှုပ်ရှားခဲ့သည့် မြေလတ်ဒေသမှ မြို့တမြို့ ဖြစ်ပြီး စာရေးဆရာ၊ နိုင်ငံရေးသမား၊ သတင်းသမားများလည်း အားကောင်းသည့် မြို့တခု ဖြစ်သည်။crd-ဧရာဝတီ၊

Add a Comment

Your email address will not be published. Required fields are marked *