ရန်ကုန်၊ သြဂုတ် ၃
ဝိုင်းမော်မြို့တွင် ယနေ့ည ပစ်ခတ်သံများထွက်ပေါ်၊ ခလရ ၅၈ တပ်ရင်း ဝင်တိုက်ခံဟုဆို (ရုပ်/သံ)
ရန်ကုန်၊ သြဂုတ် ၃
ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် သြဂုတ်လ ၃ ရက် ယနေ့ည ၇ နာရီ ၄၀ မိနစ် ဝန်းကျင်မှ စတင်ကာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်ေ
နပြီး စစ်ကောင်စီ၏ ဝိုင်းမော် အခြေစိုက် ခလရ ၅၈ တပ်ရင်းကို KIA မှ ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ ခလရ ၅၈ တပ်ရင်းကို ဇူလိုင်လ ၂၉ ရက် ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ လာရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုများကြား
အရပ်သားတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။