ဝိုင္းေမာ္ ခလရ ၅၈ မွ ပတ္ဝန္းက်င္ရွိ ေက်းရြာမ်ားကို လက္နက္ႀကီးမ်ားျဖင့္ ထပ္မံ ပစ္ခတ္
|ဝိုင္းေမာ္ ခလရ ၅၈ မွ ပတ္ဝန္းက်င္ရွိ ေက်းရြာမ်ားကို လက္နက္ႀကီးမ်ားျဖင့္ ထပ္မံ ပစ္ခတ္
ရန္ကုန္၊ ၾသဂုတ္ ၅
ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕အေျခစိုက္ အၾကမ္းဖက္စစ္ေကာင္စီ၏ ခလရ ၅၈ တပ္ရင္းမွ ၾသဂုတ္လ ၅ ရက္ နံနက္အေစာပိုင္းတြင္ လက္နက္ႀကီးပစ္ခတ္မႈမ်ားေၾကာ
င့္ ပတ္ဝန္းက်င္ရွိ ေက်းရြာမ်ားတြင္ လက္နက္ႀကီးမ်ား က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း ကခ်င္ေဒသသတင္းရင္းျမစ္မ်ားထံမွ သိရသည္။
ယေန႔ ၾသဂုတ္လ ၅ ရက္ နံနက္ ၂ နာရီခြဲဝန္းက်င္မွ ၃ နာရီခြဲအထိ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ လဘန္ေက်းရြာ၊ ခတ္ခ်ိဳေက်းရြာအနီးတဝိုက္ႏွင့္ ဝိုင္းေမာ္ၿ
မိဳ႕အဝင္ နန႔္ျမစ္ေခ်ာင္းအနီး စသည့္ ေနရာမ်ားတြင္ လက္နက္ႀကီးမ်ား က်ေရာက္ေပါက္ကြဲၿပီး ေနအိမ္အခ်ိဳ႕ ပ်က္စီးခဲ့ေၾကာင္း KNG မွ ဓါတ္ပုံမ်ားႏွင့္တကြ ေဖာ္ျပသည္။
“အခုျဖစ္ေနတာက ဝိုင္းေမာ္ၿမိဳ႕ အရပ္ေလးမ်က္ႏွာကို ရမ္းပစ္ေနသလို ျဖစ္ေနတာ၊ ညဖက္ လူသူအိပ္ခ်ိန္ေတြမွာ ပစ္ေနတာဆိုေတာ့ ျပည္သူေတြကို တမင္ ေျခာက္
လွန႔္ေနတာ ျဖစ္ေနၿပီ၊ အခုဆို လဘန္ေက်းရြာက ျပည္သူတခ်ိဳ႕ဆို ႀကိဳတင္စစ္ေဘးေရွာင္ေနၾကရၿပီ” ဟု KIA သတင္းရင္းျမစ္တစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။
အဆိုပါ ခလရ ၅၈ တပ္ရင္းကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္မွ သြားေရာက္တိုက္ခိုက္ျခင္းမရွိပဲ တဖက္သတ္ ရမ္းသန္းပစ္ခတ္ေနတာဟု KIO ဗဟိုဌာနခ်ဳပ္ သတ
င္းျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက သတင္းဌာနမ်ားသို႔ ေျပာၾကားထားသည္။
Photo – Kachin News Group
ဝိုင်းမော် ခလရ ၅၈ မှ ပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်
ရန်ကုန်၊ သြဂုတ် ၅
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၅၈ တပ်ရင်းမှ သြဂုတ်လ ၅ ရက် နံနက်အစောပိုင်းတွင် လက်နက်ကြီးပစ်ခတ်
မှုများကြောင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကချင်ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ သြဂုတ်လ ၅ ရက် နံနက် ၂ နာရီခွဲဝန်းကျင်မှ ၃ နာရီခွဲအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လဘန်ကျေးရွာ၊ ခတ်ချိုကျေးရွာအနီးတဝိုက်
နှင့် ဝိုင်းမော်မြို့အဝင် နန့်မြစ်ချောင်းအနီး စသည့် နေရာများတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း KNG မှ ဓါတ်ပုံ
များနှင့်တကွ ဖော်ပြသည်။
“အခုဖြစ်နေတာက ဝိုင်းမော်မြို့ အရပ်လေးမျက်နှာကို ရမ်းပစ်နေသလို ဖြစ်နေတာ၊ ညဖက် လူသူအိပ်ချိန်တွေမှာ ပစ်နေတာဆိုတော့ ပြည်သူတွေကို
တမင် ခြောက်လှန့်နေတာ ဖြစ်နေပြီ၊ အခုဆို လဘန်ကျေးရွာက ပြည်သူတချို့ဆို ကြိုတင်စစ်ဘေးရှောင်နေကြရပြီ” ဟု KIA သတင်းရင်းမြစ်တစ်ဦးမှ
ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်မှ သွားရောက်တိုက်ခိုက်ခြင်းမရှိပဲ တဖက်သတ် ရမ်းသန်းပစ်ခတ်နေတာဟု KIO
ဗဟိုဌာနချုပ် သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနများသို့ ပြောကြားထားသည်။
Photo – Kachin News Group