သုံးရက်အတွင်း စစ်ကောင်စီတပ်စခန်း ၆ခုကို KIA တိုက်ခိုက်
|သုံးရက်အတွင်း စစ်ကောင်စီတပ်စခန်း ၆ခုကို KIA တိုက်ခိုက်ရန်ကုန်၊ဇူလိုင်-၃၁
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းများကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က သွားရောက်တိုက်ခိုက်ခဲ့ရာ သုံးရက်အတွင်း စစ်ကောင်စီ တပ်စခ
န်း ၆ခုထိ တိုက်ခိုက်ခံခဲ့ရသည်။ဇူလိုင် ၂၉ရက်တွင် မူဆယ်- ကွတ်ခိုင် လမ်းပိုင်းရှိ နမ့်ပေါ်နှင့် နမ့်ခိုင် တပ်စခန်း၊ ဇူလိုင် ၂၉ရက် ညပိုင်းနှင့် ဇူလိုင် ၃၀ရက် နံနက်အစောပိုင်းတွင် ၀ိုင်းမော်ရှိ စစ်ေ
ကာင်စီတပ်ရင်းတစ်ခု၊ တနိုင်းလမ်းရှိ စစ်ဆေးရေးဂိတ်နှင့် မိုးကောင်းမြို့ရှိ စစ်ကောင်စီ စခန်းတစ်ခုတို့ တိုက်ခိုက်ခံခဲ့ရပြီး ယနေ့ ဇူလိုင် ၃၁ရက် နံနက်အစောပိုင်းတွင် နမ္မတီးမြို့ အနီးရှိ စီးဒီယန်
တပ်စခန်း တိုက်ခိုက်ခံခဲ့ရသည်။“မနေ့က အဲဒီ တပ်စခန်း(စီးဒီယန်)နဲ့ ၂မိုင်လောက်လှမ်းတဲ့နေရာမှာ တနိုင်းဘက် မိုးကောင်းဘက် နဲ့ ကားမိုင်းဘက်က လာတဲ့လမ်းဆုံ မရန်ကထောင် စုပေါင်းဂိ
တ် အဲဒါကို တိုက်တာ။ အဲဒီမှာ ဘယ်သူမှ အထိအခိုက်မကြားလိုက်ဘူး။ အခု ဒီမနက် အစောကြီးမှာ စီးဒီယန်စခန်းကို ပြန်ကိုင်တာ” ဟု နမ္မတီးဒေသခံက ပြောကြားသည်။ကချင်အခြေစိုက် သ
တင်းဌာနအချို့၏ ဖော်ပြချက်အရ ၀ိုင်းမော်ရှိ တပ်ရင်းတစ်ခု တိုက်ခိုက်ခံရခြင်းနှင့် စီးဒီယန်(ဆီးဒင်ယန်) စခန်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်ကသေဆုံးထိခိုက်မှုများ ရှိသည်ဟု သိရသ
ည်။ ထို့ပြင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားအချို့ သေဆုံးမှု ရှိခဲ့သည်ဟုလည်း ကချင်ဒေသခံတစ်ဦးက ပြောသည်။KIAက စစ်ကောင်စီတပ်စခန်း များကို
လာရောက်တိုက်ခိုက်သကဲ့သို့ စစ်ကောင်စီအနေဖြင့်လည်း KIA ဌာနချုပ် လိုင်ဇာဒေသ အနီးတ၀ိုက်သို့ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းများလည်းရှိသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်က ကချင်ေ
ဒသသို့ စစ်အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။
(တိုက်ပွဲတခုတွင် KIAတပ်သားများတိုက်ပွဲဝင်နေပုံ)