———-
” သူ့ပုံပါတဲ့”ဆွဲပြားကို…..လေလံတင်တော့၁၀၂သိန်းရတယ် ။ “သူ့ပုံပါတဲ့”ပန်းချီးကားကို…….လေလံတင်တော့သိန်းငါဆယ်ရတယ် ။”သူရေတဲ့”…….ကဗျာလေး လေးငါးကြောင်းက  သိန်းပေါင်း ၂၄ဝဝရတယ်။
“သူ့မွေးနေ့မှာ”….ပန်းသပိတ်ဆင်နွှဲလို့တစ်နိုင်လုံးပန်းတွေဝယ်မရအောင်ဖြစ်သွားတယ် ။”ကိုဗစ်ကြောင့်”……..မြေပြင်မှာထိတွေ့ဆက်ဆံရတာအဆင်မပြေတော့အွန်လိုင်းမှာ….ဖ့စ်ဘွခ်အကောင့်ဖွင့်တော့နာရီပိုင်းအတွင်း ဖေါ်လိုဝါးတစ်သန်းကျော်သွားလို့ဖေ့စ်ဘွခ်သမိုင်းမှာစံချိန်တင်သွားတယ် ။မိပန်ရေ …သူစီးတဲ့ဒေါက်ဖိနပ်တဖက်လောက်လေလံတင်ပြပါဦးဟဲ့ ..မိပန်ရေ …သူဝတ်တဲ့ထမိန်တကွင်းလောက်လေလံတင်ပြပါဦးဟဲ့။
မိပန်ရေ …သူဝတ်တဲ့ယဉ်ဖုံးလေးတထာ်လောက်လေလံတင်ပြပါဦးဟဲ့ ။ကြည့်စမ်း …အဖြူရောင်သဇင်တခက်နဲ့နီဝါရောင်နှင်းဆီပွင့်တွေကညိုမှောင်မှောင်အနက်ရောင်သန်းတဲ့ဆံကေသာကျော့ရှင်းမှာရိုးရိုးလေးဆင်မြန်းလိုက်တော့ …သတိလက်လွတ်  အတိတ်ကပုံရိပ်က  မသိစိတ်နဲ့တမ်းတ  သိစိတ်ကလွမ်းရတာပေါ့အမေ ….။လွမ်း …ရင်ထဲရှိသမျှ သိပ်ကို လွမ်း ။Credit PSL
Add a Comment
Your email address will not be published. Required fields are marked *