သူ႔လက္ေပၚမွာပဲ က်ဆုံးသြားတဲ့ ညီျဖစ္သူရဲ့႐ုပ္အေလာင္းကို ေပြ႕ခ်ီၿပီး ျပန္သယ္လာခဲ့ရပုံကို ဝမ္းနည္းေၾကကြဲစြာနဲ႔ ေျပာျပလာတဲ့ CDFရဲေဘာ္တစ္ဦး

သူ႔လက္ေပၚမွာပဲ က်ဆုံးသြားတဲ့ ညီျဖစ္သူရဲ့႐ုပ္အေလာင္းကို ေပြ႕ခ်ီၿပီး ျပန္သယ္လာခဲ့ရပုံကို ဝမ္းနည္းေၾကကြဲစြာနဲ႔ ေျပာျပလာတဲ့ CDFရဲေဘာ္တစ္ဦး

လြန္ခဲ့ေသာ ၁ နာရီ က 10:29 July 28, 2021

ခ်င္းျပည္နယ္၊မင္းတပ္မွာ အပစ္အခတ္ရပ္စဲထားတဲ့ ႏွစ္ဖက္သေဘာတူညီခ်က္ပ်က္ျပယ္သြားၿပီး တိုက္ပြဲေတြျပန္လည္ျဖစ္ပြားေနကာ ႏွစ္ဖက္က်ဆုံးမႈေတြလည္းရွိေနၾကပါတယ္။ ၿပီးခဲ့တဲ့ရက္ပို

င္းအတြင္းက ခ်င္းျပည္နယ္၊မင္းတပ္မွာ တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး အဆိုပါတိုက္ပြဲေၾကာင့္ မာန္းလို႔အမ်ားကေခၚၾကတဲ့ CDFလူငယ္ေလးတစ္ေယာက္ အသက္ေသဆုံးခဲ့ပါတယ္။ အဆိုပါCDFလူင

ယ္ေလးဟာ မ်က္ႏွာနဲ႔လက္တစ္ဖက္မွာ ဒဏ္ရာေတြရရွိခဲ့ၿပီး က်ဆုံးသြားခဲ့တာပဲျဖစ္ပါတယ္။အသက္ငယ္ေပမယ့္ တိုင္းျပည္အတြက္ ရဲရဲရင့္ရင့္နဲ႔အသက္စြန္႔ရင္း က်ဆုံးသြားတဲ့ အဆိုပါCDFလူင

ယ္ေလးအတြက္ ျပည္သူေတြက စိတ္မေကာင္းျဖစ္ေနၾကၿပီး ဝမ္းနည္းေနၾကပါတယ္။ ယခုမွာေတာ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(CDF)ရဲေဘာ္တစ္ဦးဟာ တိုက္ပြဲက်ၿပီး သူ႔လက္ကေလးေပၚမွာ

ပဲ အသက္ေသဆုံးသြားတဲ့ညီေလးမာန္းရဲ့အေၾကာင္းကို ေျပာျပရင္း ဝမ္းနည္းေၾကကြဲေနခဲ့ပါတယ္။ ငယ္ငယ္က ေပြ႕ခ်ီခဲ့ရတဲ့အတိုင္း က်ဆုံးသြားတဲ့ ညီေလးမာန္းရဲ့႐ုပ္အေလာင္းကိုေပြ႕ခ်ီၿပီး ျပန္

သယ္လာခဲ့ရတာေၾကာင့္ ၾကက္ေသေသၿပီး မ်က္ရည္ေတြမက်ေတာ့ေၾကာင္း ေျပာျပလာခဲ့တာျဖစ္ပါတယ္။က်ဆုံးသြားတဲ့ CDFလူငယ္ေလးရဲ့အစ္ကိုျဖစ္သူကေတာ့ ” ငါသိပ္ခ်စ္ရတဲ့ငါ့ညီေ

လး(မာန္)ေရ မင္းငယ္ငယ္တုန္းက မင္းကိုငါေပြ႕ခ်ီခဲ့ရသလိုပဲ မင္းက်သြားေတာ့လည္း ငါကိုယ္တိုင္ပဲအေျပးလာၿပီး မင္း႐ုပ္အေလာင္းကိုေပြ႕ခ်ီၿပီးျပန္သယ္ခဲ့ရတယ္ မင္းမ်က္ႏွာကိုၾကည့္ၿပီး ငါငို​ေ

တာင္မငိုတတ္ေတာ့ဘူး ငါၾကက္ေသေသေနခဲ့တယ္ ငါသိပ္ခ်စ္ရတဲ့ညီေလးမာန္းေရ ကိုနိုင္းရင္ဘတ္ႀကီးလည္းေပါက္ကြဲလုမတတ္ခံစားရတယ္ ဘယ္လိုမွကိုမခံစားနိုင္ဘူး ကိုနိုင္းကိုတကယ္ႀ

ကီးထားရစ္ခဲ့ၿပီလား ဒီဘဝမွာညီအကိုေတာ္စပ္မႈက ဒီေလာက္ပဲလားကြာ “ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့ပါတယ္။ေဖာ္ျပပါCDFလူငယ္ေလးအပါအဝင္ က်ဆုံးသြားတဲ့

သူရဲေကာင္းေတြအားလုံး ေကာင္းရာဘုံဘဝသို႔ေရာက္ရွိပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သေပးလိုက္ရပါတယ္။

သူ့လက်ပေါ်မှာပဲ ကျဆုံးသွားတဲ့ ညီဖြစ်သူရဲ့ရုပ်အလောင်းကို ပွေ့ချီပြီး ပြန်သယ်လာခဲ့ရပုံကို ဝမ်းနည်းကြေကွဲစွာနဲ့ ပြောပြလာတဲ့ CDFရဲဘော်တစ်ဦး

လွန်ခဲ့သော ၁ နာရီ က 10:29 July 28, 2021
ချင်းပြည်နယ်၊မင်းတပ်မှာ အပစ်အခတ်ရပ်စဲထားတဲ့ နှစ်ဖက်သဘောတူညီချက်ပျက်ပြယ်သွားပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေကာ နှစ်ဖက်ကျဆုံးမှုတွေလည်းရှိနေကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ချင်းပြည်နယ်၊မင်းတပ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲကြောင့် မာန်းလို့အများကခေါ်ကြတဲ့ CDFလူငယ်လေးတစ်ယောက် အသက်သေဆုံးခဲ့ပါတယ်။ အဆိုပါCDFလူငယ်လေးဟာ မျက်နှာနဲ့လက်တစ်ဖက်မှာ ဒဏ်ရာတွေရရှိခဲ့ပြီး ကျဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။အသက်ငယ်ပေမယ့် တိုင်းပြည်အတွက် ရဲရဲရင့်ရင့်နဲ့အသက်စွန့်ရင်း ကျဆုံးသွားတဲ့ အဆိုပါCDFလူငယ်လေးအတွက် ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြပြီး ဝမ်းနည်းနေကြပါတယ်။ ယခုမှာတော့ ပြည်သူ့

ကာကွယ်ရေးတပ်ဖွဲ့(CDF)ရဲဘော်တစ်ဦးဟာ တိုက်ပွဲကျပြီး သူ့လက်ကလေးပေါ်မှာပဲ အသက်သေဆုံးသွားတဲ့ညီလေးမာန်းရဲ့အကြောင်းကို ပြောပြရင်း ဝမ်းနည်းကြေကွဲနေခဲ့ပါတယ်။ ငယ်ငယ်က ပွေ့ချီခဲ့ရတဲ့အတိုင်း ကျဆုံးသွားတဲ့ ညီလေးမာန်းရဲ့ရုပ်အလောင်းကိုပွေ့ချီပြီး ပြန်သယ်လာခဲ့ရတာကြောင့် ကြက်သေသေပြီး မျက်ရည်တွေမကျတော့ကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်။ကျဆုံးသွားတဲ့ CDFလူငယ်လေးရဲ့အစ်ကိုဖြစ်သူကတော့ ” ငါသိပ်ချစ်ရတဲ့ငါ့ညီလေး(မာန်)ရေ မင်းငယ်ငယ်တုန်းက မင်းကိုငါပွေ့ချီခဲ့ရသလိုပဲ မင်းကျသွားတော့လည်း ငါကိုယ်တိုင်ပဲအပြေးလာပြီး မင်းရုပ်အလောင်းကိုပွေ့ချီပြီးပြန်သယ်ခဲ့ရတယ် မင်းမျက်နှာကိုကြည့်ပြီး ငါငို​တောင်မငိုတတ်တော့ဘူး ငါကြက်သေသေနေခဲ့တယ် ငါသိပ်ချစ်ရတဲ့ညီလေးမာန်းရေ ကိုနိုင်းရင်ဘတ်ကြီးလည်းပေါက်ကွဲလုမတတ်ခံစားရတယ် ဘယ်လိုမှကိုမခံစားနိုင်ဘူး ကိုနိုင်းကိုတကယ်ကြီးထားရစ်ခဲ့ပြီလား ဒီဘဝမှာညီအကိုတော်စပ်မှုက ဒီလောက်ပဲလားကွာ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ဖော်ပြပါCDFလူငယ်လေးအပါအဝင် ကျဆုံးသွားတဲ့သူရဲကောင်းတွေအားလုံး ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *