အင်အား ၂၀၊ ၃၀ ခန့်ဖြင့်တိုက်ပွဲကို ၃ နာရီခန့်ကြာအောင် ထိန်းထားနိုင်ခဲ့
|တမူးတွင်PDFနှင့် အကြမ်းဖက် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်၊ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ နီးပါး
သေဆုံး တမူး၊ သြဂုတ် ၂၃
ယနေ့ နံနက် အစောပိုင်းက တမူးမြို့ အပြင်ဘက် ဘီအိုစီဆီဆိုင် အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ် များနှင့်
တမူး PDF တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား၂၀ နီးပါး သေဆုံးခဲ့ကြောင်း တမူး
ဆေးရုံအသိုင်းအဝိုင်းကို ကိုးကားပြီးဒေသခံများက ပြောသည်။
MFA – TAMU မှ ပြန်ကြားရေး တာဝန်ခံ တစ်ဦး “မနက်၆နာရီမှာ တိုက်ပွဲစတယ်၈နာရီကျော်ကျော်လောက်မှ
ကျနော်တို့ပြန် ဆုတ်လာခဲ့တယ် တိုက်ပွဲကိုကျနော် တို့ကေပျာက်ကြားလုပ်ဖို့ပဲ အင်အား၂ဝလောက်နဲ့ သွားတာပဲ
သူတို့ဘက် ကမော်တာကျည်နဲ့အချက်၃ဝကျော်လောက် ပစ်တယ်။
အဲဒီလိုပစ်တာတောင်မှ သူတို့ရဲ့လေးမိုင်ဂိတ်ဘန်ကာေ တွထဲ ထိရောက်အောင် ဝင်နိုင်ခဲ့တယ်။
သူတို့ကအဲ့သည်မှာအင်အားများတယ်။မူးဘက်ကေ ရာက်လာတဲ့ စစ်အင်အားတွေ တိုးလာလို့ပြန်ဆုတ်ခဲ့ရတယ်
နည်းပညာ အထက်တန်းကျောင်းနားမှာ စစ်ကူဖို့ရောက်လာတဲ့ စစ်ခွေးကားတစ်စီးကို မိုင်းခွဲခဲ့တယ်ကားတစီ
းပက်လက်လန်သွားတယ်။
စစ်ကောင်စီစစ်ခွေးဘက်က၁၇ ယောက် လောက်သေပြီးတော်တော်များများ ဒဏ်ရာရသွားတယ်လို့ဆေးရုံဘက်က
သိရတယ်” ကျနော်တို့ဘက်ကလည်း တစ်ဦးသေပြီး တစ်ဦးဒဏ်ရာ ရခဲ့ပါတယ်” ဟုရန်ကုန်ခေတ်သစ်သတင်းဌာနသို့
ပြောဆိုသည်။PDF ဘက်ကလည်း ကျတာရှိတယ်။ စစ်ကောင်စီဘက်က ပိုများတယ်။အစောပိုင်းမှာစစ်ကောင်စီဘက်က
၇ ယောက်၊ ၈ ယောက်လောက် ကျတယ်။နောက်ပိုင်းမှာ စစ်သား ၂၀ နီးပါး ဆေးရုံကို ရောက်သွားတယ်။
အသက်ရှင်ကျန်တဲ့သူ နည်းနည်းပဲရှိတယ်လို့ သိရတယ်”ဟု တမူး PDF နှင့် နီးစပ်သူတဦးက ပြောသည်။
စစ်ကောင်စီဘက်က စစ်ကူများလည်း လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ PDF ဘက်ကလည်းလူ ၂၀၊ ၃၀ ခန့်ဖြင့်
တိုက်ပွဲကို ၃ နာရီခန့်ကြာအောင် ထိန်းထားနိုင်ခဲ့ကြောင်း၊နောက်ပိုင်းတွင်အထိအခိုက် အနည်းဆုံးဖြင့်
ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။”အခုတော့ မြို့ပေါ်မှာ မာရှယ်လော ထုတ်တယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်။
အခု မြို့ထဲက လမ်းတွေထဲမှာ မနက် ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ လိုက်အော်နေတယ်။မနေ့ကလည်း PDF က
တမူး နန့်ဖာလုံ စာသင်ကျောင်းမှ ာ ဝင်စီးထားတဲ့ စစ်သားတွေကို သူတို့ကဗုံးနဲ့သွားပစ်တယ်။စစ်သားနှစ်ယောက်
သေတယ် နောက်ပိုင်း မြို့ ရှောင်လမ်းမှတိုက်ပွဲ ထပ်ဖြစ်တယ်”ဟု ဒေသခံတဦးကပြောသည်။
တမူးမြို့သည် အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့တခု ဖြစ်ပြီး ယခင်က စီးပွားရေး ဖွံ့ဖြိုးခဲ့သည့် မြို့တစ်မြို့ဖြစ်ကာ
ယခုအခါ နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်း၊ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခြင်း တို့ကြောင့် စီးပွားရေးကျဆင်းလျက်ရှိကြောင်း၊
အလုပ်အကိုင်များလည်း ရှားပါးလာကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ- သေဆုံးသူများနှင့် ဒဏ်ရာရရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဆေးရုံတင်ပို့နေစဉ်။
Photo – PDFC
crd-