အင္းစိန္ေထာင္ သီးသန႔္ေဆာင္ အနီးတြင္ “ေထာင္တြင္းရဲေဘာ္တို႔ အားမငယ္နဲ႔ ” ဆိုေသာ အသံဖြင့္ထားသည့္ ေဆာင္းေဘာက္စ္ႏွင့္ခ်ိတ္ဆက္ထားေသာ ဗုံး ၂ လုံးေပါက္ကြဲ

အင္းစိန္ေထာင္ သီးသန႔္ေဆာင္ အနီးတြင္ “ေထာင္တြင္းရဲေဘာ္တို႔ အားမငယ္နဲ႔ ” ဆိုေသာ အသံဖြင့္ထားသည့္ ေဆာင္းေဘာက္စ္ႏွင့္ခ်ိတ္ဆက္ထားေသာ
ဗုံး ၂ လုံးေပါက္ကြဲ
ရန္ကုန္၊ ဩဂုတ္ ၁၂

ရန္ကုန္တိုင္း၊ အင္းစိန္ေထာင္ သီးသန႔္ေဆာင္အနီးတြင္ ယေန႔ နံနက္ပိုင္း ၇ နာရီဝန္းက်င္တြင္ ဗုံး ၂လုံးေပါက္ကြဲၿပီး လူထိခိုက္မႈ ရွိ၊ မရွိ
မသိရေသးေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ရန္ကုန္ေအာက္မဂၤလာဒုံလမ္းမႀကီး၊ အင္းစိန္ေထာင္ သီးသန႔္ေဆာင္အနီးတြင္ ေဆာင္းေဘာက္စ္ျဖင့္ “ရဲေဘာ္တို႔ အားမငယ္နဲ႔” အစခ်ီထားေသာ
အသံဖြင့္ထားေၾကာင္း၊ ယင္းေနာက္ ယင္းေဆာင္းေဘာက္စ္နားတြင္ ဗုံး ၂ လုံး ၇ နာရီဝန္းက်င္တြင္ ေရွ႕ဆင့္ ေနာက္ဆင့္ ေပါက္ကြဲသြားေၾကာင္း သိရွိရသည္။

ဗုံးျဖင့္ ခ်ိတ္ဆက္ထားေသာ ေဆာင္းေဘာက္စ္မွ “ေထာင္တြင္းက ရဲေဘာ္တို႔အားမငယ္နဲ႔ ။မင္းတို႔ ေႂကြးေၾကာ္သံေတြ ငါတို႔ၾကားတယ္။

တိုက္ပြဲကမၿပီးေသးဘူး။ ငါတို႔လည္းဆက္တိုက္ ေနတယ္။ မင္းတို႔ ဆက္ရွင္သန္နိုင္ေအာင္ ႀကိဳးစား။ငါတို႔ ​ႀကိဳးစားေပးဆပ္သမၽွ အေရာင္ထင္ဟပ္ရမယ္။

ICJ ေတာင္မသြားနိုင္ေတာ့တဲ့ ဝရမ္းေျပးစစ္ေကာင္စီျဖစ္ေနၿပီ။ တပ္သားေတြကိုပါသတ္ေနတဲ့အစိုးရျဖစ္ေနၿပီ ။

မင္းတို႔အသံကမၻာကၾကားတယ္! ရဲေဘာ္တို႔ရွင္သန္ၾကပါ! တိုက္ပြဲမၿပီးေသးဘူး!အခ်င္းခ်င္းေစာင့္ေရွာက္ပါ။ အခ်င္းခ်င္းေဖးမပါ။

အခ်င္းခ်င္းကာကြယ္ပါ။ က်န္းမာေအာင္ေနပါ။ အေရးေတာ္ပုံ၊ ေအာင္ရမည္။ အာဏာရွင္စနစ္က်ရႈံးရမယ္” ဟု အသံမ်ား ထြက္ေပၚခဲ့သည္။

ယင္းေနာက္ နံနက္ ၇ နာရီတြင္ ဗုံး ၂ လုံး ေရွ႕ဆင့္ ေနာက္ဆင့္ ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အင်းစိန်ထောင် သီးသန့်ဆောင် အနီးတွင် “ထောင်တွင်းရဲဘော်တို့ အားမငယ်နဲ့ ” ဆိုသော အသံဖွင့်ထားသည့် ဆောင်းဘောက်စ်နှင့်ချိတ်ဆက်ထားသော
ဗုံး ၂ လုံးပေါက်ကွဲ
ရန်ကုန်၊ ဩဂုတ် ၁၂

ရန်ကုန်တိုင်း၊ အင်းစိန်ထောင် သီးသန့်ဆောင်အနီးတွင် ယနေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် ဗုံး ၂လုံးပေါက်ကွဲပြီး လူထိခိုက်မှု ရှိ၊ မရှိ
မသိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်ထောင် သီးသန့်ဆောင်အနီးတွင် ဆောင်းဘောက်စ်ဖြင့် “ရဲဘော်တို့ အားမငယ်နဲ့” အစချီထားသော
အသံဖွင့်ထားကြောင်း၊ ယင်းနောက် ယင်းဆောင်းဘောက်စ်နားတွင် ဗုံး ၂ လုံး ၇ နာရီဝန်းကျင်တွင် ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲသွားကြောင်း သိရှိရသည်။

ဗုံးဖြင့် ချိတ်ဆက်ထားသော ဆောင်းဘောက်စ်မှ “ထောင်တွင်းက ရဲဘော်တို့အားမငယ်နဲ့ ။မင်းတို့ ကြွေးကြော်သံတွေ ငါတို့ကြားတယ်။

တိုက်ပွဲကမပြီးသေးဘူး။ ငါတို့လည်းဆက်တိုက် နေတယ်။ မင်းတို့ ဆက်ရှင်သန်နိုင်အောင် ကြိုးစား။ငါတို့ ​ကြိုးစားပေးဆပ်သမျှ အရောင်ထင်ဟပ်ရမယ်။

ICJ တောင်မသွားနိုင်တော့တဲ့ ဝရမ်းပြေးစစ်ကောင်စီဖြစ်နေပြီ။ တပ်သားတွေကိုပါသတ်နေတဲ့အစိုးရဖြစ်နေပြီ ။

မင်းတို့အသံကမ္ဘာကကြားတယ်! ရဲဘော်တို့ရှင်သန်ကြပါ! တိုက်ပွဲမပြီးသေးဘူး!အချင်းချင်းစောင့်ရှောက်ပါ။ အချင်းချင်းဖေးမပါ။

အချင်းချင်းကာကွယ်ပါ။ ကျန်းမာအောင်နေပါ။ အရေးတော်ပုံ၊ အောင်ရမည်။ အာဏာရှင်စနစ်ကျရှုံးရမယ်” ဟု အသံများ ထွက်ပေါ်ခဲ့သည်။

ယင်းနောက် နံနက် ၇ နာရီတွင် ဗုံး ၂ လုံး ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Add a Comment

Your email address will not be published. Required fields are marked *