အဖမ္းခံရၿပီးနာရီပိုင္းအၾကာတြင္က်ဆုံးသြားေၾကာင္း၊

ျပည္ၿမိဳ႕တြင္ စစ္ေကာင္စီက ယေန႔ ညေနဖမ္းဆီးသြားေသာ ကိုေဇာ္လင္းထက္ အဖမ္းခံရၿပီး နာရီပိုင္းအၾကာ စစ္တပ္၏ ရိုက္ႏွက္မႈေၾကာင့္ က်ဆုံးရန္ကုန္၊ စက္တင္ဘာ ၆ ပဲခူးတိုင္း၊ ျပည္ၿမိဳ႕တြင္ ယေန႔ ညေနပိုင္း အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက ဖမ္းဆီးသြားေသာ ကိုေဇာ္လင္းထက္သည္ အဖမ္းခံရၿပီးနာရီပိုင္းအၾကာတြင္ ရိုက္ႏွက္သတ္ျဖတ္လိုက္သျဖင့္ က်ဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း)၊ျပည္ၿမိဳ႕ ၊ေက်ာင္းႀကီးအိုးတန္းရပ္ကြက္တြင္ ေနထိုင္သည့္အသက္ ၂၀ အရြယ္ကိုရန္ပိုင္ၿဖိဳး (ခ) အငဲ ႏွင့္ အသက္ ၃၀ အရြယ္ ကိုေဇာ္လင္းထက္တို႔ညီကိုႏွစ္ဦးကို စစ္ေကာင္စီက ယေန႔ညေန ၃ နာရီ ၃၀ မိနစ္ ခန႔္ အေျခခံပညာေက်ာင္းသားမ်ား သမဂၢႏွင့္ ဆက္စပ္သည္ဟုဆိုကာ ရိုက္ႏွက္ဖမ္းဆီးသြားခဲ့ေၾကာင္း၊ စစ္ေကာင္‌စီတပ္မ်ား၏ ရိုက္ႏွက္မႈေၾကာင့္ အသက္ ၃၀ အရြယ္ ကိုေဇာ္လင္းထက္သည္ ယေန႔ ည ၈ နာရီတြင္ က်ဆုံးသြားေၾကာင္း၊ မိသားစုထံမွ သိရွိရသည္။

အလားတူ မၾကာေသးမီ ရက္ပိုင္းအတြင္း ဖမ္းဆီးခံခဲ့ရေသာ ေက်ာင္းသားမ်ားျဖစ္သည့္ ေမာင္ထူးေဝယံ၊ ေမာင္ခ်မ္းေျမ့ႏွင့္ ေမာင္ထက္ျမက္တို႔မွာလည္း အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား၏ ႏွိပ္စက္မႈေၾကာင့္ အသက္အႏၲရာယ္စိုးရိမ္ေနရသည့္ အေျခအေနေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရွိရသည္။

ျပည္ၿမိဳ႕မွာ ယေန႔ အခ်ိန္ထိ အေျခခံပညာေက်ာင္းသားသမဂၢႏွင့္ဆက္စပ္၍ ဖမ္းဆီးခံထားရသူ ၈ ဦးရွိၿပီး ၁ ဦးမွာ ယေန႔ က်ဆုံးသြားခဲ့ရၿပီျဖစ္သည္။
ဓာတ္ပုံ- အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား၏ ရိုက္ႏွက္သတ္ျဖတ္ခံရသူ ကိုေဇာ္လင္းထက္။

——————-

ပြည်မြို့တွင် စစ်ကောင်စီက ယနေ့ ညနေဖမ်းဆီးသွားသော ကိုဇော်လင်းထက် အဖမ်းခံရပြီး နာရီပိုင်းအကြာ စစ်တပ်၏ ရိုက်နှက်မှုကြောင့် ကျဆုံး
ရန်ကုန်၊ စက်တင်ဘာ ၆ပဲခူးတိုင်း၊ ပြည်မြို့တွင် ယနေ့ ညနေပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးသွားသော ကိုဇော်လင်းထက်သည် အဖမ်းခံရပြီးနာရီပိုင်းအကြာတွင် ရိုက်နှက်သတ်ဖြတ်လိုက်သဖြင့် ကျဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပြည်မြို့ ၊ကျောင်းကြီးအိုးတန်းရပ်ကွက်တွင် နေထိုင်သည့်အသက် ၂၀ အရွယ်ကိုရန်ပိုင်ဖြိုး (ခ) အငဲ နှင့် အသက် ၃၀ အရွယ် ကိုဇော်လင်းထက်တို့ညီကိုနှစ်ဦးကို စစ်ကောင်စီက ယနေ့ညနေ ၃ နာရီ ၃၀ မိနစ် ခန့် အခြေခံပညာကျောင်းသားများ သမဂ္ဂနှင့် ဆက်စပ်သည်ဟုဆိုကာ ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း၊ စစ်ကောင်‌စီတပ်များ၏ ရိုက်နှက်မှုကြောင့် အသက် ၃၀ အရွယ် ကိုဇော်လင်းထက်သည် ယနေ့ ည ၈ နာရီတွင် ကျဆုံးသွားကြောင်း၊ မိသားစုထံမှ သိရှိရသည်။

အလားတူ မကြာသေးမီ ရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများဖြစ်သည့် မောင်ထူးဝေယံ၊ မောင်ချမ်းမြေ့နှင့် မောင်ထက်မြက်တို့မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ နှိပ်စက်မှုကြောင့် အသက်အန္တရာယ်စိုးရိမ်နေရသည့် အခြေအနေရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ပြည်မြို့မှာ ယနေ့ အချိန်ထိ အခြေခံပညာကျောင်းသားသမဂ္ဂနှင့်ဆက်စပ်၍ ဖမ်းဆီးခံထားရသူ ၈ ဦးရှိပြီး ၁ ဦးမှာ ယနေ့ ကျဆုံးသွားခဲ့ရပြီဖြစ်သည်။ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရိုက်နှက်သတ်ဖြတ်ခံရသူ ကိုဇော်လင်းထက်။

Add a Comment

Your email address will not be published. Required fields are marked *