အဘမင်း​အောင်လှိုင်လို အရည်အချင်းမျိုး ဒေါ်အောင်ဆန်းစုကြည်မှာ မရှိဘူး

အဘမင်း​အောင်လှိုင်လို အရည်အချင်းမျိုး ဒေါ်အောင်ဆန်းစုကြည်မှာ မရှိဘူး။အဲ့လိုပြောလိုက်လို့ ခင်ဗျားတို့စပ်စပ်ခါနာသွားလား။

မနာနဲ့ ကျုပ်ကပြောစရာရှိတာတော့ပြောရမှာဘဲ။ တကယ်ကို အဘမင်းအောင်လှိုင်လိုအရည်အချင်းမျိုး မရှိလို့ကို မရှိဘူးလို့ပြောတာ။

နာလည်းမတတ်နိုင်ဘူး။ ကျုပ်ကတော့ပြောမှာဘဲ😏😏😏။

 

ကျုပ်တို့အဘ မင်းအောင်လှိုင်က အာဏာသိမ်းပြီးကထဲက ယခုအချိန်ထိ နေ့တိုင်း ပြည်သူသန်းချီအဆဲခံရတယ်။

အဲ့လို သန်းနဲ့ချီဆဲအောင် လုပ်နိုင်တဲ့အရည်အချင်းမျိုး ခင်ဗျားတို့ အမေစုဆီမှာ ရှိလားပြော။

 

ကျုပ်တို့အဘ မြန်မာပြည်သူတွေကတင်မဟုတ်ဘူး နိုင်ငံခြားသားတွေကပါဝိုင်းဆဲအောင်လုပ်ဆောင်နိုင်ခဲ့တယ်။

အဲ့လိုလုပ်ဆောင်နိုင်တဲ့ အရည်အချင်းမျိုး ခင်ဗျားတို့အမေစုဆီမှာရှိလားပြော။

 

ကျုပ်တို့ အဘမင်းအောင်လှိုင်က လုပ်ချင်ရာလုပ်ပြီးကာမှ ပြည်သူနဲ့ရင်မဆိုင်ချင်လို့ ပြည်သူနဲ့မတွေ့ရဲတဲ့ သတ်တိမျိုး ရှိတယ်။

ခင်ဗျားတို့ အမေစုဆီမှာရှိလားပြော။

 

ကျုပ်တို့အဘက ပြည်သူ၈၀၀ ကျော်သေတာကိုတောင် မသိဘဲ တရုတ်မီဒီယာနဲ့တွေ့ဆုံမေးမြန်းခန်းမှာ

ပြည်သူ ၃၀၀ကျော်ပဲ သေပါတယ်လို့ စောက်ရှက်မရှိ လိမ်ရဲတဲ့အရည်အချင်းမျိုး ခင်ဗျားတို့ အမေစုမှာ ရှိလားပြော။

 

ပြည်သူတွေ ကိုဗစ်ကြောင့်သေတယ်။ သဂြိုလ်စက်တွေ system break downဖြစ်ကုန်လို့ တစ်ရက် အလောင်း၃၀၀၀ လောက်

သဂြိုလ်နိုင်အောင် တစ်မြို့လုံးအနှံ့ သဂြိုလ်စက်အသစ်တွေဆောက်ပေးတယ်။ အဲ့လို ကျုပ်တို့အဘရဲ့ ပြည်သူအပေါ်ထားတဲ့

စေတနာမျိုး ခင်ဗျားတို့အမေမှာရှိလားပြော။

 

ကျုပ်တို့အဘ ဘီလီယံချီ ချမ်းသာတယ်။ သူ့ကိုအသက်နဲ့လဲ ကာကွယ်ပေးနေတဲ့ နွားတွေကို ခွေးတောင်မစားတဲ့ဆန် ကျွေးနိုင်တယ်။

ခင်ဗျားတို့ အမေစု အဲ့လိုကျွေးနိုင်လားပြော။ ကျုပ်တို့အဘ ဒုတိယနှစ်ဥပ​ဒေကျောင်းသား အခုထိထုတ်ထားတဲ့ ဘယ်သူထုတ်တဲ့

ဘာဥပဒေကိုမှ မလေးစား မလိုက်နာဘူး။

 

အဲ့လိုမလိုက်နာနိုင်တဲ့အရည်အချင်းမျိုး ခင်ဗျားတို့ အမေစုမှာရှိလား။ ကျူပ်တို့အဘ လုပ်တော့စစ်သား၊ အဘမိသားစုအ​​ပြင်

အဘတစ်မျိုးလုံး နောက်၁၀ဆက်စားမကုန်အောင် ရှာဖွေပေး နိုင်ခဲ့တယ်။ ပြောစမ်း အဲ့လိုအရည်အချင်းမျိုး ခင်ဗျားတို့အမေစုမှာရှိလား။

 

ကျုပ်တို့အဘ ကိုဗစ်ကြောင့်ပြည်သူတွေ သေရတာက ကိုဗစ်ပိုးကြောင့်နဲ့ ဆရာဝန်အလုံအလောက်မရှိလို့လို့ပြောတယ်။

ကိုယ်စောက်သုံးမကျတာကို ဖုံးကွယ်ပြီး သူများကို အပြစ်ပုံချနိုင်တဲ့ အရည်အချင်းမျိုး ခင်ဗျားတို့ အမေစုဆီမှာ ရှိလားပြော။

ကျုပ်တို့အဘနော် လွန်ခဲ့တဲ့၅နှစ်က ဘာသာသနာနာ အလွန်ညှိုးငယ်ရတယ်ပြောတယ်နော်။

 

အခုသူ့လက်ထပ်မှာ ဘုန်းကြီးပါ ဂိတ်စောင့်ခိုင်းတယ်နော်။

အဲ့လိုမျိုး ခင်ဗျားတို့အမေစု လုပ်နိုင်လားပြော။ကျုပ်တို့အဘ အာဏာထိန်းပြီး၆လအကြာမှာ အိမ်စောင့်တဲ့ခွေးနေရာပါလုနိုင်ခဲ့တယ်။

ကဲပြောစမ်း ခင်ဗျားတို့အမေစု အဲ့လိုလုရဲလား။

 

ကျုပ်တို့အဘ မီးရထားဝန်ထမ်းတွေ CDMလုပ်လို့ ရထားတောင်ကောင်းကောင်းမပြေးဆွဲနိုင်ဘူး။

ဒါတောင် မြေအောက်ရထားလမ်းဖောက်ဦးမယ်လို့ပြောတဲ့ ရူးတဲ့ဦးနှောက်မျိုး ခင်ဗျားတို့အမေစု ဆီမှာရှိလားပြော။

ကျုပ်တို့အဘ ဘယ်ပွဲတက်တက် မြန်မာလူမျိုးကိုချစ်လို့ မြန်မာစကားပဲပြောခဲ့တယ်။

(တကယ်က မတတ်တာပါ😅😅😅)

 

ခင်ဗျားတို့အမေစု နိုင်ငံတကာပွဲတွေမှာ မြန်မာလိုပြောတာများကြားဖူးသလားပြော။

(အမေစုသည် ဘာသာစကား ၆မျိုးခန့်တတ်သည်ဟု လေ့လာမိပါသည်။) ပြောမကုန်တဲ့ ကျုပ်အဘရဲ့အရည်အချင်းမျိုးတွေ

ခင်ဗျားတို့အမေစုမှာမရှိဘူး။ အဲ့တော့ ခင်ဗျားတို့ဘာဘဲပြောပြော ကျုပ်ကတော့ အဘကို ဆက်ထောက်ခံနေမှာပါပဲ
–းနဲ့😂😂😂

 

(ဆဲမဲ့သူများလည်း ဖြည်းဖြည်းဆဲကြပါ။ တန်းဆီဆဲကြပါ။ ကျော်မတက်ရ နေရာမလုရ😂😂😂) ရယ်မောခြင်းဖြင့်

ခေတ္တ ဘဝအမောပြေနိုင်ကြပါစေ။

Wanna Kyaw Htin

Add a Comment

Your email address will not be published. Required fields are marked *