အမ်ိဳးသားေရး အစြန္းေရာက္ ဝီရသူကို အၾကမ္းဖက္စစ္တပ္က ျပန္လႊတ္ေပး
|အမ်ိဳးသားေရး အစြန္းေရာက္ ဝီရသူကို အၾကမ္းဖက္စစ္တပ္က ျပန္လႊတ္ေပး၊ ရန္ကုန္တြင္ရွိေနၿပီး စစ္တပ္ေထာက္ခံသူမ်ား ႏွင့္ေတြ႕ဆုံရန္ စီစဥ္ေန၊ စက္တင္ဘာ ၆အမ်ိဳးသားေရး အစြန္းေရာက္ ဝီရသူကို အၾကမ္းဖက္ စစ္တပ္က ယေန႔ အမႈ႐ုပ္သိမ္း၍ ျပန္လႊတ္ေပးလိုက္ၿပီး
လတ္တေလာ ရန္ကုန္တြင္ ရွိေနကာ လာမည့္ ရက္ပိုင္းအတြင္း စစ္တပ္ေထာက္ခံသူမ်ားႏွင့္ေတြ႕ဆုံရန္ရွိေၾကာင္း အမ်ိဳး သားေရး အစြန္းေရာက္ လႈပ္ရွားသူမ်ားထံမွ သိရွိရသည္။”ဆရာေတာ္ က်န္းမာေရးေကာင္းတယ္။ ရန္ကုန္မွာပဲရွိတယ္။ သိပ္မၾကာခင္ အားလုံးနဲ႔ ေတြ႕ဖို႔ စီစဥ္ေနပါတယ္။
ဆရာေတာ္ရဲ့ လုံျခဳံေရးကိုလည္း အထူးဂ႐ုစိုက္ထားပါတယ္။ ရန္ကုန္မွာပဲ ရွိဦးမယ္”ဟု အမ်ိဳးသားေရးသမားတစ္ဦးက ေျပာသည္။ဝီရသူသည္ ၂၀၁၉ ခုႏွစ္တြင္ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို ထိခိုက္ေျပာဆိုခဲ့သျဖင့္ အစိုးရက တရားလိုလုပ္ကာ နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄(က)ျဖင့္ တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။
ဝီရသူသည္ ၁ ႏွစ္ေက်ာ္အၾကာ တိမ္းေရွာင္ခဲ့ၿပီး ၂၀၂၀ခုႏွစ္ နိုဝင္ဘာ ၂ရက္ေန႔ ဒဂုံၿမိဳ႕နယ္ရဲစခန္းတြင္ လာေရာက္ အဖမ္းခံခဲ့ရာမွ ေနာက္ဆုံးတြင္ အၾကမ္းဖက္စစ္ေကာင္စီက ျပန္လည္ လႊတ္ေပးလိုက္ျခင္းျဖစ္သည္။ဓာတ္ပုံ- Getty Image
—————-
အမျိုးသားရေး အစွန်းရောက် ဝီရသူကို အကြမ်းဖက်စစ်တပ်က ပြန်လွှတ်ပေး၊ ရန်ကုန်တွင်ရှိနေပြီး စစ်တပ်ထောက်ခံသူများ နှင့်တွေ့ဆုံရန် စီစဉ်နေ၊ စက်တင်ဘာ ၆အမျိုးသားရေး အစွန်းရောက် ဝီရသူကို အကြမ်းဖက် စစ်တပ်က ယနေ့ အမှုရုပ်သိမ်း၍ ပြန်လွှတ်ပေးလိုက်ပြီး
လတ်တလော ရန်ကုန်တွင် ရှိနေကာ လာမည့် ရက်ပိုင်းအတွင်း စစ်တပ်ထောက်ခံသူများနှင့်တွေ့ဆုံရန်ရှိကြောင်း အမျိုး သားရေး အစွန်းရောက် လှုပ်ရှားသူများထံမှ သိရှိရသည်။”ဆရာတော် ကျန်းမာရေးကောင်းတယ်။ ရန်ကုန်မှာပဲရှိတယ်။ သိပ်မကြာခင် အားလုံးနဲ့ တွေ့ဖို့ စီစဉ်နေပါတယ်။
ဆရာတော်ရဲ့ လုံခြုံရေးကိုလည်း အထူးဂရုစိုက်ထားပါတယ်။ ရန်ကုန်မှာပဲ ရှိဦးမယ်”ဟု အမျိုးသားရေးသမားတစ်ဦးက ပြောသည်။ဝီရသူသည် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်ပြောဆိုခဲ့သဖြင့် အစိုးရက တရားလိုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဝီရသူသည် ၁ နှစ်ကျော်အကြာ တိမ်းရှောင်ခဲ့ပြီး ၂၀၂ဝခုနှစ် နိုဝင်ဘာ ၂ရက်နေ့ ဒဂုံမြို့နယ်ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ရာမှ နောက်ဆုံးတွင် အကြမ်းဖက်စစ်ကောင်စီက ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ဓာတ်ပုံ- Getty Image