အမွိဳက္ ျပစ္သလို ပါ ဘဲလား….

ရွမ္းျပည္ေျမာက္ပိုင္း၊ မူဆည္ၿမိဳ႕နယ္၊ ဖိုင္ေကာင္ရြာအနီးတြင္ စစ္ေကာင္စီတပ္သားဟု ယူဆရသည့္ အေလာင္း ၁၇ ေလာင္း ေတြ႕ရွိ   –ရန္ကုန္၊ ၾသဂုတ္ ၃၁
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆည္ၿမိဳ႕နယ္၊ ၾကဴကုတ္-ပန္ဆိုင္း၊ ဖိုင္ေကာင္ရြာအနီးတြင္ စစ္ေကာင္စီတပ္သားဟု ယူဆရသည့္ အေလာင္း ၁၇ ေလာင္းအား ၾသဂုတ္လ ၃၀ ရက္တြင္ ေတြ႕ရွိေၾကာင္း ေဒသခံရြာသားထံမွ သိရသည္။

စစ္တပ္ယူနီေဖာင္း ဝတ္ဆင္ထားသည့္ စစ္ေကာင္စီတပ္သား အေလာင္းမ်ားသည္ မည္သည့္တိုက္ပြဲမွ က်ဆုံးသည့္ စစ္ေကာင္စီ အေလာင္းျဖစ္သည္ကို မသိရွိေၾကာင္းႏွင့္ ေဒသခံရြာသားမ်ားအား သတ္ျဖတ္ၿပီး စစ္ေကာင္စီယူနီေဖာင္း ဝတ္ေပးထားသလား မသိရွိရေသးေၾကာင္း ေဒသခံမ်ားမွ ဆိုသည္။

စစ္ေကာင္စီယူနီေဖာင္းဝတ္ အေလာင္း ၁၇ ေလာင္းအနီး ကားတစ္စီးေပၚတြင္ ပန္ဆိုင္းၿမိဳ႕ ရပ္ကြက္ ၄ မွ သားအမိႏွစ္ဦး ပစ္သတ္ခံထားရသည့္ အေလာင္းမ်ားေတြ႕ရွိေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားမွ ေဖာ္ျပသည္။

ဖိုင္ေကာင္ေက်းရြာအနီးရွိ လမ္းဆုံသည္ အေနာက္ဘက္သို႔သြားလၽွင္ ၾကဴကုတ္-ပန္ဆိုင္းသို႔ေရာက္ၿပီး ေတာင္ဘက္သို႔သြားလၽွင္ ရစ္ခူးေက်းရြာသို႔ ေရာက္မည္ျဖစ္သည္။

အဆိုပါ ၾကဴကုတ္-ပန္ဆိုင္း၊ မုံးကိုးၿမိဳ႕နယ္မ်ားအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ ကိုးကန႔္ MNDAA၊ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔ၾကား တိုက္ပြဲမ်ားျဖစ္ပြားၿပီး စစ္ေကာင္စီမွ တပ္ရင္းမႉး၊ အရာရွိမ်ားအပါအဝင္ တပ္သားအမ်ားအျပားက်ဆုံးေက်ာင္း ကခ်င္သတင္းရင္းျမစ္မ်ားထံမွ သိရသည္။ crd-

———-

ရှမ်းပြည်မြောက်ပိုင်း၊ မူဆည်မြို့နယ်၊ ဖိုင်ကောင်ရွာအနီးတွင် စစ်ကောင်စီတပ်သားဟု ယူဆရသည့် အလောင်း ၁၇ လောင်း တွေ့ရှိ
ရန်ကုန်၊ သြဂုတ် ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆည်မြို့နယ်၊ ကြူကုတ်-ပန်ဆိုင်း၊ ဖိုင်ကောင်ရွာအနီးတွင် စစ်ကောင်စီတပ်သားဟု ယူဆရသည့် အလောင်း ၁၇ လောင်းအား သြဂုတ်လ ၃၀ ရက်တွင် တွေ့ရှိကြောင်း ဒေသခံရွာသားထံမှ သိရသည်။

စစ်တပ်ယူနီဖောင်း ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်သား အလောင်းများသည် မည်သည့်တိုက်ပွဲမှ ကျဆုံးသည့် စစ်ကောင်စီ အလောင်းဖြစ်သည်ကို မသိရှိကြောင်းနှင့် ဒေသခံရွာသားများအား သတ်ဖြတ်ပြီး စစ်ကောင်စီယူနီဖောင်း ဝတ်ပေးထားသလား မသိရှိရသေးကြောင်း ဒေသခံများမှ ဆိုသည်။

စစ်ကောင်စီယူနီဖောင်းဝတ် အလောင်း ၁၇ လောင်းအနီး ကားတစ်စီးပေါ်တွင် ပန်ဆိုင်းမြို့ ရပ်ကွက် ၄ မှ သားအမိနှစ်ဦး ပစ်သတ်ခံထားရသည့် အလောင်းများတွေ့ရှိကြောင်း ဒေသသတင်းရင်းမြစ်များမှ ဖော်ပြသည်။

ဖိုင်ကောင်ကျေးရွာအနီးရှိ လမ်းဆုံသည် အနောက်ဘက်သို့သွားလျှင် ကြူကုတ်-ပန်ဆိုင်းသို့ရောက်ပြီး တောင်ဘက်သို့သွားလျှင် ရစ်ခူးကျေးရွာသို့ ရောက်မည်ဖြစ်သည်။
အဆိုပါ ကြူကုတ်-ပန်ဆိုင်း၊ မုံးကိုးမြို့နယ်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီမှ တပ်ရင်းမှူး၊ အရာရှိများအပါအဝင် တပ်သားအများအပြားကျဆုံးကျောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရသည်။  crd-

Add a Comment

Your email address will not be published. Required fields are marked *