အမႈအတြက္ နိုင္ငံ့ေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခြင့္ရရန္ ေရွ႕ေနအဖြဲ႕ႀကိဳးပမ္း
|စစ္ေကာင္စီရဲ့ ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ သမၼတဦးဝင္းျမင့္၊ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္
ေဒၚေအာင္ဆန္းစုၾကည္၊ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ မ်ိဳးေအာင္တို႔ သုံးဦးနဲ႔ သူတို႔ရဲ့
ေရွ႕ေနေတြ အမႈေတြအတြက္ ေဆြးေႏြးတိုင္ပင္စရာေတြ ရွိတဲ့အတြက္ ေတြ႕ဆုံခြင့္ရဖို႔
ေတာင္းဆိုသြားမယ္လို ႔ေရွ႕ေနထံက သိရပါတယ္။
ကိုဗစ္-၁၉ ေၾကာင့္ ႐ုံးပိတ္ရက္ေတြ ခဏခဏဆက္တိုးေနၿပီး တရား႐ုံးထုတ္ေတြ မရွိတဲ့အတြက္
နိုင္ငံ့ေခါင္းေဆာင္ေတြနဲ႔ ေရွ႕ေနေတြ ေတြ႕ခြင့္ မရတာ သီတင္း ၆ ပတ္ေလာက္ရွိၿပီလို႔ ဆိုပါတယ္။
“ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေရာ ဦးဝင္းျမင့္နဲ႔ေရာ ေနာက္ ေဒါက္တာမ်ိဳးေအာင္တို႔နဲ႔ ေတြ႕ခြင့္ရဖို႔
ေလၽွာက္ဖို႔ စီစဥ္ေနပါတယ္။
ဘာေၾကာင့္လည္းဆို သူတို႔နဲ႔ မေတြ႕ရတာက သီတင္းပတ္ ၆ ပတ္ေလာက္ရွိၿပီဗ်။
စစ္ေဆးဆဲ အမႈေတြနဲ႔ပတ္သက္လို႔ တိုင္ပင္စရာေလးေတြလည္းရွိတယ္ လို႔ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က
ေျပာပါတယ္။
ဒါအျပင္ နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္တို႔ကို
ေျမကြက္ကိစၥနဲ႔ပတ္သက္ၿပီး တိုင္ၾကားထားတယ္လို႔လည္း သိရပါတယ္။
“အဲဒါအျပင္ ေနာက္အမႈေတြ တက္လာတာရွိတယ္ဗ်၊ မႏၲေလးမွာ ေလးမႈ၊ ေနာက္တျမန္ေန႔က
သမၼတနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ေျမကြက္ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ အဂတိကေန ရဲကို တိုင္လိုက္ၿပီ။
အဲဒီအမႈေတြနဲ႔ ပတ္သက္လို႔ ေရွ႕ေနကိုယ္စားလွယ္စာေတြ ယူရမယ္။ ေနာက္ အဲဒီအမႈေတြနဲ႔ ပတ္သက္လို႔
သူတို႔ ဘာသိထားသလဲ၊ သူတို႔ကိုေရာ စစ္သလား ေမးဖို႔အတြက္ အမႈသည္နဲ႔ ေရွ႕ေနေတြေတြ႕ဆုံခြင့္
လိုအပ္တယ္လို႔ ထင္ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ေတြ႕ခြင့္ေတာင္းပါမယ္ ” လို႔ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က
ေျပာပါတယ္။
႐ုံးခ်ိန္းကိုေတာ့ စက္တင္ဘာ ၆ ရက္နဲ႔ ၇ ရက္ေန႔ကို ထပ္မံေရႊ႕ဆိုင္း ခ်ိန္းဆိုလိုက္တယ္လို႔ ေျပာပါတယ္။
crd-
စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ သုံးဦးနဲ့ သူတို့ရဲ့
ရှေ့နေတွေ အမှုတွေအတွက် ဆွေးနွေးတိုင်ပင်စရာတွေရှိတဲ့အတွက် တွေ့ဆုံခွင့်ရဖို့
တောင်းဆိုသွားမယ်လို့ရှေ့နေထံက သိရပါတယ်။
ကိုဗစ်-၁၉ ကြောင့် ရုံးပိတ်ရက်တွေ ခဏခဏဆက်တိုးနေပြီး တရားရုံးထုတ်တွေမရှိတဲ့အတွက်
နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ရှေ့နေတွေ တွေ့ခွင့် မရတာ သီတင်း ၆ ပတ်လောက်ရှိပြီလို့
ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဦးဝင်းမြင့်နဲ့ရော နောက် ဒေါက်တာမျိုးအောင်တို့နဲ့ တွေ့ခွင့်ရဖို့
လျှောက်ဖို့ စီစဉ်နေပါတယ်။
ဘာကြောင့်လည်းဆို သူတို့နဲ့ မတွေ့ရတာက သီတင်းပတ် ၆ ပတ်လောက်ရှိပြီဗျ။
စစ်ဆေးဆဲ အမှုတွေနဲ့ပတ်သက်လို့ တိုင်ပင်စရာလေးတွေလည်းရှိတယ် လို့ ရှေ့နေ
ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒါအပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို
မြေကွက်ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။
“အဲဒါအပြင် နောက်အမှုတွေ တက်လာတာရှိတယ်ဗျ၊ မန္တလေးမှာ လေးမှု၊
နောက်တမြန်နေ့ကသမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြေကွက်ကိစ္စနဲ့ပတ်သက်ပြီးတော့ အဂတိကနေ
ရဲကို တိုင်လိုက်ပြီ။
အဲဒီအမှုတွေနဲ့ ပတ်သက်လို့ ရှေ့နေကိုယ်စားလှယ်စာတွေ ယူရမယ်။ နောက် အဲဒီ
အမှုတွေနဲ့ပတ်သက်လို့သူတို့ ဘာသိထားသလဲ၊ သူတို့ကိုရော စစ်သလား မေးဖို့အတွက်
အမှုသည်နဲ့ ရှေ့နေတွေတွေ့ဆုံခွင့် လိုအပ်တယ်လို့ ထင်ပါတယ်။
အဲဒါကြောင့်မို့လို့ တွေ့ခွင့်တောင်းပါမယ် ”လို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။
ရုံးချိန်းကိုတော့ စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်း ချိန်းဆိုလိုက်တယ်လို့
ပြောပါတယ်။
crd–