အသက္ကိုကယ္တင္ခဲ့တဲ့ ဆရာေတာ္ဘုရားႀကီး ပ်ံလြန္ေတာ္မႈသြား၍ လာေရာက္ငိုတဲ့ ‘လိပ္’

အသက်ကို ကယ်တင်ခဲ့တဲ့ ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မှုသွား၍ ရုပ်ကလပ်အောက် လာရောက်ငိုတဲ့ ‘လိပ်’

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဂူတောင်တိုက်နယ် ၊ ဂူတောင်(မြောက်)ကျေးရွာတွင် သီတင်းသုံးနေသည့် ဆရာတော်ကြီးဘုရား သြဂုတ်လ ၆ရက်နေ့ မွန်းလွှဲ ၂နာရီ ၁၀မိနစ်ခန့်တွင် ဘဝနတ်ထံပျံလွန်တော်မှုသွားခဲ့ပါတယ်။

ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မှုသွား၍ အသက်ကို ကယ်တင်ခဲ့သော နှစ်ပေါင်း ၃၀ကျော် သက်တမ်းရှိ ‘လိပ်’က လာရောက်ကာ ကျောင်းတိုက်ပေါ်ရှိ ရုပ်ကလပ်အောက်ဝင်ပြီး ငိုနေခြင်း တွေ့မြင်ရပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ခန့်က သတ်ခံရတော့မဲ့လိပ်ကို ဆရာတော်ဘုရားကြီ းက ဒီလိပ်ကိုမသတ်နဲ့ သတ်တဲ့သူ “ငါ့နဲ့ ကမ္ဘာ့ရန်သူဖြစ်သွားမယ်”ဟု ပြောဆိုပြီး ကယ်တင်ခဲ့တယ်။ လိပ်က ကျောင်းတွင်း နေထိုင်လိုက် ပျောက်သွားလိုက်ဖြင့် ကျောင်းတိုက်အတွင်း မရောက်တာ ၁၀နှစ်ကျော်ခန့် ကြာမြင့်ခဲ့ပြီး ဆရာတော်ဘုရားကြီး ပျံလွန်သွား၍ ပြန်ရောက်လာခြင်းဟု သိရပါတယ်။

ဂူတောင်​​မြောက်ဖက်ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓါနနာယကဆရာတော်ဘုရားကြီးတွင် သက်တော် ၆၆နှစ်၊ ဝါတော် ၄၇ဝါတွင်ပျံ့လွန်တော်မှုသွားခြင်း ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီး သီတင်းသုံးရာ ကျောင်းအနီး စိတ္တလက်ရာလက်သမားငါးရာဖြင့်ထွင်းထုလျက် မင်းဗာဘုရင်တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် ကျောက်တစ်လုံးလှိုင်ဂူ​တော်ဘုရား နှင့် သမိုင်းဝင်စိန်ဘုရား၊

ရွှေဘုရား၊ မဟာကျန်ဘုရားများ ကိန်းဝပ်စံပါယ် လျက်ရှိသော သမိုင်းဝင် ရှေ့ဟောင်းဘုရားပုထိုးလက်ရာများစွာ တည်ရှိသော နေရာပင်ဖြစ်ပါတယ်။

———————-

အသက္ကို ကယ္တင္ခဲ့တဲ့ ဆရာေတာ္ဘုရားႀကီး ဘဝနတ္ထံ ပ်ံလြန္ေတာ္မႈသြား၍ ႐ုပ္ကလပ္ေအာက္ လာေရာက္ငိုတဲ့ ‘လိပ္’

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ဂူေတာင္တိုက္နယ္ ၊ ဂူေတာင္(ေျမာက္)ေက်း႐ြာတြင္ သီတင္းသုံးေနသည့္ ဆရာေတာ္ႀကီးဘုရား ၾသဂုတ္လ ၆ရက္ေန႔ မြန္းလႊဲ ၂နာရီ ၁၀မိနစ္ခန္႔တြင္ ဘဝနတ္ထံပ်ံလြန္ေတာ္မႈသြားခဲ့ပါတယ္။

ဆရာေတာ္ဘုရားႀကီး ဘဝနတ္ထံပ်ံလြန္ေတာ္မႈသြား၍ အသက္ကို ကယ္တင္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ေက်ာ္ သက္တမ္းရွိ ‘လိပ္’က လာေရာက္ကာ ေက်ာင္းတိုက္ေပၚရွိ ႐ုပ္ကလပ္ေအာက္ဝင္ၿပီး ငိုေနျခင္း ေတြ႕ျမင္ရပါတယ္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ခန္႔က သတ္ခံရေတာ့မဲ့လိပ္ကို ဆရာေတာ္ဘုရားႀကီ းက ဒီလိပ္ကိုမသတ္နဲ႔ သတ္တဲ့သူ “ငါ့နဲ႔ ကမာၻ႔ရန္သူျဖစ္သြားမယ္”ဟု ေျပာဆိုၿပီး ကယ္တင္ခဲ့တယ္။ လိပ္က ေက်ာင္းတြင္း ေနထိုင္လိုက္ ေပ်ာက္သြားလိုက္ျဖင့္ ေက်ာင္းတိုက္အတြင္း မေရာက္တာ ၁၀ႏွစ္ေက်ာ္ခန္႔ ၾကာျမင့္ခဲ့ၿပီး ဆရာေတာ္ဘုရားႀကီး ပ်ံလြန္သြား၍ ျပန္ေရာက္လာျခင္းဟု သိရပါတယ္။

ဂူေတာင္​​ေျမာက္ဖက္ပရိယတၱိစာသင္တိုက္၏ ဦးစီးပဓါနနာယကဆရာေတာ္ဘုရားႀကီးတြင္ သက္ေတာ္ ၆၆ႏွစ္၊ ဝါေတာ္ ၄၇ဝါတြင္ပ်ံ႕လြန္ေတာ္မႈသြားျခင္း ျဖစ္ပါတယ္။

ဆရာေတာ္ဘုရားႀကီး သီတင္းသုံးရာ ေက်ာင္းအနီး စိတၱလက္ရာလက္သမားငါးရာျဖင့္ထြင္းထုလ်က္ မင္းဗာဘုရင္တည္ထားကိုးကြယ္ခဲ့ေသာ ေရွးေဟာင္းသမိုင္းဝင္ ေက်ာက္တစ္လုံးလႈိင္ဂူ​ေတာ္ဘုရား ႏွင့္ သမိုင္းဝင္စိန္ဘုရား၊

ေ႐ႊဘုရား၊ မဟာက်န္ဘုရားမ်ား ကိန္းဝပ္စံပါယ္ လ်က္ရွိေသာ သမိုင္းဝင္ ေရွ႕ေဟာင္းဘုရားပုထိုးလက္ရာမ်ားစြာ တည္ရွိေသာ ေနရာပင္ျဖစ္ပါတယ္။

 


www.facebook.com
facebook.com

Add a Comment

Your email address will not be published. Required fields are marked *