အသက်၅နှစ်အရွယ်သားဖြစ်သူကို ကေတီဗွီသို့ခေါ်ဆောင်သွားပြီး ကောင်မလေးနှစ်ယောက်ခေါ်ပေးကာ ပျော်ပါးစေခဲ့သည့် ဖခင်တစ်ဦး
|ကလေးငယ်သည် သူ၏ ဖြူစင်သော စိတ်ထားလေးနှင့် သန့်ရှင်းစင်ကြယ်သော ပျော်ရွင်ဖွယ်ဘဝလေးဟာ အထြူထည်အဖြစ်မှ အရောင်ပြောင်းလဲသွားနိုင်ခဲ့ပေသည်။ငယ်စဉ်ခါအရွယ်သည်ကား ဘဝတစ်ခုလုံး၏ အခြေခံဖြစ်သည့်အတွက် အရေးကြီးဆုံးသော အသက်အရွယ်အရွယ်ပင်ဖြစ်ပေသည်။
ထို့ကြောင့်ပင် မိဘများဟာ သားသမီးလေးတွေကို ကျောင်းသို့ပို့ဆောင်ကာ အသိပညာအတတ်ပညာများကို သင်ကြားစေခြင်းဖြစ်ပါတယ်။သို့သော်လည်း တရုတ်နိုင်ငံမှ ဖခင်တစ်ဦးဟာ အသက်၅နှစ်အရွယ်သာ ရှိသေးသော သားငယ်လေးကို ကေတီဗွီသို့ခေါ်ဆောင်သွားပြီးပျော်ပါးစေခဲ့ပါတယ်။
ထို့ကလေးငယ်၏ ပုံရိပ်များဟာ လိုင်းပေါ်တွင် အလွန်ပျံနှံလာခဲ့ပြီး လူအများ၏ အာရုံစိုက်ခြင်းကို ခံလာရပါတယ်။ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့သော ဖခင်ကို လူ
တိုင်းက အံ့အားသင့်နေခဲ့ကြပြီး မိဘတစ်ဦးအနေဖြင့် မည်သို့မှ မလုပ်သင့်သည့်လုပ်ရက်ဟူ၍လည်း ဝေဖန်နေကြပါတယ်။