အာဏာရွင္စနစ္တိုက္ဖ်က္ေရးျပည္သူ႔တပ္ဖြဲ႕ (PAFD)၏ ေဆးတပ္သင္တန္းဆင္း

စစ္ကိုင္းတိုင္းအတြင္းက လြတ္ေျမာက္နယ္ေျမတစ္ခုမွာ စက္တင္ဘာ ၅ ရက္ေန႔က အာဏာရွင္စနစ္တိုက္ဖ်က္ေရးျပည္သူ႔တပ္ဖြဲ႕ (PAFD) ရဲ့ ေဆးတပ္သင္တန္းဆင္းပြဲ ျပဳလုပ္ခဲ့ၾကပါတယ္။

ၿမိဳ႕ျပေျပာက္က်ား၊ ေက်းလက္ေျပာက္က်ား စစ္သည္ေတာ္ေတြက အာဏာရွင္စနစ္က်ရႈံးေအာင္ တိုက္ခိုက္/ေတာ္လွန္ေရးနည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ တိုင္း/ခရိုင္/ၿမိဳ႕နယ္ အသီးသီးမွာ ေျပာက္က်ား တိုက္ခိုက္ေရးနည္းလမ္းေတြနဲ႔ ခ်ိတ္ဆက္လုပ္ေဆာင္ေနခ်ိန္

ရဲေဘာ္ေတြ ထိခိုက္ဒဏ္ရာနဲ႔ က်န္းမာေရးလိုအပ္ခ်က္ေတြ အတြက္ေစာင့္ေရွာက္မႈေပးနိုင္ရန္ ရည္ရြယ္ၿပီး သင္တန္းေပးတာလို႔ သိရပါတယ္။

“သင္တန္းမွာ အေျခခံ ေရွးဦးသူနာျပဳနည္းေတြ သင္ေပးတယ္။ ဒါ့အျပင္ အေရးေပၚ ျဖစ္လာရင္ ဘယ္လို ေနရာမွာ ဘယ္ေဆးထိုးရမယ္ဆိုတာကို ကၽြမ္းက်င္ ဆရာဝန္ေတြနဲ႔ လက္ေတြ႕သင္ၾကားတာေတြ လုပ္ေပးတယ္။” လို႔ အာဏာရွင္စနစ္တိုက္ဖ်က္ေရးျပည္သူ႔တပ္ဖြဲ႕ (PAFD) ရဲ့ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အခုသင္တန္းဟာ အာဏာရွင္စနစ္တိုက္ဖ်က္ေရးျပည္သူ႔တပ္ဖြဲ႕ (PAFD)က ေပးတဲ့ ပထမဆုံး ေဆးတပ္သင္တန္းျဖစ္ၿပီး ေနာက္လည္း သင္တန္းဆက္ေပးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။crd-

————–

စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်နယ်မြေတစ်ခုမှာ စက်တင်ဘာ ၅ ရက်နေ့က အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ရဲ့ ဆေးတပ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

မြို့ပြပြောက်ကျား၊ ကျေးလက်ပြောက်ကျား စစ်သည်တော်တွေက အာဏာရှင်စနစ်ကျရှုံးအောင် တိုက်ခိုက်/တော်လှန်ရေးနည်းလမ်းအမျိုးမျိုးနဲ့ တိုင်း/ခရိုင်/မြို့နယ် အသီးသီးမှာ ပြောက်ကျား တိုက်ခိုက်ရေးနည်းလမ်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေချိန်

ရဲဘော်တွေ ထိခိုက်ဒဏ်ရာနဲ့ ကျန်းမာရေးလိုအပ်ချက်တွေ အတွက်စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ပြီး သင်တန်းပေးတာလို့ သိရပါတယ်။

“သင်တန်းမှာ အခြေခံ ရှေးဦးသူနာပြုနည်းတွေ သင်ပေးတယ်။ ဒါ့အပြင် အရေးပေါ် ဖြစ်လာရင် ဘယ်လို နေရာမှာ ဘယ်ဆေးထိုးရမယ်ဆိုတာကို ကျွမ်းကျင် ဆရာဝန်တွေနဲ့ လက်တွေ့သင်ကြားတာတွေ လုပ်ပေးတယ်။” လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုသင်တန်းဟာ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)က ပေးတဲ့ ပထမဆုံး ဆေးတပ်သင်တန်းဖြစ်ပြီး နောက်လည်း သင်တန်းဆက်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။crd-

 

Add a Comment

Your email address will not be published. Required fields are marked *