အာဏာရှင်ရဲ့ ဇာတ်သိမ်း ဖတ်ကြည့်ပါ စိတ်ဝင်စားစရာကောင်းပါတယ်
|ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေကို သူ့ရဲ့ဘန်ကာထဲမှာဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတဲ့အကြောင်း
ဟစ်တလာနဲ့အတူတကယ်အနီးကပ်ရှိခဲ့တဲ့ ဟစ်တလာရဲ့ secretary ကောင်မလေးကို accurate အဖြစ်ဆုံး
လို့လဲပြောလို့ရပါတယ်..
ဆိုဗီယက်တပ်တွေမြို့တော်ဘာလင်ကို ဝိုင်းထားတဲ့အချိန်အထိ ဘန်ကာထဲမှာ
ပျော်ပွဲရွှင်ပွဲတွေ.. သောက်ဝိုင်းစားဝိုင်းနဲ့ ကပွဲသဘင်တွေ ကျင်းပပေးပါတယ်..
သဘောကတော့ ထိပ်ပိုင်းအရာရှိကြီးတွေကလွဲရင် ဘန်ကာထဲအတူတူနေကြသူနီးစပ်တဲ့
အသိုင်းအဝိုင်းကိုတောင်သူတို့အခြေအနေဆိုးနေပြီဆိုတာကို ပေးမသိဘူးဆိုတာပါပဲ..
အာဏာရှင်ဟာ သူအခြေအနေဆိုးလာလေ.. သူအခြေအနေဆိုးနေပြီဆိုတာကို
သူ့လက်အောက်ကလူတွေသိမှာစိုးရိမ်လေပါပဲ.. ဒါ့ကြောင့် သူ့လူတွေကို
မပြတ်တမ်းပျော်ရွှင်တက်ကြွနေစေပါတယ်..
အမှောင်မိုက်ဆုံးသော နေ့ရက်တွေအထိ ညဘက်တွေမှာ ပျော်ကြ ပါးကြ ကကြ ခုန်ကြတုန်းပါ..
နောက်ဆုံး ကပွဲသဘင်ထဲ ဒုံးကျည်ဝင်လာတော့မှ ပါတီပေးတာကို ရပ်ပါတယ်..
ဟစ်တလာ ဘန်ကာအပေါ်ကိုတက်တာ တစ်ချိန်ပဲရှိခဲ့ပါတယ်.. မြို့ထဲမှာ တိုက်ပွဲဝင်နေတဲ့
ကလေးလေးတွေ (၁၃-၁၄နှစ်လောက်ပဲရှိဦးမယ့်ကလေးလေးတွေ) ကို သူရဲကောင်းတံဆိပ်
တက်ပြီးချီးမြှင့်တာပါ..
ဆိုဗီယက်တပ်တွေ ဘာလင်ကိုဝိုင်းမိပြီးထားပြီဆိုတဲ့အချိန်မှာ ဘာမှမသိတဲ့အောက်ခြေစစ်သားလေးတွေဟာ
သူတို့ကို သူတို့ရဲ့ ခေါင်းဆောင်ကြီးကိုယ်တိုင်က သူရဲကောင်းတံဆိပ်ချီးမြှင့်လိုက်တယ်ဆိုတဲ့စိတ်နဲ့
တစ်ညလုံးတိုက်ပွဲဝင်သွားခဲ့ပါတယ်.. (အဲ့ဒီ့ညမှာပဲမြို့တော်ဘာလင်ကျတဲ့အခါ ရန်သူ့လက်ချက်နဲ့မကျဆုံးတဲ့
နာဇီတပ်သားတွေဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြပါတယ်)
ကိုယ်တိုင်က အခြေအနေမဟန်တော့မှန်း သေချာပေါက်သိသွားတဲ့အချိန်မှာ အာဏာရှင်တစ်ယောက်
ဘန်ကာထဲကထွက်ပြီးမြေကြီးပေါ်တက်လာတဲ့အထိ အရေးတယူလုပ်တဲ့ကိစ္စဟာ အောက်ခြေတပ်သားတွေကို
အဆုံးစွန်စိတ်အားတက်ကြွနေအောင် motivation ပေးဖို့ပါပဲ..
သိပ်ကိုသေးငယ်ကျဉ်းမြောင်းလှသောအသိုက်အဝန်းလေးကလွဲရင် နာဇီတပ်ကြီးပျက်နေပြီဆိုတာ ဘယ်သူမှ
တိတိပပ သိခွင့်မရခဲ့ကြပါဘူး.. ဘန်ကာထဲမှာ ဟစ်တလာကိုယ်တိုင် Happy birthday ထွက်ပြောတဲ့
birthday party ရှိနေဆဲပါ..
ပြီးတော့ သူ့ဇနီးနဲ့တရားဝင်လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပါတယ်.. သူ့ခွေးကို သတ်စေပါတယ်..
သူနဲ့သူ့ဇနီး သေပြီးတဲ့အခါ ရုပ်အလောင်းကို ၀ငျသယျဖို့.. အခန်းကို ဘယ်သူမှမမြင်အောင် ရှင်းလင်းဖို့နဲ့
မီးသင်္ဂြိုလ်ဖို့ကို စိတ်အချရဆုံးဗိုလ်ချုပ်တစ်ဦးတည်းကိုပဲ တာဝန်ယူဖို့ သေသေချာချာမှာသွားခဲ့ပါတယ်..
နောက်ဆုံးအချိန်အထိ သူတို့နိုင်တော့မှာမဟုတ်ဘူးဆိုတာကို ဘယ်သူ့ကိုမှ ပေးမသိခဲ့သလို
သူတို့က အမြဲတမ်းအနိုင်ရနေသလိုလို.. အပေါ်စီးမှာပဲရှိနေသလိုလို ပုံမျိုးနဲ့ပဲ နာဇီစစ်တပ်တစ်တပ်လုံးကို
နောက်ဆုံးတိုက်လို့ရနိုင်သမျှအချိန်အထိ တိုက်ခိုင်းသွားခဲ့တာပါ..
သမိုင်းကြောင်းတွေဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်..
Credit:Original