အာဏာရူးမိစ္ဆာတွေအတွက် လက်ညှိုးလည်းကွေးရဲသူ
|ချစ်လိုက်တာ အမေ့သမီးရယ်တိုင်းပြည်တိုးတက်ရေးအတွက် လွှတ်တော်တက် ဘော့ပင်ကိုင်တဲ့လက်က…
တိုင်းပြည် တည်ဆောက်ရေးမှာ သေနတ်ကိုင်ဖို့ ဝန်မလေးတဲ့အမေ့သမီးမသီရိရတနာ လေးစားပါတယ်ဗျာ
ဘေးရန်ကင်း၍ အရေးတော်ပုံအမြန်အောင်ပါစေ
PS = ဘီးလင်းသူ အမတ်ဒေါ်သီရိရတနာပုံလေး တွေ့မိလို့ ခံစားသီကုံးကြည့်မိ။
Fiřêflÿ
သူမနှလုံးသားက နုညံ့ပေမယ့်စိတ်ဓာတ်က ကျောက်သားပမာ။ပြည်သူနဲ့တွေ့ရင် ဝါဂွမ်းပမာ အာဏာရှင်နဲ့တွေ့ရင် စိန်သွားအလား။
ဘောလ်ပင်ကိုင် လက်တစ်စုံဟာ စတင်းဂန်းကိုင်ဘို့လည်း အသင့်။ပန်းတစ်ပွင့်ကို ယုယစွာပန်တတ်သလို ဂရင်းနိပ်တစ်လုံးကိုလည်း ရန်သူထံ ပစ်လွှတ်ရဲသူ။
အမှန်တရားအတွက် လက်မ,ထောင်ရဲသလို အမှားတွေအတွက် လက်သုံးချောင်း ထောင်ရဲသလိုအာဏာရူးမိစ္ဆာတွေအတွက် လက်ညှိုးလည်းကွေးရဲသူ။
ပျော့ပြောင်းရဲသလို မာကျောရဲတယ်။ ခေါင်းငုံ့ရဲသလို ခေါင်းမော့ရဲတယ် … ။လေးစားလျှက် –Fiřêflÿ
PS = ဘီးလင်းသူ အမတ်ဒေါ်သီရိရတနာပုံလေး တွေ့မိလို့ ခံစားသီကုံးကြည့်မိ။
💪💪💪Photo credit