အိႏၵိယနိုင္ငံတြင္ ေရလႊမ္းမိုးမႈႏွင့္ ေျမၿပိဳမႈတို႔ေၾကာင့္ လူ ၁၀၀ ေက်ာ္ ေသဆုံး
|အိႏၵိယနိုင္ငံတြင္ ေရလႊမ္းမိုးမႈႏွင့္ ေျမၿပိဳမႈတို႔ေၾကာင့္ လူ ၁၀၀ ေက်ာ္ ေသဆုံး
အိႏၵိယနိုင္ငံမွာ မိုးသည္းထန္စြာ ရြာသြန္းၿပီး ေရလႊမ္းမိုးမႈနဲ႔ ေျမၿပိဳမႈေတြ ျဖစ္ပြားေနလို႔ လူ ၁၀၀ ေက်ာ္ ေသဆုံးသြားခဲ့ရၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။အိႏၵိယနိုင္ငံ အေနာက္ဘက္ျခမ္း မဟာရပ္ရွ္
ထရာျပည္နယ္မွာ ေရလႊမ္းမႈနဲ႔ ေျမၿပိဳမႈေတြက အရမ္းကို ဆိုးရြားေနၿပီး ေသဆုံးသူအေရအတြက္ဟာ ၁၁၅ ေယာက္အထိ ရွိသြားခဲ့ၿပီလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ကယ္ဆယ္ေရးလုပ္ငန္းေတြကို အရွိန္ျမႇင့္ေဆာင္ရြက္ေနၿပီး လူေပါင္းတစ္သိန္းခြဲနီးပါးကို ေနထိုင္ရာေနရာေတြကေန ေဘးလြတ္ကင္းရာဆီ ေျပာင္းေရႊ႕ေပးထားၿပီျဖစ္ေၾကာင္း
ကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္ေတြက ေျပာၾကားသြားခဲ့ပါတယ္။
အိႏၵိယနိုင္ငံရဲ့ၿမိဳ႕ေတာ္ မြမ္ဘိုင္းမွာလည္း မိုးသည္းထန္စြာ ရြာသြန္းမႈနဲ႔ ေရလႊမ္းမႈျဖစ္စဥ္ေတြေၾကာင့္ လူဒါဇင္ေပါင္းမ်ားစြာ ေပ်ာက္ဆုံးေနၿပီး အပန္းေျဖစခန္းေတြ တည္ရွိရာ ဂိုအာျပည္နယ္ဟာ
လည္း ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုးရြားဆုံးေသာ ေရလႊမ္းမိုးမႈျဖစ္စဥ္ကို ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။
မြမ္ဘိုင္းၿမိဳ႕ရဲ့ေတာင္ပိုင္းမွာရွိတဲ့ ရိုင္ဂတ္ၿမိဳ႕မွာ ေျမၿပိဳက်မႈေၾကာင့္ ေနအိမ္မ်ားစြာ ပ်က္စီးၿပီး လူ ၄၇ ေယာက္ ေသဆုံးသြားခဲ့ကာ လူ ၅၃ ေယာက္ကေတာ့ ရႊံ့ႏြံေတြေအာက္မွာ အခုအခ်ိန္ထိတိုင္
ပိတ္မိေနဆဲပဲျဖစ္ပါတယ္။၂၄ နာရီပတ္လုံး မိုးမရပ္မနား ရြာသြန္းမႈေတြေၾကာင့္ ဗာရွီရွတီျမစ္ေရဟာ ေပေပါင္း ၂၀ ေက်ာ္ ျမင့္တက္လာခဲ့ၿပီး ခ်ီပလန္ေဒသမွာရွိတဲ့ လမ္းေတြ၊ အိမ္ေတြကို ေရနစ္ျ
မဳပ္ေစခဲ့ၿပီလို႔ သိရွိရပါတယ္။
အိန္ဒိယနိုင်ငံတွင် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုတို့ကြောင့် လူ ၁၀၀ ကျော် သေဆုံးအိန္ဒိယနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှု
တွေ ဖြစ်ပွားနေလို့ လူ ၁၀၀ ကျော် သေဆုံးသွားခဲ့ရပြီဖြစ်ကြောင်း သိရှိရပါတယ်။အိန္ဒိယနိုင်ငံ အနောက်ဘက်ခြမ်း မဟာရပ်ရှ်ထရာပြည်နယ်မှာ ရေလွှမ်းမှုနဲ့ မြေ
ပြိုမှုတွေက အရမ်းကို ဆိုးရွားနေပြီး သေဆုံးသူအရေအတွက်ဟာ ၁၁၅ ယောက်အထိ ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို
အရှိန်မြှင့်ဆောင်ရွက်နေပြီး လူပေါင်းတစ်သိန်းခွဲနီးပါးကို နေထိုင်ရာနေရာတွေကနေ ဘေးလွတ်ကင်းရာဆီပြောင်းရွှေ့ပေးထားပြီဖြစ်ကြောင်း ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်
တွေက ပြောကြားသွားခဲ့ပါတယ်။အိန္ဒိယနိုင်ငံရဲ့မြို့တော် မွမ်ဘိုင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေလွှမ်းမှုဖြစ်စဉ်တွေကြောင့် လူဒါဇင်ပေါင်းများစွာ
ပျောက်ဆုံးနေပြီး အပန်းဖြေစခန်းတွေတည်ရှိရာ ဂိုအာပြည်နယ်ဟာလည်း ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးသော ရေလွှမ်းမိုးမှုဖြစ်စဉ်ကို ရင်ဆိုင်နေရပြီ
ဖြစ်ပါတယ်။မွမ်ဘိုင်းမြို့ရဲ့တောင်ပိုင်းမှာရှိတဲ့ ရိုင်ဂတ်မြို့မှာ မြေပြိုကျမှုကြောင့် နေအိမ်များစွာ ပျက်စီးပြီး လူ ၄၇ ယောက် သေဆုံးသွားခဲ့ကာ လူ ၅၃ ယောက်ကတော့
ရွှံ့နွံတွေအောက်မှာ အခုအချိန်ထိတိုင် ပိတ်မိနေဆဲပဲဖြစ်ပါတယ်။၂၄ နာရီပတ်လုံး မိုးမရပ်မနား ရွာသွန်းမှုတွေကြောင့် ဗာရှီရှတီမြစ်ရေဟာ ပေပေါင်း ၂၀
ကျော် မြင့်တက်လာခဲ့ပြီး ချီပလန်ဒေသမှာရှိတဲ့ လမ်းတွေ၊ အိမ်တွေကိုရေနစ်မြုပ်စေခဲ့ပြီလို့ သိရှိရပါတယ်။