အရေးပေါ်လိုအပ်နေတဲ့လူနာတွေအတွက် အောက်ဆီဂျင်စက်တွေကိုယ်တိုင်သွားရောက်ပို့ပေးကာ ကူညီပေးနေတဲ့ စိန်ဖြိုးလှိုင်ရဲ့ဗီဒီယို
ကိုတွေ့ရပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုကို အလူးအလဲခံစားနေရပြီး ပရဟိတသမားတွေကလည်း ပြည်သူတွေကို နေ့မနား၊ညမနားကူညီပေးနေကြ
တာကိုတွေ့ရပါတယ်။
အခုလိုနိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ ပြည်သူချင်းရိုင်းပင်းကူညီနေတာကြတာဖြစ်ပြီး ၎င်းတို့ထဲမှာဆိုရင် စိန်ဖြိုးလှိုင်နဲ့ရီရီပွင့်ဖြူတို့
နှစ်ဦးလည်း အပါအဝင်ဖြစ်ပါတယ်…..။
အနုပညာရှင်ဖြစ်သလို ဆရာဝန်တစ်ယောက်လည်း ဖြစ်တဲ့ စိန်ဖြိုးလှိုင်ကတော့ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်တွေ လှူဒါန်းကူညီနေ
သလို ကျန်းမာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း နေ့မနားညမနား ဖြေကြားပေးနေသူလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ပြည်သူတွေအတွက် အရေးပေါ်လိုအပ်နေ
တဲ့ Oxygen concentratorစက်တွေကိုလည်း ဆက်သွယ်မှာယူပြီး လိုအပ်နေတဲ့လူနာတွေဆီကို ကိုယ်တိုင်သွားရောက်ပို့ပေးနေတာဖြစ်ပါတယ်…..။
မကြာသေးမီကလည်း စိန်ဖြိုးဟာသူ့ရဲ့ Facebook pageလေးမှာ အောက်ဆီဂျင်စက်တွေကို အရေးပေါ်လိုအပ်နေတဲ့လူနာတွေဆီကို ကိုယ်တိုင်သယ်ယူကာ
ပို့ဆောင်ပေးနေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာခဲ့ပါတယ်။ စိန်ဖြိုးနဲ့ရီရီတို့နှစ်ဦးလုံးဟာ PPEအပြည့်အစုံဝတ်ကြပြီး လူနာတွေဆီကိုယ်တိုင်သွားရောက်ကာ
အောက်ဆီဂျင်စက်အသုံးပြုနည်းတွေပါ စိတ်ရှည်လက်ရှည်ရှင်းပြနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
(ဗီဒီယိုဖိုင်ကြည့်ရူရန်အတွက် အောက်ပါလင့်ကို copyလုပ်ပြီး openကိုနှိပ်၍ facebookကိုနှိပ်ပြီး ဖွင့်ပါ)
https://www.facebook.com/seinphyoandyi/videos/172971661457154/