အဟောင်းထဲက မထွက်တဲ့ စစ်အုပ်စုနဲ့ အားကောင်းမောင်းသန် နွေဦးတော်လှန်ရေး (ဆောင်းပါး)ရုပ်သံ
ဒါဟာ ၁၉၆၀ ကျော်ကာလက ဗိုလ်နေဝင်း သုံးခဲ့တဲ့ မဆန့်ကျင်ရင် ပြီးရော၊ သူတို့ကို အသုံးချမယ်ဆိုတဲ့ ပုံစံအတိုင်းပါပဲ credit
အဟောင်းထဲက မထွက်တဲ့ စစ်အုပ်စုနဲ့ အားကောင်းမောင်းသန် နွေဦးတော်လှန်ရေး (ဆောင်းပါး)
“မတော်လှန်ပြီးရော၊ အသုံးချလို့ ရသမျှ အသုံးချမယ်”ဆိုတဲ့ ဗိုလ်နေဝင်းရဲ့ လူမဆန်တဲ့၊ ကောက်ကျစ်တဲ့ လုပ်ရပ်ဆိုးကို သူ့နောက်က တက်လာတဲ့
စစ်ဗိုလ်ချုပ်တွေကလည်း ဆက်သုံးခဲ့ကြပြန်ပါတယ်။
တိုင်းပြည်ကို ဆင်းရဲတွင်း ပို့ခဲ့တဲ့ ဗိုလ်နေဝင်း လက်ထက်အပြီး စစ်အုပ်စုဟာ အမည်ပေါင်းစုံနဲ့ နိုင်ငံ့အာဏာကို ဆက်ကိုင်ထားခဲ့သလို
စစ်အုပ်စုကို တော်လှန်ခဲ့တဲ့သူတွေထဲက သုံးလို့ ရတဲ့သူမှန်သမျှ၊ ပြန်မတော်လှန်မယ့်သူမှန်သမျှကို နေရာပေးခဲ့တာတွေ
ဆက်လုပ်ခဲ့ပါ တယ်။
အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ယူနီဖောင်းချွတ် ဗိုလ်သိန်းစိန်အစိုးရလက်ထက်မှာတော့ ၁၉၈၈ အရေးအခင်းကတည်းက
စစ်အုပ်စုကို နည်းပေါင်းစုံနဲ့ တော်လှန်ခဲ့သူတွေကို ဖိတ်ခေါ်ခဲ့တာကြောင့် “ပြည်တော်ပြန်”ဆိုတဲ့လူတန်းစားတစ်ရပ်ထွက်လာပါတော့တယ်။
ငွေ လိုရင် ငွေ၊ ကား လိုရင် ကား၊ ရာထူးလိုချင် ရာထူးပေးပြီး စည်းရုံးခဲ့ပြီး သုံးလို့ ရတဲ့နေရာမှန်သမျှ ထည့်သုံးပြီး သစ္စာခံစေခဲ့ပါတယ်။
ဒါဟာ ၁၉၆၀ ကျော်ကာလက ဗိုလ်နေဝင်း သုံးခဲ့တဲ့ မဆန့်ကျင်ရင် ပြီးရော၊ သူတို့ကို အသုံးချမယ်ဆိုတဲ့ ပုံစံအတိုင်းပါပဲ။
credit