အႏုပညာရွင္ေတြအတြက္အဓိပၸါယ္ရွိတဲ့ ပန္းခ်ီကားတစ္ခ်ပ္အျဖစ္ ကိုေပါက္ပုံေဖာ္
|” Art is Freedom STOP ARRESTING ARTIST ” ဆိုတဲ့စာသားဟာ အႏုပညာရွင္ေတြအတြက္ အေတာ္ေလးကိုအဓိပၸါယ္ရွိလြန္းပါတယ္
အာဏာသိမ္းမႈစတင္ျဖစ္ခဲ့တဲ့ ေဖေဖာ္ဝါရီ (၁) ရက္ေန႔ကတည္းက ျပည္သူ႔ဘက္ေတာ္သားအျဖစ္ မားမားမတ္မတ္ရပ္တည္ခဲ့တဲ့
မင္းေမာ္ကြန္းဟာ လက္ရွိမွာေတာ့ မိသားစုနဲ႔ခြဲခြာၿပီး ေဘးလြတ္ရာကို ေရွာင္တိမ္းေနရပါတယ္။
မိသားစုကိုသတိရတဲ့အခ်ိန္ေတြမွာလည္း ေလလွိုင္းေပၚကေန Video Call နဲ႔ပဲ အလြမ္းေျဖေနခဲ့ရတာပါ။
ဒီလိုအခက္အခဲေတြရွိေပမယ့္ အာဏာရွင္ကိုေတာ္လွန္မယ့္ သူ႔ရဲ့ရပ္တည္ခ်က္နဲ႔ စိတ္ဓာတ္ကေတာ့ ေျပာင္းလဲမသြားပါဘူး။
ဘယ္အခ်ိန္ပဲေမးေမး ဒီမိုကေရစီအိပ္မက္နဲ႔ အာဏာရွင္ကိုေတာ္လွန္ခ်င္တဲ့စိတ္ဟာ အျမဲရွိေနခဲ့ပါတယ္။
ေဘးလြတ္ရာကိုေရွာင္တိမ္းေနေသာ္လည္း ေတာ္လွန္ေရးကိစၥေတြမွာ အျမဲတမ္း တက္တက္ႂကြႂကြ ပါဝင္ခဲ့သူပါ။
ဒီမိုကေရစီလိုလားတဲ့ျပည္သူေတြကိုလည္း ခြန္အားျဖစ္ေစမယ့္ စာေတြေရးသားေပးခဲ့ၿပီး ေရာက္တဲ့ေနရာတိုင္းမွာလည္း
သတိရွိရွိနဲ႔ ေတာ္လွန္ေနခဲ့ပါတယ္။ ဒီေန႔မွာေတာ့ ဒါရိုက္တာကိုေပါက္ဟာ တိမ္းေရွာင္ေနတဲ့ မင္းေမာ္ကြန္းအတြက္
အမွတ္တရပန္းခ်ီပုံေလးဆြဲေပးခဲ့ၿပီး ဒီပုံေလးကို မင္းေမာ္ကြန္းက သူ႔ရဲ့လူမႈကြန္ယက္မွာ ျပန္လည္ေဖာ္ျပလာခဲ့ပါတယ္။
ဆႏၵျပစဥ္က မင္းေမာ္ကြန္းရဲ့ပုံတစ္ပုံကို ပုံတူဆြဲခဲ့တာျဖစ္ၿပီး အသက္ဝင္လြန္းတဲ့ပုံကို အားလုံးက သေဘာက်ေနခဲ့ၾကပါတယ္။
” Art is Freedom STOP ARRESTING ARTIST ” ဆိုတဲ့စာသားဟာ အႏုပညာရွင္ေတြအတြက္ အေတာ္ေလးကိုအဓိပၸါယ္ရွိလြန္းပါတယ္။
အႏုပညာဆိုတာ ေဘာင္ကန႔္သတ္ထား တာေတြမရွိတာမို႔ စိတ္ထဲရွိသေလာက္ စီးေမ်ာခံစားခြင့္ ရွိသလို အႏုပညာရွင္ေတြကိုလည္း
ဖမ္းဆီးခ်ဳပ္ေႏွာင္တာမ်ိဳးေတြမလုပ္သင့္ဘူးဆိုတဲ့ သေဘာနဲ႔ ေဖာ္က်ဴးခဲ့တာကို အခုလိုအဓိပၸါယ္ရွိတဲ့ ပန္းခ်ီကားတစ္ခ်ပ္အျဖစ္ ကိုေပါက္က
ျပန္လည္ပုံေဖာ္ခဲ့တာပါ။
အာဏာသိမ်းမှုစတင်ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ပြည်သူ့ဘက်တော်သားအဖြစ် မားမားမတ်မတ်ရပ်တည်ခဲ့တဲ့
မင်းမော်ကွန်းဟာ လက်ရှိမှာတော့ မိသားစုနဲ့ခွဲခွာပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။
မိသားစုကိုသတိရတဲ့အချိန်တွေမှာလည်း လေလှိုင်းပေါ်ကနေ Video Call နဲ့ပဲ အလွမ်းဖြေနေခဲ့ရတာပါ။
ဒီလိုအခက်အခဲတွေရှိပေမယ့် အာဏာရှင်ကိုတော်လှန်မယ့် သူ့ရဲ့ရပ်တည်ချက်နဲ့ စိတ်ဓာတ်ကတော့ ပြောင်းလဲမသွားပါဘူး။
ဘယ်အချိန်ပဲမေးမေး ဒီမိုကရေစီအိပ်မက်နဲ့ အာဏာရှင်ကိုတော်လှန်ချင်တဲ့စိတ်ဟာ အမြဲရှိနေခဲ့ပါတယ်။
ဘေးလွတ်ရာကိုရှောင်တိမ်းနေသော်လည်း တော်လှန်ရေးကိစ္စတွေမှာ အမြဲတမ်း တက်တက်ကြွကြွ ပါဝင်ခဲ့သူပါ။
ဒီမိုကရေစီလိုလားတဲ့ပြည်သူတွေကိုလည်း ခွန်အားဖြစ်စေမယ့် စာတွေရေးသားပေးခဲ့ပြီး ရောက်တဲ့နေရာတိုင်းမှာလည်း
သတိရှိရှိနဲ့ တော်လှန်နေခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒါရိုက်တာကိုပေါက်ဟာ တိမ်းရှောင်နေတဲ့ မင်းမော်ကွန်းအတွက်
အမှတ်တရပန်းချီပုံလေးဆွဲပေးခဲ့ပြီး ဒီပုံလေးကို မင်းမော်ကွန်းက သူ့ရဲ့လူမှုကွန်ယက်မှာ ပြန်လည်ဖော်ပြလာခဲ့ပါတယ်။
ဆန္ဒပြစဉ်က မင်းမော်ကွန်းရဲ့ပုံတစ်ပုံကို ပုံတူဆွဲခဲ့တာဖြစ်ပြီး အသက်ဝင်လွန်းတဲ့ပုံကို အားလုံးက သဘောကျနေခဲ့ကြပါတယ်။
” Art is Freedom STOP ARRESTING ARTIST ” ဆိုတဲ့စာသားဟာ အနုပညာရှင်တွေအတွက် အတော်လေးကိုအဓိပ္ပါယ်ရှိလွန်းပါတယ်။
အနုပညာဆိုတာ ဘောင်ကန့်သတ်ထား တာတွေမရှိတာမို့ စိတ်ထဲရှိသလောက် စီးမျောခံစားခွင့် ရှိသလို အနုပညာရှင်တွေကိုလည်း
ဖမ်းဆီးချုပ်နှောင်တာမျိုးတွေမလုပ်သင့်ဘူးဆိုတဲ့ သဘောနဲ့ ဖော်ကျူးခဲ့တာကို အခုလိုအဓိပ္ပါယ်ရှိတဲ့ ပန်းချီကားတစ်ချပ်အဖြစ် ကိုပေါက်က
ပြန်လည်ပုံဖော်ခဲ့တာပါ။