ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံရန္ ဌားရမ္းခံရသူကိုFBI ထိန္းသိမ္း စစ္ေဆးေန

ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံရန္ ဌားရမ္းခံရသူကိုFBI ထိန္းသိမ္း စစ္ေဆးေန
ဩဂုတ္ ၅

​UN အထူးကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံရန္ ဌားရမ္းခံရသူအား အေမရိကန္ အထူးစုံစမ္းေရးတပ္ဖြဲ႕ ( FBI ) က ထိန္းသိမ္း စစ္ေဆးေမးျမန္းေနၿပီ

ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဌားရမ္းခံရသူကိုယ္တိုင္ ဦးေက်ာ္မိုးထြန္းကိုဆက္သြယ္သတင္းေပးခဲ့ျခင္းျဖစ္ၿပီး ယခုအခ်ိန္ အေမရိကန္ လုံျခဳံေရးတပ္ဖြဲ႕မ်ားက ဦးေက်ာ္မိုးထြန္းကို

အထူးလုံျခဳံေရးေပးထားေၾကာင္း သတင္းရင္းျမစ္မ်ားက ဆိုသည္။

ျမန္မာစစ္တပ္က စစ္ကိုင္းတိုင္း ႏွင့္ ခ်င္းျပည္နယ္ဘက္တြင္ ေဒသခံ ျပည္သူမ်ားကို အစုလိုက္ အျပဳံလိုက္ သတ္ျဖတ္ခဲ့သည့္ ျဖစ္ရပ္မ်ားကို ဦးေက်ာ္မိုးထြန္းက UN

အတြင္းေရးမႉးထံ အေထာက္အထားမ်ားႏွင့္ စာေရးသားတိုင္ၾကားထားေၾကာင္း သိရသည္။

FBI ၏ စစ္ေဆးမႈ အရ ဦးေက်ာ္မိုးထြန္းကို မည္သည့္အဖြဲ႕အစည္းက လုပ္ႀကံရန္ႀကိဳးစားေနသည့္ ကိစၥ မၾကာမီ ေပၚေပါက္လာဖြယ္ ရွိေနသည္။ယင္းႀကိဳးပမ္းမႈမွာ ျမ

န္မာ စစ္တပ္ႏွင့္ ဆက္စပ္ေနပါက အၾကမ္းဖက္လုပ္ရပ္ အျဖစ္ နိုင္ငံတကာတြင္ေပၚေပါက္သြားမည္ ျဖစ္သည္။

ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ဌားရမ်းခံရသူကိုFBI ထိန်းသိမ်း စစ်ဆေးနေ
ဩဂုတ် ၅

​UN အထူးကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ဌားရမ်းခံရသူအား အမေရိကန် အထူးစုံစမ်းရေးတပ်ဖွဲ့ ( FBI ) က ထိန်းသိမ်း စစ်ဆေးမေးမြန်းနေပြီ

ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဌားရမ်းခံရသူကိုယ်တိုင် ဦးကျော်မိုးထွန်းကိုဆက်သွယ်သတင်းပေးခဲ့ခြင်းဖြစ်ပြီး ယခုအချိန် အမေရိကန် လုံခြုံရေးတပ်ဖွဲ့များက ဦးကျော်မိုးထွန်းကို

အထူးလုံခြုံရေးပေးထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

မြန်မာစစ်တပ်က စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ်ဘက်တွင် ဒေသခံ ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်များကို ဦးကျော်မိုး

ထွန်းက UN အတွင်းရေးမှူးထံ အထောက်အထားများနှင့် စာရေးသားတိုင်ကြားထားကြောင်း သိရသည်။

FBI ၏ စစ်ဆေးမှု အရ ဦးကျော်မိုးထွန်းကို မည်သည့်အဖွဲ့အစည်းက လုပ်ကြံရန်ကြိုးစားနေသည့် ကိစ္စ မကြာမီ ပေါ်ပေါက်လာဖွယ် ရှိနေသည်။

ယင်းကြိုးပမ်းမှုမှာ မြန်မာ စစ်တပ်နှင့် ဆက်စပ်နေပါက အကြမ်းဖက်လုပ်ရပ် အဖြစ် နိုင်ငံတကာတွင်ပေါ်ပေါက်သွားမည် ဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *