“ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ စေခိုင်းခံရသူက ဖွင့်ချလိုက်တဲ့ ယုတ်မာသူတို့ရဲ့ အကြံအစည်”

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန်အတွက် ။

 

အဖွဲ့အစည်းတစ်ခုက ဒီရက်ပိုင်းအတွင်း အခ ကြေးငွေပေးပြီး ကြိုးစားခဲ့ကြောင်း သိရပါတယ်။

နယူးယောက်မြို့မှာ လက်ရှိနေထိုင်လျှက်ရှိတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို အဲဒီအဖွဲ့အစည်းက အခကြေး ငွေပေး ကာ သံအမတ်ကြီးကို အခုလို သတ်ဖြတ်ပေးဖို့ ငှားရမ်းခဲ့တာဖြစ်ပြီး ။

အဲဒီမြန်မာနိုင်ငံသားက ဦးကျော်မိုးထွန်းကို ဆက်သွယ်ပြီး အကြောင်းစုံကို ပြောပြခဲ့ပြီးနောက်မှာ သံ အမတ်ကြီးက အမေရိကန်အစိုးရ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီမြန်မာနိုင်ငံသားဟာ အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ဗီဇာနဲ့ လာရောက်ပြီးနောက်မှာ ခိုလှုံခွင့်တောင်းထားသူဖြစ်ကြောင်းနဲ့ ။

သူ့ကို အခု အမေရိကန် ပြည်ထောင်စု ထောက်ဘလှမ်းရေးအရာရှိတွေက စစ်ဆေးမေးမြန်းနေကြောင်းလည်း သတင်းရပါတယ်။

ရိုက်တာသတင်းဌာနကတော့ သံအမတ်ကြီးက သူ့ရဲ့လုံခြုံရေးခြိမ်းခြောက်မှု အန္တရာယ်ကို ပြီးခဲ့တဲ့အင်္ဂါနေ့က သိရှိရတဲ့အတွက်။

အမေရိကန်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီးနောက် အခု စုံစမ်းအရေးယူနေကြောင်း၊ သူ့ လုံခြုံရေးအတွ က် ရဲတပ်ဖွဲ့က ဆောင်ရွက်ပေးထားကြောင်း ပြော ဆိုတယ်လို့ ဖေါ်ပြပါတယ်။

အမေရိကန်ပြည်ထောင်စု ဗဟိုအစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့ FBI က ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း မိမိတို့ရဲ့ကာ ကွယ်ရေးအစီအစဉ်တွေကို အသေးစိတ်ပြောဆိုထု တ်ပြန်ခြင်း မရှိပါဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို RFA က ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စကို လုံခြုံရေးအရ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တဲ့အတွက် အသေးစိတ်ထုတ်ပြန်ပြောဆိုနိင်ခြင်း မရှိသေး ကြောင်း။

အမေရိကန်အစိုးရ လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်တွေကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် သူ့အပေါ်နားလည်စေလိုကြောင်း ပြောဆိုပါတယ်။

ဦးကျော်မိုးထွန်းရဲ့ လုံခြုံရေးအတွက် လက်ရှိတာ ဝန်ယူထားတဲ့ နယူးယောက်မြို့ရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ သံအမတ်ကြီးအ တွက် လုံခြုံရေးကို အရင်ကထက် ပိုမိုအဆင့်မြင့်ဆောင်ရွက်နေတယ် လို့ပဲ ပြောဆိုပြီး ။

အသေးစိတ်ပြောကြားဖို့ ငြင်းဆိုပါတယ်။ ဒီအမှုရဲ့ နောက်ကွယ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ် ပါဝင်ပတ်သက်နေတယ်လို့ လူတချို့က။

ယူဆပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးသလို မြ န်မာစ စ်တပ်ပြောရေးဆိုခွင့်ရှိသူတွေကိုလည်း လ တ်တလော ဆက်သွယ်လို့ မရသေးပါဘူး။

 

အခုလို သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် အခကြေးငွေပေး ခိုင်းစေမှုနဲ့ ပတ် သက်ပြီး သတင်းအချက်အလက်တွေ ပိုမိုရရှိဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *