ဧရာမေရကာတာႀကီးဟာမုန္တိုင္းအရွိန္ေၾကာင့္အခ်ိန္မေရြး ၿပိဳက်သြားနိုင္တဲ့အႏၲရာယ္ရွိေၾကာင္းတ႐ုတ္စစ္ တပ္က သတိေပးခ်က္ထုတ္ျပန္

မုန္တိုင္းအရွိန္ေၾကာင့္ ေရကာတာၿပိဳက်နိုင္ေၾကာင္း တ႐ုတ္စစ္တပ္သတိေပး

◾ ဟီနန္စီရင္စု၌ ၿမိဳ႕ေပါင္းမ်ားစြာေရလႊမ္းမိုးၿပီ နာမည္ႀကီးေရွာင္လင္ဘုရားေက်ာင္းအားပိတ္ထားရ

တ႐ုတ္နိုင္ငံရဲ့ဗဟိုခ်က္ေနရာမွာတည္ရွိေနတဲ့ဧရာမေရကာတာႀကီးဟာမုန္တိုင္းအရွိန္ေၾကာင့္အခ်ိန္မေရြး ၿပိဳက်သြားနိုင္တဲ့အႏၲရာယ္ရွိေၾကာင္းတ႐ုတ္စစ္

တပ္က သတိေပးခ်က္ထုတ္ျပန္လိုက္ၿပီျဖစ္ပါတယ္။တ႐ုတ္နိုင္ငံမွာ ျပင္းထန္တဲ့ေလမုန္တိုင္းေတြ ဆက္တိုက္တိုက္ခတ္မႈေၾကာင့္ လူ ၁၂ ဦးေသဆုံးခဲ့ၿပီး မုန္

တိုင္းဝင္တဲ့ေဒသအားလုံးဟာလည္ပတ္မႈေတြရပ္ဆိုင္းေနၿပီလည္းျဖစ္ပါတယ္။မုန္တိုင္းအရွိန္ေၾကာင့္မိုးသည္းထန္စြာရြာသြန္းမႈေတြ ျဖစ္ေပၚလာခဲ့အၿပီးမွာလူ

ယြမ္ၿမိဳ႕ကယီသန႔္ေရကာတာဟာ ေရမီတာ၂၀ အထိ ျမင့္တက္လာခဲ့ၿပီး ဒီေရကာတာသာ ၿပိဳက်ခဲ့ရင္ လူယြမ္ၿမိဳ႕မွာေနထိုင္တဲ့လူခုနစ္သန္းဟာ ေဘးအႏၲရာ

ယ္ေတြနဲ႔ ရင္ဆိုင္ရေတာ့မွာပဲျဖစ္ပါတယ္။လက္ရွိမွာေတာ့တ႐ုတ္စစ္တပ္ဟာ ေရလႊမ္းမိုးမႈနဲ႔ ေရကာတာၿပိဳက်မႈတို႔ ျဖစ္ေပၚလာခဲ့ရင္ အေရးေပၚကယ္ဆယ္ေ

ရးလုပ္ငန္းေတြအလၽွင္အျမန္ေဆာင္ရြက္နိုင္ေစဖို႔အတြက္စစ္သားေတြကိုလူယြမ္ၿမိဳ႕ဆီ ေစလႊတ္ပို႔ေဆာင္ထားၿပီလည္းျဖစ္ပါတယ္။ယီသန႔္ေရကာတာဟာ ဇူ

လိုင္၂၀ ရက္ကေနစလို႔ စိုးရိမ္ေရအမွတ္ဆီ ေရာက္ရွိေနခဲ့တာျဖစ္ၿပီး ေရကာတာရဲ့ ေဘးဘက္ေနရာေတြဟာ အႀကီးအက်ယ္ ထိခိုက္ပ်က္စီးလာတဲ့အတြက္

အခ်ိန္မေရြးၿပိဳက်သြားမွာကို တ႐ုတ္စစ္တပ္က စိုးရိမ္လာတာပဲျဖစ္ပါတယ္။တ႐ုတ္ျပည္အလယ္ပိုင္းဆီကဟီနန္စီရင္စုခရိုင္မွာလည္း ၿမိဳ႕ေပါင္းမ်ားစြာဟာ မိုး

သည္ထန္စြာ ရြာသြန္းမႈအရွိန္ေၾကာင့္ ျမစ္ေရလႊမ္းမႈနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္ၿပီးနာမည္ေက်ာ္ ေရွာင္လင္ဘုရားေက်ာင္းကိုလည္း ပိတ္ထားလိုက္ရၿပီျဖစ္ပါတယ္။

မိုးသည္ထန္စြာရြာသြန္းမႈေၾကာင့္ ျမစ္ကမ္းပါးၿပိဳက်မႈေတြ ဆက္တိုက္ျဖစ္ေပၚေနၿပီး ျမစ္ဝါျမစ္ကမ္းနံေဘးမွာရွိတဲ့ ဇန္ဇူးၿမိဳ႕မွာ မိုးသည္းထန္စြာရြာသြန္းတဲ့ျဖစ္

စဥ္ေၾကာင့္ လူသုံးဦးအထိ ေသဆုံးသြားခဲ့ရၿပီလည္းျဖစ္ပါတယ္။

မုန်တိုင်းအရှိန်ကြောင့် ရေကာတာပြိုကျနိုင်ကြောင်း တရုတ်စစ်တပ်သတိပေး

◾ ဟီနန်စီရင်စု၌ မြို့ပေါင်းများစွာရေလွှမ်းမိုးပြီ နာမည်ကြီးရှောင်လင်ဘုရားကျောင်းအားပိတ်ထားရ

တရုတ်နိုင်ငံရဲ့ဗဟိုချက်နေရာမှာတည်ရှိနေတဲ့ဧရာမရေကာတာကြီးဟာမုန်တိုင်းအရှိန်ကြောင့်အချိန်မရွေး ပြိုကျသွားနိုင်တဲ့အန္တရာယ်ရှိကြောင်းတရုတ်စစ်

တပ်က သတိပေးချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။တရုတ်နိုင်ငံမှာ ပြင်းထန်တဲ့လေမုန်တိုင်းတွေ ဆက်တိုက်တိုက်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ပြီး မုန်

တိုင်းဝင်တဲ့ဒေသအားလုံးဟာလည်ပတ်မှုတွေရပ်ဆိုင်းနေပြီလည်းဖြစ်ပါတယ်။မုန်တိုင်းအရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်လာခဲ့အပြီးမှာလူ

ယွမ်မြို့ကယီသန့်ရေကာတာဟာ ရေမီတာ၂၀ အထိ မြင့်တက်လာခဲ့ပြီး ဒီရေကာတာသာ ပြိုကျခဲ့ရင် လူယွမ်မြို့မှာနေထိုင်တဲ့လူခုနစ်သန်းဟာ ဘေးအန္တရာ

ယ်တွေနဲ့ ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။လက်ရှိမှာတော့တရုတ်စစ်တပ်ဟာ ရေလွှမ်းမိုးမှုနဲ့ ရေကာတာပြိုကျမှုတို့ ဖြစ်ပေါ်လာခဲ့ရင် အရေးပေါ်ကယ်ဆယ်ေ

ရးလုပ်ငန်းတွေအလျှင်အမြန်ဆောင်ရွက်နိုင်စေဖို့အတွက်စစ်သားတွေကိုလူယွမ်မြို့ဆီ စေလွှတ်ပို့ဆောင်ထားပြီလည်းဖြစ်ပါတယ်။ယီသန့်ရေကာတာဟာ ဇူ

လိုင်၂၀ ရက်ကနေစလို့ စိုးရိမ်ရေအမှတ်ဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ရေကာတာရဲ့ ဘေးဘက်နေရာတွေဟာ အကြီးအကျယ် ထိခိုက်ပျက်စီးလာတဲ့အတွက်

အချိန်မရွေးပြိုကျသွားမှာကို တရုတ်စစ်တပ်က စိုးရိမ်လာတာပဲဖြစ်ပါတယ်။တရုတ်ပြည်အလယ်ပိုင်းဆီကဟီနန်စီရင်စုခရိုင်မှာလည်း မြို့ပေါင်းများစွာဟာ မိုး

သည်ထန်စွာ ရွာသွန်းမှုအရှိန်ကြောင့် မြစ်ရေလွှမ်းမှုနဲ့ ရင်ဆိုင်နေရပြီဖြစ်ပြီးနာမည်ကျော် ရှောင်လင်ဘုရားကျောင်းကိုလည်း ပိတ်ထားလိုက်ရပြီဖြစ်ပါတယ်။

မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မြစ်ဝါမြစ်ကမ်းနံဘေးမှာရှိတဲ့ ဇန်ဇူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းတဲ့ဖြစ်

စဉ်ကြောင့် လူသုံးဦးအထိ သေဆုံးသွားခဲ့ရပြီလည်းဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *