ေက်ာင္းသားျပည္သူတရပ္လုံး ဖက္ဆစ္စစ္တပ္ျပဳတ္က်ေရး ပါဝင္ၾကရန္ မႏၲေလး တကသမ်ား တိုက္တြန္း

ေက်ာင္းသားျပည္သူတစ္ရပ္လုံးအေနနဲ႔ ဖက္ဆစ္စစ္တပ္ျဖဳတ္ဖို႔အတြက္ စစ္အုပ္စုေထာက္တိုင္ေတြကို ၿဖိဳခ်ဖို႔အတြက္ တတ္နိုင္တဲ့ က႑ကေန ပါဝင္ေတာ္လွန္ၾကဖို႔ မႏၲေလးအေျခစိုက္ တကၠသိုလ္ေက်ာင္းသားသမဂၢမ်ားက ဒီေန႔ အေရးေပၚ ေၾကညာခ်က္ထုတ္ျပန္ တိုက္တြန္းလိုက္ပါတယ္။

ေက်ာင္းသားျပည္သူအေပါင္းဟာ စစ္အာဏာရွင္ျပဳတ္က်ေရးအတြက္ ရတဲ့န ည္းလမ္းေပါင္းစုံနဲ႔ ေတာ္လွန္ေနၾကၿပီး အခုအခါ ျပည္သူ႔ေတာ္လွန္ေရးေန႔ကို ေရာက္ရွိလာၿပီျဖစ္ပါတယ္။

မႏၲေလးအေျခစိုက္ တကၠသိုလ္ေက်ာင္းသားသမဂၢမ်ားအေနနဲ႔ ဖက္ဆစ္ဆန႔္က်င္ေရးအတြက္ တပ္ဦးကေန ပါဝင္ခဲ့သလို လက္နက္ကိုင္ေတာ္လွန္ေရးမွာလည္း ထိပ္ဆုံးက ပါဝင္သြားမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စစ္အာဏာရွင္ ေတာ္လွန္ေရးအတြက္ ျမန္မာနိုင္ငံတဝန္းကို စက္တင္ဘာ ၇ ရက္ေန႔ကစလို႔ အေရးေပၚအေျခအေန ေၾကညာလိုက္ၿပီး အခ်ိန္ကာလအားျဖင့္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအာဏာ ျပန္လည္ ထူေထာင္နိုင္တဲ့အခ်ိန္အထိ သတ္မွတ္ေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရက ဒီေန႔မနက္ ထုတ္ျပန္ထားပါတယ္။crd-

————–

ကျောင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့ ဖက်ဆစ်စစ်တပ်ဖြုတ်ဖို့အတွက် စစ်အုပ်စုထောက်တိုင်တွေကို ဖြိုချဖို့အတွက် တတ်နိုင်တဲ့ ကဏ္ဍကနေ ပါဝင်တော်လှန်ကြဖို့ မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ဒီနေ့ အရေးပေါ် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ကျောင်းသားပြည်သူအပေါင်းဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ရတဲ့န ည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေကြပြီး အခုအခါ ပြည်သူ့တော်လှန်ရေးနေ့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအနေနဲ့ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် တပ်ဦးကနေ ပါဝင်ခဲ့သလို လက်နက်ကိုင်တော်လှန်ရေးမှာလည်း ထိပ်ဆုံးက ပါဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင် တော်လှန်ရေးအတွက် မြန်မာနိုင်ငံတဝန်းကို စက်တင်ဘာ ၇ ရက်နေ့ကစလို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်တဲ့အချိန်အထိ သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။

crd-

Add a Comment

Your email address will not be published. Required fields are marked *