ကျေးတောရွာရောက် ငဗစ်
|ကျေးတောရွာရောက် ငဗစ်
ကူးမှာပေါ့
လက်ဆေးကြပါ
ဆေးတာပေါ့
အယ်လယ်
ရေချိုးမှားလို့
တုပ်ကွေးပါ
ငဗစ်က မာယာများတယ်
တချို့လူတေ မဖျားဖူး
တကယ်တော့
အသက် ၉၀ နေရမယ့်သူက
၈၅ နဲ့ မသေပါဖူး
😁
ကျေးတောရွာရောက် ငဗစ်
တကယ်တော့ ငဗစ်က ကျေးလက်တောရွာတေ ရောက်ပီဆို တရွာလုံး ကူးတာဖဲ
ကူးမှာပေါ့
mask တပ်ကြပါဆို တပ်တော့ တပ်ကြပါတယ် တစ်ခါသုံး mask ကို
မစုပ်မချင်း အပြင်သွားကောက်တပ် အိမ်ရောက် ချွတ်ပီး ချိတ်ထား 😁
လက်ဆေးကြပါ
ဆေးတာပေါ့
ဒါပေ့မယ့် ဘေစင်နဲ့ ဆေးရတာ မဟုတ်ဖူး ရေအင်တုံ ရေအိုးထဲက ဖလားနဲ့ ခပ်ဆေးရတာ
ဆပ်ပြာမတိုက်ခင် ခွက်ကိုင်လိုက် ဆပ်ပြာတိုက်လဲ လက်ကြိုလက်ကြား လက်သဲခွံကြားကစ
သေချာ မတိုက်ကြတော့ စဉ်းစားကြည့်ကြပေါ့ 😁
အယ်လယ်
ငဗစ်ကူးလို ဖျားပီး ဆိုကြပါစို့
ငဗစ်နဲ့ sign & symptom အကုန်တူစေအုန်းတော့
ရေချိုးမှားလို့
တုပ်ကွေးပါ
မျက်စိမှိတ် စုံကန်ငြင်း😁
လာ စစ်ကြစို့ဆိုရင်တော့ ရန်ထောင်ခံရပီသာမှတ်တော့ 😁
ငဗစ်က မာယာများတယ်
တချို့လူတေ မဖျားဖူး
အနံ့တော့ ပျောက်သွားတယ် 😁
မဖျားဖဲ အနံ့ပျောက်တာ အိမ်လည်ရင်း စကားစပ်မိမှ သိတာ 😂
အသေအပျောက်တော့ ရှိတယ်
နာတာရှည် ရောဂါနဲ့ အဖိုးအဖွားတေက ဒဏ်ခံရဆုံးပေါ့
သန်သန် မြန်မြန်ထဲကလဲ ရှိတော့ရှိတယ် ရာနှုံးကတော့ နဲပါတယ်
တကယ်တော့
အသက် ၉၀ နေရမယ့်သူက
၈၅ နဲ့ မသေပါဖူး
ငဗစ်က သေချင်တဲ့သူကြသေပီး
တချို့ကြ ဖျားတောင် မဖျားလိုက်ပါဖူး
ကမ္ဘာပတ် မွှေလာတဲ့ ငဗစ်
ဒို့ရွာရောက်တော့ ရာသီတုပ်ကွေးပြင်းထက် မပိုပါဖူးကွာ
😁